Main menu

Background

Wednesday, 12 Jun 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ် လာ ၁ သန်းကျော်တန်ဖိုးရှိ ငါးမျိုးစုံ ၃၁၇ တန်ကျော်၊ ပုစွန် ၂၄ တန်ကျော်၊ ကဏန်း ၁၁၀ တန်ကျော်၊ ငါးရှဉ့် ၁၀ တန်ကျော်၊ ဘီလား ၃ တန်နီးပါး၊ ငါးပိ ၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ အနီး စပ်ဆုံးကာလဖြစ်သော ဧပြီလနဲ့နှိုင်း ယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ၆၈၈ သန်းပိုမိုခဲ့ပြီး ကာလတူ ၂၀၁၂ မေလနဲ့နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ သုည ဒသမ ၀၆၀ သန်းပိုမို ခဲ့ပါတယ်။

Wednesday, 12 Jun 2013

တမူးကူးသန်းရောင်းဝယ်ရေး စခန်းမှ  ITC  ကတ်ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၁ ရက်နေ့မှစတင် ဆောင် ရွက်ခွင့်ပေးခဲ့ရာမှာ ဒီဇင်ဘာလတွင် ကျပ် ၄၅ သန်း ၂၀၁၃ ခုနှစ် ဇန်နဝါ ရီလတွင် ကျပ် ၁၁၆ သန်း၊ ဖေဖော် ဝါရီလတွင်ကျပ် ၁၄၇ သန်း၊ မတ်လ တွင်ကျပ် ၉၅ သန်း၊ ဧပြီလတွင် ကျပ် ၄၆ သန်း၊ မေလတွင်ကျပ် ၇၂ သန်း ထိဆောင်ရွက်နိုင်ခဲ့ပါတယ်။ တမူးကူးသန်း ရောင်းဝယ်ရေးစခန်းမှ စတင်ခွင့်ပြုချိန်မှ ယနေ့ထိ  ITC  ကတ် ၆၈ ကတ်၊ ပို့ကုန် ၃၈ ဒသမ ၂၃၉ ကျပ်သန်း၊ သွင်းကုန် ၄၈၉ ဒသမ ၉၆၃ ကျပ်သန်းနဲ့ ကုန် သွယ်မှုပမာဏ ၅၂၈ ဒသမ ၂၀၂ ကျပ်သန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်ရေးစခန်းများမှ  ITC ကတ်ထုတ်ပေးနိုင်မှုကတော့မူဆယ် မှာ ၁၄၈ ကတ်၊ မြဝတီမှာ ၄၁ ကတ်၊ တာချီလိတ်မှာ ၆၈ ကတ်၊ လွယ်ဂျယ်မှာ ၁၆ ကတ်၊ ကန်ပိုက်တီးမှာ ၃၅ ကတ်နဲ့ မြိတ်မှာ ၁ ကတ်အသီးသီး ဆောင်ရွက် ပြီးဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး စခန်းအားလုံးမှ  ITC  ကတ် ၃၇၉ ကတ်နဲ့ ပို့ကုန်ကျပ်သန်းပေါင်း ၂၃၅ ဒသမ ၃၃၉၊ သွင်းကုန်ကျပ်သန်းပေါင်း ၁၁၃၆ ဒသမ ၃၂၈၊ ကုန်သွယ်မှု ပမာဏကျပ် ၁၃၇၁ဒသမ ၆၆၈ သန်း ဖိုးဆောင်ရွက်ထားနိုင်ပြီးဖြစ်ပါတယ်။Source: ကသရ (တမူး)                                              KMT (DCCA)

Wednesday, 12 Jun 2013

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရား မဝင်ကုန်သွယ်မှုများလျော့နည်း ပပျောက်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက် အရ တမူးနယ်စပ်ကုန်သွယ်ရေးလမ်း တစ်လျှောက်မှာMobile Team အဖွဲ့ကို ၂၉- ၅ - ၂၀၁၃နေ့မှစ၍ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်။

Wednesday, 12 Jun 2013

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်  အောင် ဆောင်ရွက်ရာမှာ ပို့ကုန် လုပ်ငန်းဟာအဓိကမောင်းနှင်အား တစ် ခုဖြစ်ပါတယ်။နိုင်ငံတော်က အကောင် အထည်ဖော်ဆောင်ရွက်မှုများထဲမှာ ပို့ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးတဲ့အခန်းကဏ္ဍများ ထဲမှတစ် ခုဖြစ်ပါတယ်။

