Main menu

Background

Tuesday, 7 May 2013

နိုင်ငံခြားငွေလက်မှတ် (FEC) နဲ့ ပေးချေ၊ သုံးစွဲ၊ လက်ခံခြင်း များကို နိုင်ငံခြားငွေလက်မှတ်များအား လဲလှယ်ပေးရန် သတ်မှတ် ထားတဲ့ ကနဦးကာလပြီးဆုံးတဲ့ ဇူလိုင်လ ၁ ရက်နေ့ ကစပြီး ဆောင် ရွက်ခွင့် မပြုတော့တဲ့ အတွက် ဝန်ကြီးဌာနအဖွဲ့အစည်းများအနေနဲ့ နိုင်ငံခြားငွေလက်မှတ် (FEC) နဲ့ အခွန်အခ များ ကောက် ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ ဆက်လက် မဆောင် ရွက်ဘဲ ပြည်တွင်း သုံးကျပ်ငွေများ နဲ့သာ ဆောင်ရွက် သွားကြရမယ် လို့ သတင်း ရရှိပါတယ်။                      Source:  ကညက၊ပန်

Tuesday, 7 May 2013

နောင်ချိုအေးရှားဝေါလ်ဂိတ်မှာ ဧပြီလ ၃၀ ရက် ၁၉း၀၀ ချိန်မှ မေလ ၁ ရက် ၁၉း၀၀ ချိန်ထိ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရား မဝင် ကုန်သွယ်မှုတားဆီးရေးအဖွဲ့-၁ (လရ-၁) ဟာ အတက်ဂျူတီ ယာဉ်ကြီး ၈၅ စီး၊ မှန်လုံယာဉ် ၂၁ စီး၊ ယာဉ်ငယ် ၅၃ စီးနဲ့ အဆင်းဂျူတီယာဉ်ကြီး ၁၂၁ စီး၊ မှန်လုံယာဉ် ၂၈ စီး၊ ယာဉ်ငယ် ၈၂ စီးတို့အားစစ်ဆေးမှုပြုခဲ့ပါတယ်။

 
 
၆ဘီးယာဉ် ၆ခ/xxxx  ယာဉ်ပေါ်မှာ ဂျူတီဆောင်ထားတဲ့ မြေဆီအိတ်များအောက်မှဝှက်သယ် လာတဲ့ ဘီယာဖာ ၂၅၀ ကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ထိုနေ့ကအခြားယာဉ်များမှစစ်ဆေးတွေ့ရှိချက်တွေကတော့ ကြက်အူချောင်း၊ အချိုရည်၊ မုန့်၊ ပန်းကန်ဖာ၊ ပဲငပိ ၁၀ ဖာ၊ ပဲငပိပုလင်း ၁၀ ဖာ၊ Mark II  နဲ့သယ်လာတဲ့ တမလန်းလို့ယူဆရတဲ့ မိုးကာ ၃ ထုပ်၊ တရုတ် တိုင်းရင်းဆေး ၅ ဖာတို့ပဲဖြစ်ပါတယ်။ ဖမ်းဆီးရမိပစ္စည်းများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ သိမ်းဆည်းထားတယ်လို့သိရှိရပါတယ်။ Source:  လရ-၁MTN

Tuesday, 7 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ ဖရဲသီးတင်ပို့ရန်အတွက် မတ်လ ၁ ရက်နေ့ မှစပြီး  ITC  ကတ်နဲ့လုပ်ငန်းဆောင်ရွက်မှုစတင်ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လမှာ ကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်းတန်ဖိုးရှိတဲ့ ဖရဲသီး ၁၆၆၁ တန်ကိုတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှာတော့ ကန်ဒေါ်လာ သုညဒသမ ၇၆၀သန်းဖိုးရှိ ဖရဲသီး ၆၇၆၀တန်ကိုတင်ပို့နိုင် ခဲ့တာတွေ့ရပါတယ်။ကုန်သည်ငယ်များတစ်ပိုင်တစ်နိုင်ကူးသန်းရောင်း ဝယ် နိုင်အောင်  ITC ကတ်နဲ့ဆောင်ရွက်ခွင့်ပေးလိုက်တာကြောင့် လွယ်ဂျယ်မှာယခုလို ဖရဲသီးတင်ပို့မှုအားကောင်း လာတာဖြစ်ပါတယ်။ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဧပြီလမှာ တန်ချိန် ၆၀၀၀၀ နီးပါးတင်ပို့ခဲ့တာတွေ့ရပါတယ်။ သီပေါ၊ လားရှိုး၊ သိန္နီနဲ့နောင်ချိုတစ်ဝိုက်က ထွက်တဲ့ ဖရဲအဖြူသီးက တစ်ဖက်နိုင်ငံမှာ တစ်ကီလိုကို ၁ ဒသမ ၅ ယွမ်- ၂ ဒသမ ၈ ယွမ်ဈေးနဲ့ ဖရဲအကြား သီးတစ်ကီလိုကို ၂ ယွမ် - ၃ ဒသမ  ၅ ယွမ်ကြားဈေးပေါက်တယ် လို့သိရပါတယ်။ မော်မော်အောင် MIRT (DCCA)
 

