Background
နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှ မန္တလေးနဲ့ မိတ္ထီလာတို့က စုဆောင်းရရှိတဲ့ အေးခဲအမဲသား များကို တစ်ဘက်နိုင်ငံကို တင်ပို့နေရာမှာ သြဂုတ်လ ၁၇ မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၇၂၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၂၂၉ တန်ခန့်ကိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ် က ၁၇၇ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၈ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နယ်စပ် အလိုက် အေးခဲအမဲသားတင်ပို့မှုတွေကတော့ မူဆယ်မှ ၈၁ တန်နဲ့ ချင်းရွှေဟော်မှ ၁၄၈ တန်ခန့် ဖြစ်ရာ မူဆယ်မှ ၂ တန်၊ ချင်းရွှေဟော်မှ ၈၆ တန် အသီးသီး ယခင်အပတ်က ထက် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ် ပါတယ်။ မူဆယ်မှ အေးခဲ အမဲသားအပြင် ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမဝ၄၅ သန်းတန်ဖိုးရှိ ကွဲျနွားသားရေအစို ၇၉ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၉၈ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။
ထိုင်းခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက် ၂ဝ၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ မဲခေါင်မြစ်ဝှမ်း ဒေသ၊ အီဆန်ဒေသနဲ့ မြောက်ပိုင်းဒေသများမှာ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဈေးကွက် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နံှမှုလုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲမှုနဲ့အညီ ထိုင်းခရီးသွားလုပ်ငန်းရှင်များ အသင့်ဖြစ်နေစေရန် ပြင်ဆင်ထားရမယ်လို့ ချင်းရိုင်းခရိုင်ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူး နန်းဟတ်ချရီကာဗနီဆင်က ပြောကြားခဲ့ပါတယ်။ အာဆီယံ၊ တောင်အာရှ၊ တောင်ပစိဖိတ်ဈေးကွက်နဲ့ ထိုင်းမြောက်ပိုင်းတို့ရှိ ခရီးသွားလုပ်ငန်း ၈ခုတို့ ပူးပေါင်းပြီး (Greater Mekong Subregion) မဟာမဲခေါင်မြစ်ဝှမ်းဒေသအဖွဲ့ဝင်နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်း ဈေးကွက်တိုးခဲျ့ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ်ကျင်းပပြုလုပ်သတ်မှတ်ခဲ့တယ်လို့ သူကဆိုပါတယ်။ လာမဲ့ သြဂုတ် ၂၅ရက်နဲ့ ၂၆ ရက်နေ့များမှာ ချင်းရိုင်းခရိုင်၊ မဲဖာလုံးတက္ကသိုလ်ရှိ ဝနာစဝမ်အစည်းအဝေးခန်းမမှာ ထိုင်းနိုင်ငံအလယ်အလတ်နဲ့ အသေးစား(SMEs) ခရီးသွားလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်သွား မယ်လို့ ထိုင်းရတ်သတင်းစာမှာ ဖော်ပြထားပါတယ်။ Source: ထိုင်းရတ်သတင်းစာ၊ကျော်ဆန်းထွန်း
စစ်တွေမှ ရေထွက်ကုန် ၁၆၅ တန် တင်ပို့ စစ်တွေနယ်စပ်မှ သြဂုတ်လ ၁၇ ရက်မှ သြဂုတ်လ ၂၃ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့မှု ရေချိုငါး ၁၅၈ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၃ဝ သန်း၊ ရေငန်ပုစွန် ၅ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၃၅ သန်းနှင့် ငါးနီတူ ခြောက် ၂ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၁၁ သန်း၊ စုစုပေါင်း ၁၆၅ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၆၆ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၃၆၃ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၃၂ သန်းတင်ပို့နိုင်ခဲ့ပြီး၊ ယခု အပတ်မှာ တန်ချိန် ၁၉၈ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ရေထွက်ပစ္စည်းရဲ့ မိမိဘက်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် ရေထွက်ကုန် ယခုအပတ် ယခင်အပတ် ပြောင်းလဲမှု ရာခိုင်နှုန်းရေချိုငါး ၉၃ဝ-၁၉ဝဝ ၇၇၅-၁၄၂၈ ၁၅၅ - ၄၇၂ ၁၇ - ၃၃ရေငန်ပုစွန် ၄၂ဝဝ-၁၃၆ဝဝ ၄၂ဝဝ-၁ဝ၅ဝဝ - - ၃၁ဝဝ - - ၃ဝ
ကဏန်း နဲ့ ရေငန်ငါးမျိုးစုံ ယခုအပတ်မူဆယ်မှ ပိုမိုတင်ပို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ရေထွက်ကုန် ကုန်စည်ဒိုင်မှ သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလ အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄ဝ၂ သန်း တန်ဖိုးရှိ ငါးရှဉ့် ၂၅၈ တန်ခန့်၊ ကဏန်း ၁၅၅ တန်ခန့်နဲ့ ရေငန်ငါး မျိုးစုံ ၃၉ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုနဲ့ နှိုင်း ယှဉ်လျှင် ကဏန်း ၂၅ တန်နဲ့ ရေငန်ငါးမိုျးစုံ ၃၆ တန် တင်ပို့မှုပိုမိုခဲ့ပြီး ငါးရှဉ့်တင်ပို့မှုကတော့ တန် ၆ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်ဈေးမြင့်သော် လည်း ကဏန်းဈေးမှာမူ ဈေးလျော့နေပါတယ်။ အရည် အသွေး၊ ကုန်အတက် အနည်းအများပေါ်မူတည်ပြီး ဈေး အတက် အကျရှိနေတာဖြစ်ပါတယ်။ ယခုအပတ် ရေထွက် ကုန် ငါးရှဉ့်နဲ့ ကဏန်းဈေးများကို ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၂၂၅၆ဝဝဝ ၂၁ဝ၄၆၉ဝ ၁၅၁၃၁ဝ ၇ ၃၂ဝဝ ၂၈ဝဝ ၃၉ဝ ၁၄ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၂၂၂ဝ၇၅ဝ ၂၅၂၄၁၃ဝ ၃ဝ၃၃၈ဝ ၁၄ ၃၁၅ဝ ၃၃၇ဝ ၂၂ဝ ၇၂ဝဝ-၂၅ဝ ဂရမ် ၂ဝ၇၉၇၅ဝ ၂၃၇၄၃၃ဝ ၂၉၄၅၈ဝ ၁၄ ၂၉၅ဝ ၃၁၇ဝ ၂၂ဝ ၇၁၅ဝ-၂ဝဝ ဂရမ် ၁၉၃၈၇၅ဝ ၂၂၂၄၅၃ဝ ၂၈၅၇၈ဝ ၁၅ ၂၇၅ဝ ၂၉၇ဝ ၂၂ဝ ၈၁ဝဝ-၁၅ဝ ဂရမ် ၁၈၃၃ဝဝဝ ၂၁၁၂၁၈ဝ ၂၇၉၁၈ဝ ၁၃ ၂၆ဝဝ ၂၈၂ဝ ၂၂ဝ ၈MIRT(DOBT)
ယခုအပတ် ချင်းရွှေဟော်မှလည်း ပရဆေးကုန်ကြမ်းအပို့ရှိ သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၃ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကျပ် ၃ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများဖြစ်တဲ့ ဒရင်ကောက်မြစ် ၁၅ တန်နဲ့ တောဂျင်း ၁ဝ တန်အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ ပရဆေးတင်ပို့မှုဟာ ယခင် အပတ်ကဲ့သို့ တန် ၃၂ဝ ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့ခြင်းမရှိတဲ့ အုံတုံခေါက်၊ နနွင်းခေါင်း၊ ကျောက်ဂျင်း၊ တောင်လုံးကျော်၊ နေလဲစေ့နဲ့ ရွေးရွက် များကို ယခုအပတ်မှာတင်ပို့မှုရှိပြီး ဒရင်ကောက်မြစ်၊နနွင်းတက် (ရှမ်းစ)၊ မာလာဥ ခေါင်းများကို ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မာလာဥ၊ ကွမ်းစား ဂမုန်း၊ စကားပန်းပွင့်ခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့နဲ့ တောချင်း များတော့ ယခင်အပတ်ကထက် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ တောင်လုံးကျော် ၂ တန်ခွဲနဲ့ မင်သော် တန်ဝက်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်းဖိုး အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်ကတော့ ဖာလာ၊ ဇာတိပ္ဖိုလ်သီး၊ မင်သော်နဲ့ ရှိန်းခိုစသဖြင့် အမယ် ၄ မယ်ခန့် အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၅၇၄၇၅၃ ၅၁ဝဝ ၆ဝ၇၄၅၃ ၅၂ဝဝပြောင်းဖူးစေ့ တန် ၁၉၅၈၉၅ ၁၇ဝဝ ၂ဝ၈၇၆၉ ၁၈၄ဝနှမ်းဖြူ တန် ၈၆၄၅၁၄ ၇၅ဝဝ ၈၃၅၁၈၂ ၇၅ဝဝ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မိုျးစုံ ကီလို ၁၃ဝဝ ၁ဝဝ ၁၃ဝဝ ၁ဝဝဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈
မူဆယ်နယ်စပ်မှ ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ အပို့ပို မူဆယ် ၁ဝ၅ မိုင် ရေထွက်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် ရေထွက်ကုန် ငါးရှဉ့်၊ ကဏန်းနဲ့ ရေငန်ငါး မျိုးစုံများကို ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ငါးရှဉ့် ၄၄ တန်နဲ့ ရေငန် ငါးမျိုးစုံ ၃၈ တန်ကျော် ယခင်အပတ်ကထက် ပိုမိုတင်ပို့ နိုင်ခဲ့ပြီး ကဏန်းတင်ပို့မှုမှာတော့ ၁၇ တန် လျော့နည်း တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုအပတ် ရေထွက် ကုန် တင်ပို့နိုင်မှုတွေကတော့ ကန်ဒေါ်လာ ဝ ဒသမ ၁၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၁၈ တန်ခန့်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၈၁ သန်းတန်ဖိုးရှိ ဂဏန်း တန် ၁၃ဝ ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ တန်ဖိုးရှိ ရေငန်ငါးမိုျးစုံ ၇၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ မိမိဘက် ကဏန်းဈေး ကျနေပေမဲ့ တစ်ဖက်နိုင်ငံဈေး အနည်းငယ်တက်နေပါတယ်။ ငါးရှဉ့် ဈေးကတော့ မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါ ဈေးပိုရနေပါတယ်။ ကုန်တက်နဲ့ ပစ္စည်းအရည်အသွေးကို မူတည်ပြီး ရေထွက်ကုန်ဒိုင်က ကြားခံဈေး သက်မှတ်ပေး နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ငါးရှဉ့် ၂၁ဝ၄၆၉ဝ ၁၉၃၂၅ဝဝ ၁၇၂၁၉ဝ ၈ ၂၈၁ဝ ၂၅ဝဝ ၃၁ဝ ၁၁ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၂၅၂၄၁၃ဝ ၂၅၄၃၁၇ဝ ၁၉ဝ၄ဝ ဝ .၇ ၃၃၇ဝ ၃၂၉ဝ ၈ဝ ၂၂ဝဝ-၂၅ဝ ဂရမ် ၂၃၇၄၃၃ဝ ၂၃၈၈၅၇ဝ ၁၄၂၄ဝ ဝ .၆ ၃၁၇ဝ ၃ဝ၉ဝ ၈ဝ ၃၁၅ဝ-၂ဝဝ ဂရမ် ၂၂၂၄၅၃ဝ ၂၂၃၃၉၇ဝ ၉၄၃၅ ဝ .၄ ၂၉၇ဝ ၂၈၉ဝ ၈ဝ ၃၁ဝဝ-၁၅ဝ ဂရမ် ၂၁၁၂၁၈ဝ ၂၁၁၈ဝ၂ဝ ၅၈၄ဝ ဝ .၃ ၂၈၂ဝ ၂၇၄ဝ ၈ဝ ၃MIRT(DOBT)
ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်း ထိန်းချုပ်သတ်မှတ်ပေးသွားမည် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ ဝက်သားတစ်ကီလိုကို ဘတ် ၁၅ဝ မှ ၁၆ဝ ဈေးမြင့်တက်လာပြီး ရောင်းအား ၅ဝ ရာခိုင် နှုန်းခန့်ထိကျဆင်းသွားတဲ့အတွက် ချင်းရိုင်းဈေးမှာ ဝက်သားရောင်းသူများအား ထိခိုက်တဲ့အပြင် စားသုံးသူပြည်သူများလည်း အဆမတန်ဈေးကြီးပေးဝယ်နေကြရပါတယ်။ ဒါ့ကြောင့် သြဂုတ်လ ၁၄ ရက်မှ ၂၂ ရက်ထိကာလအတွင်း ဝက်သားမရောင်းဟု ကြေညာခဲ့ကြတယ်လို့သိရပါတယ်။ ကုမ္ပဏီကြီးများက ဝက်သား ၁ ကီလိုဘတ် ၂၅ဝ နှုန်းနဲ့ အိမ်နီးချင်းနိုင်ငံများကို တင်ပို့ နေတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝက်သားပြတ်လတ်နေရတာဖြစ်ပါတယ်။ ဝက်သားရောင်းချမှုအားအစိုးရက ထိန်းချုပ်ပေးမှုမရှိဘဲ ယခုအတိုင်းဆက်လက်ဖြစ်ပွားနေပါက နောင်တစ်ချိန်တွင် ဝက် မွေးမြူရေးသမားများအတွက် အခက်အခဲရှိနိုင်ပြီး ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ် ဈေးနှုန်းခုျပ်ကိုင်သတ်မှတ် လာနိုင်ဖွယ် ရှိတယ်လို့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်များကဆိုကြပါတယ်။ သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းမှာ ချင်းရိုင်းခရိုင်၊ ဟော့ဝိန်းရပ်ကွက်၊ ချာခမ်းဘန့်ဆန်နှောင် စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင် ၈ဝ ဦးခန့် စုရုံးစည်းဝေးခဲ့ကြပြီးနောက် ယခုလို