Background
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်ကစားမည့် စင်ကာပူလက်ရွေးစင် ဘောလုံးအသင်းတွင် နာမည်ကြီး ကစားသမားများဖြစ်ကြသည့် ရှောက် ကျားယီ၊ အဂူကက်ရှ်မီးယားစသည့် ကစားသမားများအပါအဝင် ဂိုးသမား(၃) ဦး၊ ကစားသမား (၂၀)ဦးနှင့် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်(၈)ဦး လိုက်ပါလာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့်စင်ကာပူလက်ရွေးစင်အသင်းတို့၏ခြေစမ်းပွဲ ကို စက်တင်ဘာလ ၁၁ရက်နေ့ညနေ ၄နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အဆိုပါယှဉ်ပြိုင်ကစားပုံများကို For Sports နှင့် Channel-7 ရုပ်သံလိုင်းများ မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏နည်းစနစ်ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်အောင် က ပြည်တွင်းမှ ကစားသမားများအနေဖြင့် နိုင်ငံခြားသားကစားသမားများ ထက်ပိုမိုသာလွန်အောင် ရည်မှန်းချက်ထားပြီး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသို့ပူးတွဲလေ့ကျင့်ရေးနှင့်ခြေစမ်းပွဲများသွားရောက်ကစားနေ သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ပထမဆုံးကစားခဲ့သည့်ခြေစမ်းပွဲ အူရာဝါရက်ဒိုင်းမွန်းအသင်းအား ငါးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လ ၁၉ရက်နေ့က ရတနာပုံအသင်း၏အိမ်ကွင်း ဗထူးကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံ-ဇေယျာရွှေမြေအသင်းတို့၏ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များအတွက် အိမ်ရှင်ရတနာပုံအသင်းအား စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ဒဏ်ကြေး ကျပ် သုံးသိန်းတိတိပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မောရဝတီအသင်းမှ အသင်းခေါင်းဆောင် ဝိုင်းချစ်အောင်က ၎င်းတို့အသင်း အနေဖြင့် တန်းဆင်းရမည် ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သေသေချာ ချာပြောကြားထားခြင်းမရှိသေးကြောင်း ဇွဲကပင်အသင်းအား ၁-ဝဂိုးဖြင့် ရှုံး နိမ့်ခဲ့သည့်ပွဲအပြီးတွင် Channel-7 ရုပ်သံလိုင်းမှတစ်ဆင့်ပြောကြားခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ကလပ် ဘော်လတန်အသင်းကွင်းလယ်လူဟောင်း ဂျပန်လက် ရွေးစင်ဘောလုံးသမားေ ဟာင်းဖြစ်သူ နာကာတာသည် ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်း တွင် လေ့ကျင့်မှုများပြုလုပ်နေ သည့် မြန်မာ့လက် ရွေးစင်အမျိုးသမီးအသင်းနှင့် ယူ-၁၉အမျိုးသားအသင်းတို့ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့်အတူ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဌာနခွဲတာဝန်ခံတစ်ဦးဖြစ်သည့် ဦးကိုကိုသိန်း သည် လာမည့်အာဆီယံ ယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် လက်ထောက်အထွေ ထွေညှိနှိုင်းကြီးကြပ်သူအဖြစ် အာဆီယံဘောလုံးအဖွ့ဲချုပ်၏ တာဝန်ပေးအပ် ခြင်းခံရကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အနာဂတ်ဘောလုံးလောကအတွက် ကျင်းပပြုလုပ်သည့် အသက် ၁၂နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် အသုံးပြု ရန် No.4 Size ဘောလုံး ၆၀၀ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကျူပီအာအသင်းသည် အသင်း၏ခေါင်းဆောင်အဖြစ် မန်ယူအသင်းမှ ခေါ် ယူခဲ့သည့်တောင်ကိုရီးယားတိုက်စစ်မှူး ပက်ဂျီဆန်အား ခန့်အပ်လိုက်ကြောင်း သိရသည်။
အာရှယူ-၂၂ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် ခြေစစ်ပွဲအောင်မြန်မာယူ-၂၂ အ သင်းအား မလေးရှားအသင်းမှ အာရှဘောလုံးအဖွဲ့ချုပ် ထံသို့ ကန့်ကွက်စာ တင်ပို့သည့်အတွက် နိုင်ငံတကာသတင်းစာမျက်နှာများထက်တွင် စွပ်စွဲမှုများ ဖြစ်ပေါ်နေသော် လည်း ပြဿနာတစ်စုံတစ်ရာရှိလာနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားလိုက် သည်။
- စင်ကာပူဖလားပြိုင်ပွဲကွာတားဖိုင် နယ်တွင် တွေ့ဆုံရမည့်ဖိလစ်ပိုင် ကလပ်လိုယိုလာမာရယ်ကိုအသင်း အားအနိုင်ယူပြီး ဆီမီးသို့တက်ရောက် နိုင်မည်ဟု ကမ္ဘောဇအသင်းနည်း ပြချုပ်ဆီဗာဂျီကပြောကြားသည်။- တရုတ်နိုင်ငံတွင်ကျင်းပမည့် အာရှ ကလပ်အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အေးရှားဝေါလ်အသင်းမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (JFA)နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ပူးပေါင်းဆောင်ရွက်မှုအရ ဂျပန်နိုင်ငံ JFA Academy Fukuyama နည်းပြ နှစ်ဦးနှင့်ကစားသမားငါးဦးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ လာရောက် လေ့လာခဲ့ကြောင်း သိရသည်။
မတ်လ ၃၀ရက်နေ့က မုံရွာကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဇေယျာရွှေမြေ- ရက္ခပူရပွဲစဉ်အား ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဦးတင်နိုင်ထွေးနှင့် အကူဒိုင်လူကြီး ဦးနိုင်ကိုဟုတ်တို့အား ဒိုင်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ပွဲပယ်ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။