Tuesday, 7 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေး ဇုန်မှ ဧပြီလ ၂၄ ရက်မှ ၃၀ ရက်အတွင်းကန်ဒေါ်လာ သုည ဒသမ ၅၂၇သန်းတန်ဖိုးရှိတဲ့ရွှေဟင်္သာ၊စိန်တစ်လုံးနဲ့ သရက်အကြမ်း သီးတွေကို ၂၀၃၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၈၅၄ တန်ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၁၈၃ တန်ကျော် ပိုမိုလာပါတယ်။ စိန်တစ်လုံးသရက်က အမရပူရနဲ့ အုန်းချော ဒေသတွေကထွက်ရှိပြီး ရွှေဟင်္သာသရက်နဲ့ အကြမ်းသီးတွေကတော့ ဟန်မြင့်မိုရ်၊ အုန်းချော၊ အမရပူရနဲ့စဉ့်ကိုင်ဒေသ အသီးသီးက ထွက်ရှိတာလို့သိရပါတယ်။ စိန်တစ်လုံးသရက်ဈေးက တစ်ဖက်နိုင်ငံမှာ တစ်ကီလိုကို ၃ ယွမ်မှ ၆ ယွမ်၊ အကြမ်းသီးက ၂ ဒသမ ၆ ယွမ်မှ ၅ ဒသမ ၅ ယွမ်ဈေးပေါက်နေပါတယ်။ ၂၀၁၃ ခုနှစ်ဧပြီလတစ်လလုံး တင်ပို့နိုင်ခဲ့တဲ့သရက်သီးတန်ချိန်ကတော့၂၈၉၂ တန်နီးပါးဖြစ်ပါတယ်။ မော်မော်အောင်  MIRT (DCCA)

Tuesday, 7 May 2013

ရန်ကုန်-မြဝတီလမ်းကြောင်းတွင် လယ်ယာသုံးနွားများအားဆယ်ဘီးယာဉ် ၃ -၄ စီးနဲ့ နေ့စဉ်နံနက် ၀၂း၀၀ မှ ၀၃း၀၀ နာရီအကြား ပဲခူးဘက် မှမွန်ပြည်နယ်ဘက်သို့ဖြတ်သန်းမှုများရှိနေပါတယ်။ Mobile Team အဖွဲ့များရဲ့ တင်ပြချက်များအရ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့၊ ဝေါမြို့နယ်ရဲတပ်ဖွဲတို့က ပဲခူးမြို့နယ်၊ ဘုရားကြီးကျေးရွာမှ ဝေါသို့အ ထွက်ရွှေသံလွင် Tour Gate မှာ အလှည့်ကျစစ်ဆေးမှု များပြုလုပ် သွားမယ်လို့ သတင်းရရှိပါတယ်။ တောင်ကြီးမြို့ နန်းဟူးကျေးရွာအုပ်စုအတွင်း တရားမဝင်ကျွဲနွားသယ်ဆောင်သူများအား ဖမ်းဆီးအရေးယူမှု များကို ဧပြီလ ၂၉ ရက်နေ့ကပြုလုပ်ခဲ့ရာ မိုင်းကိုင်သို့ ပို့ဆောင်ရန်သယ်ဆောင်လာတဲ့ ခန့်မှန်းတန်ဖိုး ကျပ် ၁၆၅ သန်းကျော်တန်ဖိုး ရှိ နွား ၂၃၇ ကောင်ကို တောင်ကြီးရဲတပ်ဖွဲ့မှရှာဖွေရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

Mobile Team အဖွဲ့အနေနဲ့ ယာယီအခြေပြု စစ်ဆေးမှုများလုပ်ဆောင်နေခြင်း၊ နွားသယ်ယာဉ်များအား စိစစ်ရန်ခက်ခဲခြင်း၊ ရပ်တန့် မပေးခြင်း၊ ထောက်ခံချက်များအသီးသီးပါရှိလာမည်ဖြစ်ရာ တစ်ပတ်လျှင် တစ်ကြိမ်ကျ အလှည့်ကျစနစ်နဲ့ လဲလှယ်ဆောင်ရွက်ပေးသွားရန် မြန်မာနိုင်ငံရဲတပ်ဖွဲနဲ့ညှိနှိုင်းဆောင်ရွက်ထားတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ Source: လရ (၂ )၊ MTN
 

