Background
ပဲတီစိမ်း(အညာ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၇၃၇ ၇၈၉ ၂ မန္တလေး ၁ ပိဿာ ၇၆၄ ၇၈၂ ၃ ပြည် ၁ ပိဿာ ၈၁၀ ၈၃၀ ၄ မကွေး ၁ ပိဿာ ၈၁၆ ၈၁၆ ၅ မြင်းခြံ ၁ ပိဿာ ၆၇၅ ၆၇၅ ၆ အောင်လံ ၁ ပိဿာ ၈၀၀ ၈၅၀ ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အညာ)ကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၉ ကျပ် (တစ်တန်ကို ၄၈၃၁၇၅ ကျပ်)နဲ့ အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ကထိန်ပွဲကလည်းရှိနေတော့ ဈေးကွက် ထဲမှာ ပဲအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေကလည်း ပုံမှန်ထက် စာရင်နည်းသွားလို့ အရောင်းအဝယ်ထင်သလောက် မဖြစ်ခဲ့ဘူးလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ။် မကွေးဈေးကွက်မှာ ပဲတီစိမ်း ကို မန္တလေး-ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၁၆ ကျပ် (တစ် တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ။် မန္တလေး ဈေးကွက်မှာ ပဲတီစိမ်း(လတ်စ)ကို တရုတ်ဝယ်လက်က အရည် အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၇၈၂ ကျပ် (တစ်တန်ကို ၄၇၈၈၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်း (အသစ်) တွေ ဈေးကွက်ထဲ့သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေး ဝယ်လက် ကလည်း အရည်အသွေးအပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၅၀ မှ ၂၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည် ဈေးကွက်သို့ မင်းတုန်း၊ ကံမဘက်မှ ပဲတီစိမ်း(အသစ်)တွေ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်အဆွဲကလည်း ပုံမှန်အဝယ်ရှိတာကြောင့် ဈေးကွက်မှာ အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်နေတယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၀ ကျပ် (တစ်တန်ကို ၅၀၈၂၈၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၈၉၀၀၀ ၅၇၅၀၀၀၂ မုံရွာ ၁ ပိဿာ ၈၃၅ ၈၃၅၃ ပြည် ၁ ပိဿာ ၉၁၀ ၉၀၀၄ ဟင်္သာတ ၁ ပိဿာ ၉၀၀ ၈၆၅၅ မန္တလေး ၁ ပိဿာ ၈၀၀ ၈၀၀မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC)ကို အိတ်စပို့ဝယ်လက်တွေက အောက်ဈေးနဲ့ အဝယ်ရှိပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၇၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၈၈၅၀၀ ကျပ် အတွင်း တန် ၅၆၃၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယဝယ်လိုအားကောင်းတဲ့ မတ်ပဲက ဒီတစ်ပတ်မှာ အိန္ဒိယမှာ ဒီပါဝလီပွဲတော်ရက်များ ပြီးစီးသွားလို့ ဝယ်ယူမှု အနည်းငယ်အားပျော့သွားတာကြောင့် ယခုလိုဈေးတွေကျလာရတာ လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ။် မန္တလေးဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက တစ်ပိဿာကို ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်နေ့ကို အိတ် ၆၀၀ မှ ၈၀၀ ကြား ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေကြောင်း သရိ ပါတယ။် မုံံရွာဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ဒေသတွင်းစက်သမားများကသာ အဝယ်အထိုက်အလျောက် ရှိပြီး ရန်ကုန်အဆွဲအေးနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၅၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ။် ဟင်္သာတဈေးကွက် မှာမတ်ပဲ(ကုန်ကြမ်း)က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်း နေပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မျိုးအတွက် ပြန်လည်ဝယ်ယူသူများ အဝယ်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကိုအနိမ့်ဆုံး ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)မှ အမြင့် ဆုံးတစ်ပိဿာကို ၈၈၅ ကျပ်(တစ်တန်ကို ၅၄၁၉၆၅ ကျပ်)အတွင်း တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၃၀၀ ၁၂၄၁၂ မန္တလေး ၁ ပိဿာ ၁၁၇၀ ၁၁၅၃၃ မုံရွာ ၁ ပိဿာ ၁၁၅၈ ၁၁၃၂၄ မြင်းခြံ ၁ ပိဿာ ၁၁၅၀ ၁၂၀၀ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးက အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းစက်သမားများက ဝယ် အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၅၃ ကျပ်(တစ်တန်ကို ၇၀၆၀၈၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက် နဲ့ ပခုက္က္ကူဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီးက ဈေးသာရှိပြီး အရောင်းအဝယ်အေးနေကြောင်း မြို့ခံကုန်သည်များက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်အချို့၊ ဒေသတွင်း ခွဲစက်များနဲ့ မျိုးအတွက် ပြန်လည်ဝယ်ယူသူများက ဝယ်အားပုံမှန်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၀၆၇ ၁၀၄၀၂ မကွေး ၁ ပိဿာ ၁၀၃၈ ၁၀၂၇၃ ပခုက္ကူ ၁ ပိဿာ ၁၀၃၆ ၁၀၂၆၄ မုံရွာ ၁ ပိဿာ ၁၀၅၃ ၁၀၃၇၅ အောင်လံ ၁ ပိဿာ ၁၀၅၀ ၁၀၂၀၆ မြင်းခြံ ၁ ပိဿာ ၁၀၅၀ ၁၀၂၅၇ ပြည် ၁ ပိဿာ ၁၀၆၀ ၁၀၁၅၈ ရေစကြို ၁ ပိဿာ ၁၀၂၇ ၁၀၁၀ထိုင်ဝမ်(ကုလားပဲ) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ် မန္တလေးဈေးကွက်တွင် ဒီတစ်ပတ်ကုလားပဲကို မြို့ခံပဲခွဲစက်၊ ရန်ကုန်ဝယ်လက်အချို့နဲ့ အမှုန့်ကြိတ်စက်များက ပုံမှန်အဝယ်ရှိပေ မယ့် ရောင်းလက်များအရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲစက်များ၊ အမှုန့်ကြိတ်စက်များနဲ့ မြို့တွင်းလက်လီသမားများက တစ်ပိဿာကို ၁၀၃၇ ကျပ်(တစ်တန်ကို ၆၃၅၀၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်း လာကြောင်း မြို့ခံပဲကုန်သည်များက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက တစ်ပိဿာကို ၁၀၂၀ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲ ကိုဒေသခံခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိပြီး ရန်ကုန်အဆွဲပါးသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၂၇ ကျပ်(တစ်တန်ကို ၆၂၈၉၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၂၀ ၂၂၀၂ လားရှိုး ၁ ပိဿာ ၂၈၅ ၂၈၀၃ မူဆယ် ၁ တန် ၂၁၈၉၃၈ ၂၁၈၁၂၀၄ မန္တလေး ၁ ပိဿာ ၂၆၉ ၂၅၉၅ ဟင်္သာတ ၁ ပိဿာ ၃၁၈ ၃၀၀ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များလို့ဈေးကျ တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေး ဝယ်လက်အပြင် ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များကပါ ဝယ်အားပုံမှန် ရှိပေမယ့် ဈေးကွက်သို့ပြောင်းအဝင်များတာကြောင့် ယခင်အပတ်နဲ့ စာရင ် ဈေးတန့်ေ့ နတယလ့်ို သရိ ပါတယ။် အရောင်း အဝြယ်ဖစမ် ကှု တစ်ပိဿာ ၂၂၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၆၇၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆူဆယ်ဈေးကွက်မှာ ပြောင်း ကို တရုတ်ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက် မှာ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများက တစ်ပိဿာကို ၂၅၉ ကျပ်နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ် လို့ သိရပါတယ်။ လားရှိုှုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲသွက်နေပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၂၈၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၈၄၅၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၅၂၀၀၀ ၄၄၆၀၀၀၂ မန္တလေး ၁ ပိဿာ ၆၇၅ ၆၅၀၃ မုံရွာ ၁ ပိဿာ ၆၇၅ ၆၅၀၄ ပခုက္ကူ ၁ ပိဿာ ၆၇၅ ၆၄၅၅ မြင်းခြံ ၁ ပိဿာ ၆၇၀ ၆၁၀၆ အောင်လံ ၁ ပိဿာ ၆၅၅ ၆၅၀၇ မကွေး ၁ ပိဿာ ၆၅၀ ၆၅၀ပဲစင်းငုံနီကို အိတ်စပို့အဆွဲပျော့လို့ ဈေးထိုးကျ ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ ဝယ်လက်တွေက အိန္ဒိယရဲ့ ဒီပါဝလီပွဲတော်ရက်အပြီးမှာ ဝယ်အား ပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၃၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၆၀၀၀ ကျပ် အတွင်း တန် ၄၈၃၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ယခင်အပတ်က အိတ်စပို့အဆွဲသွက်လို့ ဈေးမြောက်တဲ့ အခါမှာ ရောင်းလက်များ အရောင်းများခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပဲဈေးကျလာတာကြောင့် ရောင်းလက်များ ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်း နည်းခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိပေမယ့် ဝယ်အား တော့ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ပဲစင်းငုံနီတစ်ပိဿာ ကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ ရန်ကုန်ဝယ်လက်က နေ့စဉ်အိတ် ၁၄၀၀ ခန့်အဝယ်ရှိခဲ့သလို ပဲစင်းငုံနီ (ရွှေဘို)စကိုတော့ မြို့ခံပဲခွဲစက်တွေက ခွဲခြမ်းပြုလုပ်ရန် အတွက် တစ်ပိဿာကို ၅၂၅ ကျပ်(တစ်တန်ကို ၃၂၁၅၀၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးွးဈေးကွကွက်မ် ှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေကြောင်း သိရပါတယ်။ မြင်းခြံံဈေးကွကွက်မှာတော့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲက ခပ်ပါးပါးသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကအကျဘက်မှာရှိနေတာကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၁၀ကျပ်(တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံံရွာဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်က အရောင်းသွက်တဲ့ ပဲစင်းငုံနီက ပစ္စည်းလက်ကျန်ပြတ်သလောက်နည်းသွားချိန်မှာ ဒေသခံကုန်သည်အချို့နဲ့ ရန်ကုန်ဝယ်လက် ဝယ်အားအထိုက်အလျောက်ရှိလို့သာ တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။
မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်း ကုန်သည်ကြီးများက အိန္ဒိယဈေး ကွက်မှာ မြန်မာ့မတ်ပဲဈေးမြင့်လာမှုအပေါ်အကြောင်းပြုပြီး ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတာကြောင့် ဘုရင့်နောင်၊ ပြည၊် ဟသာၤတ နဲ့ မန္တလေးမှာ ဈေးမြင့်လာပြးီ မုံရွာမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်း (အညာ)က ို အိတ်စပို့ဝယ်လက်က ပဲထွက်ရှိတဲ့ ဒေသရဲ့ ပဲအရည်အသွေးအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိတာကြောင့် မုံရွာ ၊ မန္တလေး၊ ပြည်နဲ့ မြင်းခြံမှာ ဈေးကျနေပြးီ မကွေးမှာ ဈေးအနည်းငြယ်မင့် နေတာ တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့အဆွဲ ပြန်သွက်လာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် အေးသွားပေမယ့် ပြည်တွင်းခွဲစက်များ ဝယ်အား အထိုက်အလျောက်ရှိတာကြောင့် မုံရွာနဲ့ ရေစကြိုမှာ ဈေးမဆိိုသိသလောက်မြင့်နေပြးီ ဘုရင့်နောင်မှာ ဈေးအနည်းငယ်ကျ နေကာ မြင်းခြံနှင့် မန္တလေးမှာ ဈေးတန့်နေ ကြောင်း သိရပါတယ်။ ထိုင်ဝမ် (ကုလားပဲ) ကို ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်းစက် သမားများ ဝယ်အားပုံမှန်ရှိတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ မြင်းခြံ ပြည်နဲ့ ရေစကြိုမှာ ဈေးမြင့်နေကြောင်း တွေ့ရပါတယ်။ ပြောင်းကို တရုတ်အဆွဲ အားကောင်းနေတာကြောင့် တောင်ကြီး၊ လားရှိုး၊ မူဆယ်နဲ့ ဟင်္သာတမှာ ဈေးမြင့်နေပြီး မန္တလေးမှာ ဈေးငြိမ်နေကြောင်း သိရပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲဝယ်လက်က ဈေးချအဝယ်ရှိ နေသလို ဝယ်အားပါပျော့သွားတာကြောင့် အောင်လံ ဈေးကျ နေကြောင်း တွေ့ရပါတယ်။
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၄၂ ၇၃၇ ၂ မန္တလေး ၁ ပိဿာ ၈၀၀ ၇၆၄ ၃ ပြည် ၁ ပိဿာ ၈၄၀ ၈၁၀ ၄ မကွေး ၁ ပိဿာ ၇၆၅ ၈၁၆ ၅ မြင်းခြံ ၁ ပိဿာ ၇၅၀ ၆၇၅ ၆ ပခုက္ကူ ၁ ပိဿာ - ၈၄၂ - ၇ အောင်လံ ၁ ပိဿာ - ၈၀၀ - ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးအရ ဈေးချအဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ထိပ်စ)က ဈေးကွက်မှာ ပစ္စည်း မတွေ့ရဘဲ (လတ်စ) ကိုသာ တရုတ်ဝယ်လက်က အရည်အသွေးလို နေတာကိုအကြောင်းပြပြီး ဈေးချအဝယ်ရှိနေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၆၄ ကျပ်(တစ်တန်ကို ၄၆၇၈၆၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အောင်လ်လံဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့ အဝင်နည်းနေသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိဿာကို ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၅၀ ခန့်သာ အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေး ကွက်မှာလည်း ပဲတီစိမ်းကို မန္တလေးဝယ်လက် က အရည်အသွေးလို နေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိနေသလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ။် မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ ပြည်ဈေးကွက်ကို ပဲတီစိမ်းအသစ်များ အောင်လံနဲ့ ဒေသတွင်းမြို့နယ်များက ဝင်ရောက် လာလို့ ပဲတီစိမ်း(ဟောင်း)က အရောင်းအဝယ်အေးသွားတယ်လို့ မြို့ခံ ကုန်သည်များက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လ ံ ၁ ပိဿာ ၂၀၀၀ ၁၉၅၆နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့ အဝင်ပုံမှန်ရှိ သလို တရုတ်အဆွဲကလည်း ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်ေ် နတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ (ခြုံကျော်စ) က တစ်ပိဿာ ၁၆၄၄ ကျပ် (တစ်တန်ကို ၁၀၀၆၇၆၉ ကျပ်) ၊ နှမ်းဖြူ(ရိုးရိုး)စက တစ်ပိဿာ ၁၅၄၀ ကျပ် (တစ်တန်ကို ၉၄၃၀၈၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မ် ှာ နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာ ၁၄၃၃ ကျပ် (တစ်တန်ကို ၈၇၇၅၅၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်-မန္တလေး ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ(ခြုံကျော်) စက တစ်ပိဿာ ၁၅၃၅ ကျပ် (တစ်တန်ကို ၉၄၀၀၁၈ ကျပ်)၊ နှမ်းဖြူ္ဒ (ရိုးရိုး)စက တစ်ပိဿာ ၁၃၃၅ ကျပ် (တစ်တန်ကို ၈၁၇၅၄၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေး ကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၉၅၆ ကျပ် (တစ်တန်ကို ၁၁၉၇၈၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၄၀၀ ကြား ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။