Wednesday, 5 Jun 2013

မေလ ၂၀ ရက်နေ့ ၁၆း၀၅ ချိန်မှာ မှန်လုံယာဉ် ၅ဂ/xxxx ပေါ်မှ ခန့်မှန်းတန်ဖိုး ကျပ် ၆၂၀၀၀၀ တန်ဖိုးရှိ အေးခဲဘဲသား ၃၀၀ ကီလိုခန့်ကို နောင်ချိုမြို့ Asia World Toll Gate   အနီးအခြေပြုစစ်ဆေးနေတဲ့ Mobile Team အဖွဲ့-၁ ဟာ ရှာဖွေစစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ရပါတယ်။ Mobile Team -၁၊ အကောက်ခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ သတင်းမီဒီယာ (ပြန်/ဆက်) အဖွဲ့များနဲ့ တန်ဖိုးခန့်မှန်း သတ်မှတ်ပြီး ပုပ်သိုးပျက်စီးလွယ် ဖြစ်တဲ့အတွက်  မေလ ၂၁ ရက် ၁၁း၀၀ ချိန်မှာ မီးရှို့ ဖျက်ဆီးပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ Source: ကညက၊ပန်

Wednesday, 5 Jun 2013

ဆံပင်တုများ မြန်မာနိုင်ငံသို့ တင်သွင်းခြင်းအတွက် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှ အလှကုန် ပစ္စည်းများအနေဖြင့် တင်သွင်းခွင့်ထောက်ခံချက်ကို ယခင်က ထုတ်ပေးလျက်ရှိပါတယ်။ ဒါပေမဲ့ ASEAN Cosmetic Directive (ACD) အရ ဆံပင်တုများကို အလှကုန်ပစ္စည်း အဖြစ် သတ်မှတ်ထားခြင်းမရှိတဲ့ အတွက် ဆံပင်တင်သွင်းရန် အစားအသောက်နဲ့ဆေးဝါးကွပ်ကွဲရေးဌာနမှထောက်ခံချက် လျှောက်ထား ရယူရန် မလိုတော့ကြောင်း သတင်းရရှိပါ တယ်။                                               Source: ကညက၊ပန်

Wednesday, 5 Jun 2013

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ၂၀၁၃ ခုနှစ် မေလအတွင်း ဇင့်၊ ခဲ၊ ကြေးနီစတဲ့ သတ္တုရိုင်းတန်ချိန် ၅၃၆ တန်ကို ကန်ဒေါ်လာ သုည ဒသမ ၀၇၅ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်နှစ်ကာလ တူ မေလ မှာတော့ ၆၀၅ တန်တင်ပို့နိုင်တယ်လို့သိရပါတယ်။ ဇင့်သတ္တုရိုင်းတွေကို တစ်ဖက်နိုင်ငံမှာအိမ်မိုးသွပ် ထုတ်လုပ်တဲ့နေ ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြု သလို ခဲသတ္တုရိုင်းကိုတော့ ရောင်ပြန်ပြားတွေ ထုတ်လုပ်တဲ့နေရာမှာ ကုန်ကြမ်း အဖြစ် အသုံးပြုကြတာဖြစ်ပါတယ်။မော်မော်အောင်   MIRT (DCCA)

Wednesday, 5 Jun 2013

ယခုနှစ် Close Season အစီအစဉ်တွင် ငါးဖမ်းလှေအားလုံး မပိတ်ဘဲ ၇၅ ရာခိုင်နှုန်းခွင့်ပြုပေးသွားမယ်လို့ မြိတ်ကူးသန်း ရောင်း ဝယ်ရေးကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြိတ်ခရိုင်ငါး လုပ်ငန်း ဦးစီးမှူး ဦးမြင့်ရွှေ က ပြောကြားခဲ့ပါတယ်။ ယခင်နှစ်က Close Season ငါးဖမ်းရာသီပိတ်တဲ့အစီအစဉ်အရ ဇွန်လ ၁ ရက်မှ ဇူလိုင်လ  ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံး ငါးဖမ်းဆီးခွင့်ပိတ်ပင်ခဲ့တဲ့ အပြင် မေလ ၃၁ ရက်နေ့တွင် ငါးဖမ်းလှေအားလုံး ပင်လယ်ပြင်မှ ပြန်လည် ဝင်ရောက်ခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်မှာ ပင်လယ်ပြင်ငါး ဖမ်းရက် ၉၀ မပြည့်သေးသော ငါးဖမ်းလှေများအား ရက် ၉၀ ပြည့် သည်အထိ ခွင့်ပြုပေးထားပါတယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ကြိုးပမ်းဆောင်ရွက်မှုကြောင့် ငါးဖမ်း ရာသီ ၄၅ ရက်ပိတ်ရာမှာ ငါးဖမ်းလှေ အားလုံးမပိတ်ဘဲ ၇၅ ရာခိုင် နှုန်း ထွက်ခွင့်ရအောင်ဖြေလျော့ပေးခြင်းကြောင့် ယခုနှစ်တွင်လည်း ယခင်နှစ်ကဲ့သို့ပင် လျာထားချက်ပြည့်မီကျော်လွန်အောင် တင်ပို့ သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ယခုနှစ်မြိတ်စခန်းရဲ့ လျာ ထားချက်မှာ ဒေါ်လာသန်းတစ်ရာဖြစ်ပြီး ဆောင်ရွက်နိုင်မှုမှာ ဒေါ်လာ ၁၁၂ သန်းရှိကြောင်း၊ စခန်း ၉ ခု အနက် ယခင်နှစ်က လျာထားချက်ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ခဲ့တဲ့စခန်းနှစ်ခုမှာ မြိတ်နဲ့ကော့သောင်း စခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။ ခင်မြနွယ် ( MIRT )

Tuesday, 28 May 2013

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင် ကုန် စည် စီးဆင်းနေမှုများအား Mobile Team    အဖွဲ-၂ မှ တာဝန်ယူ စစ်ဆေးလျက်ရှိနေပါတယ်။ မေ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်းမှာ ကျပ် ၁၈ ဒဿမ ၉၈၀  သိန်း တန်ဖိုးရှိစားဆီ ၁၈ လီ တာ စားဆီ ၂၄၃ ဖာ၊ ၅ လီတာပါ ၄ ပုံးပါ ၄ ဖာကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ စားသုံးဆီများကို တရားဝင်တင်သွင်းခွင့်ပြုထားပါလျက် FDA   ရဲ့ထောက်ခံချက်တောင်းခံရန် အရည်အသွေး ပြည့်မီမှု၊ စားသုံးရန် သင့်/မသင့် စစ်ဆေးခံနိုင်မှုမရှိခြင်းကြောင့်ဖြစ်နိုင်သလို အခွန်တိမ်းရှောင်ရန် အလို့ငှာ တရားမဝင် အကောက်ခွန်မဲ့သယ် ဆောင် နေကြခြင်းဟာ စားသုံးသူမျက်နှာကို မထောက်၊ ဥပဒေကို မကြောက်သူများရဲ့ လုပ်ရပ် ဆိုးများသာဖြစ်ပါတယ်။Source: လရ-၂ MTN

Tuesday, 28 May 2013

တမူးနယ်စပ် ကုန်သွယ်ရေးစခန်းအနေနဲ့ အဓိကအများဆုံး တင်ပို့နိုင်တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ စက်မှု ကုန်ချောဖြစ်တဲ့ ပြည် တွင်း ထုတ်စီးကရက်များတင်ပို့ခြင်းဖြစ်ပါတယ်။  Jet, Paris, Peacockm, Golden Elephant, Ruili River အမည်တံဆိပ်နဲ့ နန့်ဖာလုံဈေးတွင်လက်ကားရောင်းချတယ်လို့သိရပါတယ်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်ယခုမေလ ၁ ရက်မှ ၂၀ ရက်နေ့အတွင်း စီးကရက် မျိုးစုံ ၆၀၆၉ ပါကင်၊ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင် ၃၈၇ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဧပြီလမှာ ၂၉၂၅ ပါကင် ၄၇ တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၈၈ သန်း ဆောင်ရွက်နိုင်ခဲ့၍ ယခင်လထက်နှစ်ဆကျော်ပိုမိုခဲ့ပါတယ်။ ပြည်တွင်းထုတ်စီးကရက် များရဲ့ အနံ့၊ အရသာကို တစ်ဖက်နိုင်ငံမှ နှစ်သက်၍ တိုးမြှင့် တင်ပို့ နိုင်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။စံဖြိုးေ၀ ၊ ကသရ (တမူး)

Pages