Tuesday, 7 May 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့်မိမိတို့ ဒေသတွင်လုပ်ကိုင် နေသော ကြံစိုက်ပျိုးရေး လုပ်ငန်းတွင် သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာ နှင့်ပိုးသတ်ဆေးများပေးပို့ရာတွင် အန္တရာယ်ဖြစ်စေသောပိုး သတ် ဆေးများ အား ဒေသခံပြည်သူများသို့ထုတ်ပေးရာတွင် မပါဝင်စေလို၍ စိစစ်ပေး စေလိုကြောင်း ချင်းရွှေဟော် စခန်း ရဲ့ ၂၀၁၃ ခုနှစ်ဧပြီလအတွက် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ပေးရေးညှိနှိုင်းအစည်းအဝေးမှာ ကွမ်းလုံခရိုင် ကုန်သည် လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးအယ်ဒိန်းဘောင်မှ  ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 
ဆက်လက်ပြီးမြန်မာစိုက်ပျိုးရေးလုပ်ငန်းဦးစီးဌာနမှ မည်သည့်ပိုးသတ်ဆေး ကို အသုံးပြုသင့်ကြောင်း၊ မည်သည့်ပိုးသတ်ဆေးကို အသုံးမပြုသင့်ကြောင်း ရရှိ ပါက အကောက်ခွန်ဦးစီးဌာနအနေဖြင့် စနစ်တကျစစ်ဆေးပေး ရန်နှင့် မိမိတို့ ဌာနမှလည်း Mobile Team   အဖွဲ့မှ  အန္တရာယ်ဖြစ်စေသောပိုး သတ်ဆေးများ မပါရှိစေရေး ပိုးသတ်ဆေးကဲ့သို့ဓာတ်မြေသြဇာများကိုပါ အကောက်ခွန်ဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံး သူရေး ရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့များကုန်သည် လုပ်ငန်းရှင်များ ဒေသအာဏာပိုင်အဖွဲ့အစည်းများဖြင့် စနစ်တ ကျရေရှည် အတွက်တားဆီးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းချင်းရွှေဟော် စခန်းတာဝန်  ခံညွှန်ကြားရေးမှူး ဦးကျော်စိုးလင်းမှပြောကြားခဲ့ပါတယ်။     ကွမ်းလုံခရိုင်အုပ်ချုပ်ရေးမှူးဦးစိန်အုပ်မှ ကြံစိုက်ေ တာင်သူများ သို့ ထုတ် ပေးထားတဲ့သွင်းအားစုများမှာ ပါဝင်တဲ့ ပိုးသတ်ဆေးများမှာ အန္တရာယ်ရှိစေတဲ့ ပိုးသတ်ဆေး များမပါဝင်စေ ရန် ကုန်ပစ္စည်းစစ်ဆေးတဲ့  အကောက် ခွန်ဦးစီးဌာနမှ စနစ်တကျစစ်ဆေးပေးရေးနဲ့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း ဦးစီးမှခွင့်ပြုတဲ့ ပိုးသတ်ဆေး အမည်စာရင်းများ ရရှိရေး၊ ခွင့်မပြုသောပိုးသတ်ဆေး၊ ဓာတ်မြေ သြဇာများ ဝင်ရောက်ခြင်းမရှိစေရေး ကာကွယ် တားဆီးသွားရန်၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့်ကြံ စိုက်ပျိုးရေး သည် ရေရှည်စီမံကိန်းဖြစ်သဖြင့် မိမိတို့ဘက်မှ လည်းပိုးသတ်ဆေး အသုံးပြုသည့် ကြံစိုက်တောင်သူများ အန္တရာယ်မဖြစ် စေရေး ရေရှည်ကြည့်၍ စနစ်တကျဆောင်ရွက်သွားကြရန် အသိပေးပြော ကြားခဲ့တယ် လို့သတင်းရရှိပါတယ်။ Source: ကသရ (ခရဟ) DCCA (MIRT)

Tuesday, 7 May 2013

ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီများမှတ်ပုံတင်ရာမှာ လုပ်ငန်းအမျိုးအစား (၈) မျိုး ခွဲခြား မှတ်ပုံတင်ပေးခဲ့ရာမှ ယခုအခါ လုပ်ငန်းအမျိုးအစား ခွဲခြားမှတ်ပုံတင်ခြင်းမပြုဘဲ သင်းဖွဲ့မှတ်တမ်းမှာ မိမိတို့ လုပ် ကိုင်ဆောင်ရွက်မဲ့ လုပ်ငန်းများကိုတိကျစွာထည့်သွင်းဖော်ပြမှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဘဏ် လုပ်ငန်းနဲ့စပ် လျဉ်းပြီး မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေများနဲ့အညီ လိုက်နာကျင့်သုံးရမဲ့ ကုမ္ပဏီသက်တမ်း တိုးမြှင့်ခြင်းကို လက်ရှိ (၃) နှစ် ခွင့်ပြုထားရာမှ (၅) နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို ပိုမိုလွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေး၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ အပိုကုန်ကျစရိတ်များလျော့နည်းသက်သာစေရေးနဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးလိုက်တာလို့ သိရှိရပါတယ်။ကုမ္ပဏီများမှတ်ပုံတင်ရာယခင်ကဖော်ပြကြရတဲ့လုပ်ငန်းအမျိုးအစား (၈) မျိုးကတော့ " ရောင်းဝယ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလက်မှုနှင့်ထုတ်လုပ်မှုလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျောက် မျက် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်း" တို့ဖြစ်ကြပါတယ်။Source:  ကညကပန်
 

