Background
အတွဲ(၁၅)အမှတ်(၅)
အတွဲ(၁၅)အမှတ်(၅)
တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးမြင့်လာ
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်နယ်စုံမှ ပြောင်းဆက် တိုက်ဝင်ရောက်မှုရှိသလို ရန်ကုန်-မန္တလေးနှင့် မူဆယ်ဝယ်လက် ကလည်း ပြောင်းရဲ့အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာ ကို ၃၆၅ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၅ သိန်းကျော် ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းအဝင် ကလည်း များတယ်။ ဝယ်လိုအားကလည်းသွက်လာတာကြောင့်တက်ဈေးမှာ အရောင်းပိုများ လာတယ်လို့ သိရပါတယ်။
အတွဲ(၁၅)အမှတ်(၅)
အတွဲ(၁၅)အမှတ်(၅)
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို export အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်လို အားပါများ လာတာကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ် (တစ်တန်ကို ၆၃၃၈၂၀ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်း အဝယ် အနေဖြင့် တစ်ပိဿာကို ၇၁၀ ကျပ်(တစ်တန်ကို ၄၃၄၇၉၀ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံထဲမှ ပဲစင်းငုံနီတစ်မျိုးထဲ သာ ရန်ကုန်အဆွဲသွက်တာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာ ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေ ဖြင့် ရန်ကုန်-မန္တလေး ဝယ်လက်နှင့် ဒေသတွင်းဆီစက်တွေက ဝယ် လိုအားပြန်လျော့သွား တာကြောင့်ယခင်ရက်သတ္တပတ်နှင့်နှိုင်း ယှဉ်ပါက ဈေးအနည်းငယ်ကျ လာကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် နှမ်းနီတစ်ပိဿာ ၂၇၅၅ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၁၅၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၇၅၅ ကျပ်ဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ်လိုအား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်း နေေ ကြာင်း ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၄၅၀ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်းပိဿာချိန် ၁၀ သိန်းခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ် တန်ကို ၅၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာကြောင်း ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ် တန်ကို ၅၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာကြောင်း ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဟင်္သာတ အနီးတစ်ဝိုက်မှ ဈေးကွက်ထဲစတင်ဝင်ရောက်နေသလို ရန်ကုန်ဝယ် လက်ကလည်း ဝင်သလောက်ဝယ်အားရှိခဲ့ကြောင်း၊ အဖွင့်ဈေးက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒေသထွက်ပဲပုပ်(သစ်)ကို ရန်ကုန်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးဖြင့်နေ့စဉ်အိတ်၂၅၀ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်ပဲလွန်းဖြူကိုလည်းရန်ကုန်ဝယ်လက်ကအရည်အသွေးပေါ်မူ တည်ပြီးဝယ်ယူတာကြောင့်ဒီတစ်ပတ်မှာဈေး အနည်းငယ်ဆင်း လာပြီး တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးဖြင့် အိတ်အနည်းငယ်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။