Main menu

Background

Friday, 6 Feb 2015

အတွဲ(၁၅)အမှတ်(၅)

တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးမြင့်လာ
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်နယ်စုံမှ ပြောင်းဆက် တိုက်ဝင်ရောက်မှုရှိသလို ရန်ကုန်-မန္တလေးနှင့် မူဆယ်ဝယ်လက် ကလည်း ပြောင်းရဲ့အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာ ကို ၃၆၅ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၅ သိန်းကျော် ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ ပြောင်းအဝင် ကလည်း များတယ်။ ဝယ်လိုအားကလည်းသွက်လာတာကြောင့်တက်ဈေးမှာ အရောင်းပိုများ လာတယ်လို့ သိရပါတယ်။

Friday, 25 Jul 2014

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို export အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်လို အားပါများ လာတာကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ် (တစ်တန်ကို ၆၃၃၈၂၀ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်း အဝယ် အနေဖြင့် တစ်ပိဿာကို ၇၁၀ ကျပ်(တစ်တန်ကို ၄၃၄၇၉၀ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။

Friday, 25 Jul 2014

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံထဲမှ ပဲစင်းငုံနီတစ်မျိုးထဲ သာ ရန်ကုန်အဆွဲသွက်တာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာ ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေ ဖြင့် ရန်ကုန်-မန္တလေး ဝယ်လက်နှင့် ဒေသတွင်းဆီစက်တွေက ဝယ် လိုအားပြန်လျော့သွား တာကြောင့်ယခင်ရက်သတ္တပတ်နှင့်နှိုင်း ယှဉ်ပါက  ဈေးအနည်းငယ်ကျ လာကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် နှမ်းနီတစ်ပိဿာ ၂၇၅၅ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၁၅၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၇၅၅ ကျပ်ဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
 

Friday, 25 Jul 2014

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ်လိုအား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်း နေေ ကြာင်း ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၄၅၀ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်းပိဿာချိန် ၁၀ သိန်းခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages