Background
တမူးနယ်စပ်တွင်ကုန်သွယ်မှုများ မှာ ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ် ရောင်းဝယ်ခြင်း (Barter System) ကို သာဆောင်ရွက်မှုများတဲ့အတွက်မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ပြန်လည် ရယူလိုသော သွင်းကုန်ပစ္စည်း မရှိက ငွေရရှိရန်အချိန်ကြာမြင့်စွာစောင့်ဆိုင်းရ လေ့ရှိတယ်လို့သိရပါတယ်။
ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်နေ့ထိကာလအတွင်းမှာမြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၃၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၇၆၄ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန် မှ ကန်ဒေါ်လာ ၁ ဒသမ ၈၃၂ သန်းဖိုး ရှိ ကဏန်း ၂၁၉ တန်ကျော်၊ ငါးရှဉ့် ၃၀၉ တန်ခန့်၊ ရေခဲငါး ၇၅ တန်ကျော်၊ ငါးဆားနယ် ၁၇ တန်ကျော် တင်ပို့ခဲ့ ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံမှရေချိုငါးဖြစ်သော ငါးမြစ်ချင်း၊ ငါးခေါင်းပွတို့ကို ပုံမှန်အဝယ်လိုက်လျက် ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လမှာ ငါးလှေ (၅) စီးဖြင့် ငါးမြစ်ချင်းကီလို ၃၆၄၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၃၆၉၆၀၀ ကျော်လောက်တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်များဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် နဲ့ ချင်းရွှေဟော်ကူး သန်းရောင်းဝယ်ရေးစခန်းများမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်နေ့ထိကာလအတွင်းမှာ အချိုမှုန့် များပြည်တွင်းဈေးကွက်ထဲကို မူဆယ် နယ်စပ်မှ ၂၆၈ တန်၊ ချင်းရွှေဟော် နယ် စပ်မှ ၂၈၇ တန်ကျော်၊ စုစုပေါင်း ၅၅၅ တန်ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၅၅၆ သန်းတင်သွင်းလာ တာ တွေ့ရပါတယ်။
နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း တွင် မူဆယ်လမ်းကြောင်းတစ်ကြောင်း သာအားထားနေရခြင်းကြောင့်လိုင်းပြေး ဆွဲသည့်ကားများနှင့်ခရီးသည်ရရှိမှုနည်း နေကြောင်းရွှေလီဦးခရီးသည် ပို့ဆောင် ရေး မှသိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁ ဒသမ ၄၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၃၂၄ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ် ပါက ၃၅ တန်နီးပါးလျော့နည်း တင်ပို့ခဲ့ ပါတယ်။
မုံရွာ၊ မန္တလေး၊ လားရှိုးမြို့များကို ဖြတ်ပြီးမူဆယ်၁၀၅ မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ တရုတ်နိုင်ငံသို့တင်ပို့ခဲ့တဲ့ကုန်စည်တွေ ကတော့ ပြောင်းဖူးစေ့ ၁၅၈၉ စီး ၃၅၁၇၁ တန်၊ နာနတ်သီး ၈၆ စီး ၇၇၆ တန်၊ သခွားမွှေး ၅ စီး ၃၆ တန်၊ နှမ်းဖြူ ၁၅၉ စီး ၃၇၇၁ တန်၊ နှမ်းညို ၁၂၂ စီး ၂၉၀၄ တန်၊ နှမ်းနက် ၁၂၆ စီး ၃၂၉၅ တန်၊ နှံစားပြောင်း ၃၂ စီး ၇၀၅ တန်၊ ကောက်ညှင်းဆန် ၃၅ စီး ၆၂၆ တန်၊
ယခုအပတ် ဇူလိုင်လ ၂၄ ရက်မှ ၃၀ ရက်ထိတာ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန်နဲ့ ချင်း ရွှေဟော် ကူးသန်းရောင်းဝယ်ရေး စခန်း မှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၉၅၉ တန်ခန့် တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
မူဆယ် ၁၀၅မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၃၀ ရက်ကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၃၂၇ သန်း တန် ဖိုးရှိ ကြက်သွန်နီ ၈၂၃ တန်တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါ က ၅၉၇ တန်နီးပါး လျော့နည်း တင်ပို့ခဲ့ပါ တယ်။
ယခုနှစ်မှာစင်ကာပူနဲ့ ဟောင် ကောင် နိုင်ငံသို့ စိန်တလုံး သရက်သီး တန်ချိန် ၁၁၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်နှစ်က တန် ၂၀ သာတင်ပို့နိုင်ပြီး၊ စံချိန်တင် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ Myanmar Golden Produce ကုမ္ပဏီမှ အန်တီလဲ့မှ “အန်တီတို့ အခု လည်း ရင်ကွဲသရက်သီး ကို တင်ပို့နေပါ တယ်။ အရင်နှစ်တွေထက် တန် ၁၀၀ ကျော်လောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အရင်နှစ်က ပို့တဲ့နိုင်ငံတွေကိုပဲ တင်ပို့ နေတာပါ။