စီးပွားရေးကျဆင်းနေချိန်မှာ ပြည်သူများ ဝက်သားဈေးကြီးပေးဝယ်စားရခြင်းမရှိစေရန် ဝက်သားရောင်းဝယ်တဲ့ လုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်းကို သတ်မှတ် ပေးသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကုမ္ပဏီကြီးများက ဝက်သားဈေးကွက်အား လက်ဝါးကြီးအုပ်ပြီး ဝက်မွေးမြူသူများထံက ဈေးနှိမ်ဝယ်ယူကာ ပြည်ပသို့ တင်ပို့ရောင်းချနေတာကြောင့် ဝက်မွေးမြူမှုမှာ ဝင်ငွေလျော့နည်းထိခိုက် လာနိုင်ခြင်း၊ ပြည်တွင်းစားသုံးရန် လုံလောက်မရှိသဖြင့် ဈေးကြီးပေးဝယ်စားရခြင်းတို့ကြောင့် လုပ်ငန်းရှင်များ စုပေါင်းပြီးဝက်သားဈေးနှုန်းထိန်းချုပ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ Source: ထိုင်းရက်သတင်းစာ၊ကျော်လင်းထွန်း
တရုတ်နယ်စပ်မှ အေးခဲ အမဲသားအပြင် ကွဲျနွားသားရေဆားနယ်အစို အပို့ရှိ သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၄၄ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၃၇ တန်အပို့ ရှိခဲ့ပါတယ်။ မူဆယ်မှ ၇၉ တန်ခန့် နဲ့ ချင်းရွှေဟော်မှ ၆၁ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ထက် မူဆယ်မှ ၇ တန်ကျော်ပိုပို့နိုင်ခဲ့ပေမယ့် ချင်းရွှေဟော်မှ ၇၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ မိုးသည်းထန်တဲ့အတွက် ချင်းရွှေဟော်တောင်တက်လမ်းမှာ လမ်းပန်းဆက်သွယ်ရေးအရ ကုန်တက်နည်း နေတာကြောင့် အေးခဲအမဲသားတင်ပို့မှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ် အေးခဲအမဲသားအပြင် ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ကွဲျနွားသားရေဆားနယ်အစို ၁၇၇ တန်ကို မူဆယ်မှ တင်ပို့နိုင်ခဲ့ပါသေးတယ်။ ဧပြီလမှစပြီး လအလိုက် နယ်စပ်မှ အေးခဲအမဲသား တင်ပို့နိုင်မှုကို ဖော်ပြ ပေးလိုက်ရပါတယ်- တန်ချိန် တန်ဖိုး (ကန်ဒေါ်လာသန်း)ဧပြီ ၇၅၂ ၂ .၁၈၅မေ ၇၆ဝ ၂ .၂ဝ၃ဇွန် ၃၁၅ ဝ .၉၂၇ဇူလိုင် ၄၆၉ ၁ .၇၆ဝသြဂုတ် (၁ရက်မှ ၁၆ ရက်ထိ) ၂၈၇ ဝ .၉၁၆MIRT(DOBT)
ယခုအပတ် နယ်စပ်မှ ပရဆေးကုန်သွယ်မှုပိုမို ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၆ဝဝ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန် ၃၂ဝ ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ၁၂၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မာလာဥ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့နဲ့တောဂျင်းတို့ပဲဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကွမ်းစားဂမုန်း၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့များကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး မာလာဥသာ ယခင်အပတ် တင်ပို့မှုထက် လျော့ နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ဒရင် ကောက်မြစ်၊ ချဉ်ပေါင်ဖာလာ၊ စကားပန်းပွင့်ခြောက်၊ မာလာဥခေါင်း၊ ကြောင်လျှာ စေ့နဲ့ တောဂျင်းများလည်း တင်ပို့မှုရှိခဲ့တာဖြစ်ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းတန်ဖိုးရှိ ဖာလာ ဝ ဒသမ ၇ တန်၊ ဇာတိပ္ဖိုလ်သီး ဝ ဒသမ ၂ တန်၊ မင်သော် ၂ တန်နဲ့ ရှိန်းခို ၁ ဒသမ ၄၄ တန်၊ စုစုပေါင်း ၄ ဒသမ ၃၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကနဲ့ နှိုင်းယှဉ်လျှင် တင်သွင်းမှု ပမာဏနည်းသော်လည်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်းဖိုးပိုမိုခဲ့ပါတယ်။MIRT(DOBT)