Main menu

Background

ပဲမျိုးစုံသတင်း

ပခုက္ကူ ကုန်စည်ဒိုင်တွင် ကြက်သွန်နီနှင့် ပဲစင်းငုံ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

Mon, 05/06/2024 - 12:15 -- journal_editor

ကြက်သွန်နီ 
ပခုက္ကူခရိုင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများ ဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာနှင့် ပခုက္ကူကျွန်းတို့မှ ဆောင်းစိုက်(ပင်စိုက်)များ စတင်ထွက်ရှိနေသည်။ ဧပြီလ ပထမပတ်တွင် ကြက်သွန်နီဈေးမှာ အနည်းငယ်ကျနေခဲ့သော် လည်း   ဧပြီလ  စတုတ္ထပတ်တွင်   ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်  တက်နေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရသည်။

ဆောင်းသီးနှံ ကျွန်းစားတော်ပဲ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Mon, 05/06/2024 - 12:14 -- journal_editor

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ အနက်မှ ဆောင်းသီးနှံကျွန်းစားတော်ပဲ ကို   ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် သီးညှပ်စိုက် ခင်းအပြင် သီးသန့် စိုက်ပျိုးမှုကိုလည်း နှစ်စဉ် စိုက်ပျိုးကြောင်း သိရသည်။ 

နတ်တလင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသောကုလားပဲလုံး၊ ပဲခြမ်း၊ ပဲမှုန့်ဈေးနှုန်းအခြေအနေ

Mon, 05/06/2024 - 12:02 -- journal_editor

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ကုလားပဲနှင့် ပဲခြမ်း၊ပဲမှုန့်ဈေးနှုန်းများမှာ ဧပြီလတစ်လလုံးတွင် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိနေသည်။ဧပြီလစတုတ္ထပတ်တွင် ကုလားပဲအလုံး တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ၊ ကုလားပဲခွဲခြမ်းစိမ်း တစ်ပိဿာလျှင်ကျပ် ၆၁၀ဝ၊ ပဲမှုန့်စိမ်းတစ်ပိဿာလျှင် ကျပ် ၆၆၀ဝ၊ ပဲမှုန့် အကျက်တစ်ပိဿာလျှင် ကျပ် ၆၉၀ဝ နှုန်းဖြင့် ရောင်းချနေသည်။ ယခုရောင်းချသောဈေးနှုန်းမှာ လက်လီဈေးနှုန်းများသာဖြစ်ပြီး ငါးပိဿာနှင့်အထက် ဝယ်ယူလျှင် လက်ကားဈေးမှာ ကုလားပဲ (အလုံး) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ကုလားပဲ (ခွဲခြမ်းစိမ်း) တစ်ပိဿာလျှင် ကျပ် ၅၉၀ဝ နှုန

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 05/06/2024 - 11:58 -- journal_editor

ပြည်ခရိုင် ပြည်မြို့နယ်ရှိ ပြည်ကုန်စည်ဒိုင်သည် လမ်း ပန်းဆက်သွယ်အချက်အချာကြသည့် မြို့တွင်ရှိသောကြောင့် ပဲမျိုးစုံ အရောင်းအဝယ်သွက်လျက်ရှိသည်။
မတ်ပဲ
ဧပြီလပထမပတ်တွင် မတ်ပဲဈေးပြန်တက်လာပြီး ပဲ တစ်တင်းလျှင် ကျပ် ၉၈၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက် လျှင် အိတ် ၂၀ဝ ခန့် အဝယ်ရှိသည်။ ဧပြီလနောက်ဆုံးပတ် တွင် မတ်ပဲတစ်တင်းကို  ကျပ် ၁၀၁၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၅၀ခန့်ရှိသည်။
ပဲစင်းငုံ

ပြည်ဈေးကွက်၌ ဈေးပြိုင်မြင့်တက်နေသော မတ်ပဲနှင့် ပဲစင်းငုံသီးနှံ၏ နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေ

Mon, 05/06/2024 - 11:56 -- journal_editor

ပြည်ပဲမျိုးစုံဈေးကွက်အတွင်း   ပြည်ပပို့ကုန်ပဲဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းစသည့် သီးနှံများတွင် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများ၏ ဈေးနှုန်းများဈေးအမြင့်ဖြင့် ရောင်းဝယ်နေပြီး နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့ကြသော်လည်း ပဲတီစိမ်းသီးနှံသည် ပဲအဝင်မရှိဘဲ အရောင်းအဝယ် မဖြစ်သလောက် အရောင်းအေးသွားခဲ့ကြောင်း သိရသည်။ 

မကွေးတိုင်းဒေသကြီးမှ ပဲဈေးကွက်

Mon, 04/01/2024 - 09:57 -- journal_editor

ကုလားပဲ 
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်၌ နှမ်း၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မြေပဲ၊ ပဲစင်းငုံ၊ နေကြာ၊ ပြောင်း၊ ဝါ၊ ကြက်သွန်နီနှင့်  အခြားသီးပင်စားပင်များ စိုက်ပျိုးထွက်ရှိပြီး ဆောင်းသီးနှံကုလားပဲမှာ ၂၀၂၃-၂၀၂၄ဘဏ္ဍ နှစ်အတွက် စိုက် ဧက ၁၀ဝ၀ဝ ကျော်  စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရှိရသည်။

မန္တလေး ကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့် ပို့ကုန်ပဲများ အရောင်းအဝယ်အေးနေ

Mon, 03/04/2024 - 09:51 -- journal_editor

ဖေဖော်ဝါရီလ  နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့  မြင်းမူ၊ အောင်လံဒေသမှ မြေပဲဆန်များဝင်ရောက်နေပြီး ဈေးအေးနေကြောင်း သိရသည်။ မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုအေးခြင်းကြောင့် မြေပဲဆန်တစ် ပိဿာလျှင် ကျပ် ၁၀ဝ မှ ၄၀ဝ ထိ နိမ့်ကျလာပြီး ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှုအေးနေသောကြောင့်  ှ၁ဆီဆန် တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက် ကျပ်  ၂၀ဝ မှ ၇၀ဝ ထိနိမ့်ကျလာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ရက်သတ္တပတ်အတွင်း ပဲတန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်ပို့

Mon, 02/05/2024 - 09:49 -- journal_editor

မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများကို ပြည်ပ နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း တွင် အမေရိကန်ဒေါ်လာ ၂၃ဒသမ၄၂၉ သန်းတန်ဖိုးရှိ ပဲတန် ချိန်ပေါင်း ၂၆၈၆၀ ခန့်တင်ပို့ခဲ့ကြောင်းသိရသည်။ 
မတ်ပဲ

Pages

Subscribe to RSS - ပဲမျိုးစုံသတင်း