Tuesday, 7 May 2013

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးအဖွဲ့ လရ-၂ ဟာ စစ်တောင်းတံတားဟောင်းနဲ့တံတားသစ်လမ်းဆုံအနီး ယာယီအခြေပြုပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ မှန်လုံယာဉ်၊ ယာဉ်ငယ် များအားစစ်ဆေးမှု ကိုဆောင်ရွက်နေပါတယ်။ ဧပြီလ ၂၅ ရက် ၀၈း၀၀ ချိန်မှာတော့ တာဝန်သိသူတစ်ဦးက Mobile Ph:  နဲ့ဆက်သွယ်ပြီး သိန်းသန်းကျော်ယာဉ်လိုင်းက မှန်လုံယာဉ် ၈ဈ/xxxx ပေါ်မှာ ဘီယာဖာများတင်ဆောင်သွားတယ်လို့ သတင်း ပေးလာပါတယ်။ အဖွဲ့အနေနဲ့မှတ်တမ်းတင်ထားရှိပြီး စနစ်တကျစောင့်ဆိုင်းရှာ ဖွေမှုပြုလုပ်ခဲ့ရာ ၁၁း၀၀ ချိန်မှာ ကျိုက်ထိုမှရန်ကုန်သို့ပြေးဆွဲတဲ့ယာဉ်ပေါ်မှာ  Beer Chang ၃၃၀ မီလီမီတာပါ ၂၄ ဘူးပါ  ၂၉ ဖာကို ခရီးသည်ထိုင်ခုံများအောက်မှ သိုဝှက်သယ်ဆောင် လာတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ  Beer Chang ၂၄ဘူးပါ ၂၉ ဖာဟာတန်ဖိုးအားဖြင့် ကျပ်၃ ဒသမ ၄၈၀ သိန်းတန်ဖိုးရှိပြီးအကောက် ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်ထားပြီဖြစ်တယ်လို့ သတင်း ရရှိပါတယ်။Source: လရ (၂ )MTN

Monday, 29 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေး ဇုန်မှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက် သြင်္ကန်ကာလအပြီးမှာပဲ မြန်မာ့ သရက်တွေတရုတ်ကိုစတင်တင်ပို့နေပါပြီ၊ ကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိတဲ့ သရက်သီး ၈၅၄ တန်ကျော်ကိုတင်ပို့ခဲ့ခြင်း ဖြစ်ပြီး တင်ပို့တဲ့သရက်သီးအမျိုးအစားတွေကတော့ စိန်တစ်လုံး၊ ရွှေဟင်္သာနဲ့သရက်သီးအကြမ်းတို့ပဲဖြစ်ပါတယ်။ ယမန်နှစ်ကာလတူ ၂၀၁၂ ခုနှစ်ဧပြီလ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာတော့ တန်ချိန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကသြင်္ကန်ကာလမတိုင်ခင်ဧပြီ လဆန်းပိုင်းက တည်းက တင်ပို့ခဲ့တာလို့သိရပါတယ်။ စိန်တစ်လုံး သရက်သီးမိမိဘက်ပေါက်ဈေးတစ်တန်ကို ၅၁၄၁၂၀ ကျပ်၊ တစ်ဖက် နိုင်ငံဈေး ယွမ် ၃၆၀၀ ရှိပြီး ရွှေဟင်္သာဈေးတစ်တန် ၄၉၉၈၃၈ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ယွမ် ၃၅၀၀ ရှိတယ်လို့ သတင်းရရှိပါတယ်။မော်မော်အောင်၊ MIRT (DCCA)

Monday, 29 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ်မတ်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) ၁၄၅ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၁၀၅ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မတ်လထိ ကန် ဒေါ်လာ ၂ ဒသမ ၂၀၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) တန် ၂၉၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်မှ သီဟိုဠ်စေ့များကို တစ်ဖက် နိုင်ငံတွင်မုန့်လုပ်ငန်းများနဲ့ စားသောက်ဆိုင်များတွင် အသုံးပြုတယ် လို့ သိရပါတယ်။ခင်မြနွယ် MIRT

Pages