Main menu

Background

Monday, 25 Feb 2013

တမူးနယ်စပ်ကုန်သွယ်ရေးတွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရား မဝင် ကုန်သွယ်မှုလျော့နည်း ပပျောက်ရေးတို့အတွက် Mobile Team အဖွဲ့ကို  ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်ထိကာလကို ပညာပေးကာလအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပါတယ်။ ဖမ်း ဆီးရရှိပစ္စည်းများ အနက်ခွင့်ပြုပစ္စည်း များအား တရားဝင်လိုင်စင်ဖြင့် အခွန်ပေး ဆောင်ပြီး သယ်ယူခွင့်ပြုခြင်း၊ တားမြစ်ကန့်သတ် ပိတ်ပင်ထားသော ပစ္စည်းများ အား သက်ဆိုင်ရာဌာနတို့သို့ လွှဲပြောင်းအပ်နှံခြင်းပြုလုပ်ခဲ့ပါတယ်။ Mobile Team  မှာ နယ်စပ်ကုန်သည်အသင်း ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့ OSS၊ အကောက်ခွန်၊ နယ်စပ်ကုန်သွယ်ရေးတို့အပါအဝင် သတင်းမီဒီယာ ဦးဝင်းနိုင် (မြန်မာ့အလင်း/ကြေးမုံ) လည်း ပါဝင်ခဲ့ပြီး၊ သတင်း မီဒီယာ အနေဖြင့် လုပ်ငန်းရည်မှန်းချက်များအောင်မြင်ရေး မီဒီယာဖြင့်ထိန်းကျော င်း ပြုပြင် ကာ ပြည်သူလူထုအား သတင်းမှန်သိရှိစေရေးနှင့် မှန်ကန်မြန်ဆန်စွာသတင်း ဖော်ပြနိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်အထိ အခွန်ပေးဆောင်ခွင့်ပြုတန်ဖိုး ၁၁ ဒသမ ၉၂၀ ကျပ်သန်းနှင့် အကောက် ခွန် လွှဲအပ်ခဲ့တန်ဖိုး ၃၁ ဒသမ ၆၁၀ ကျပ်သန်း၊ စုစုပေါင်း ဖမ်းဆီးရမိ တန်ဖိုး ၄၃ ဒသမ ၅၃၀ ကျပ် သန်းရှိကြောင်း သတင်းရရှိပါတယ်။စမ်းစမ်းအေး (တမူး)

Monday, 25 Feb 2013

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းပေါ်တွင် စားသုံးသူ အကာ အကွယ်ပေးရေးနှင့် တရားမဝင် ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ Mobile Team မှ တရားမဝင်(မှောင်ခို) ပစ္စည်း သယ်ဆောင်မှုများအား ပညာပေး ကာလကျော်လွန်၍ တားဆီးအရေးယူမှု များ ဆောင်ရွက်နေပြီဖြစ်ရာ အရေးယူ ဆောင်ရွက်ရာတွင် နိစ္စဒူ၀ သွားလာ လှုပ်ရှားနေကြတဲ့ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ အလွှာအသီး သီးမှ ခရီးသွားပြည်သူလူထုလည်း ပါ ဝင်လျက်ရှိရာ ကုန်သည်များအနေဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီး ၎င်းင်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအလို့ငှာအကာအကွယ် ပြု ခုတုံးလုပ်အသုံးချကာ တရားမဝင် ပစ္စည်းများ သယ်ဆောင်မှုပြုလုပ်နေ တာကို စစ်ဆေးတွေ့ရှိနေရတဲ့အတွက် ခရီးသွားပြည်သူများ  စိတ်အနှောင့် အယှက်  မဖြစ်အောင် လိုရာခရီးသို့ ချောချောမွေ့မွေ့ဖြင့် အချိန်မီ ရောက် ရှိနိုင်အောင် ဆောင်ရွက်ပေးရသလို တရားမဝင် ပစ္စည်းသယ်ဆောင်မှုများ ကိုလည်း ထိထိရောက်ရောက် တားဆီး အရေးယူနိုင်ဖို့   စစ်ဆေးကြပ် မတ် ဆောင်ရွက်နေကြပါတယ်။ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းအတွင်း   ပြေးဆွဲနေကြတဲ့ ခရီးသည်တင်  ယာဉ်လိုင်းအချို့ဟာ ယာဉ်ရဲ့ ကိုယ်ထည်အစိတ်အပိုင်း များ ကို တရားမဝင်ပစ္စည်းများ သိုဝှက်သယ် ဆောင် နိုင်အောင် အံဝှက်များ အဖြစ် ပြုပြင်ပြီးသယ်ဆောင်လျက်ရှိကြရာဖေဖော် ဝါရီ ၉ ရက်နေ့တွင်မှန်လုံ ယာဉ်အမှတ်၊ ၃ခ\xxxx ဟာ ခရီးသည်အပြည့်နီးပါး တင်ဆောင်လာတာကိုတွေ့ရှိရပြီးပစ္စည်း ထားသိုခန်းကိုစစ်ဆေးစဉ် ဘာပစ္စည်းမှ တင်ဆောင်လာခြင်း  မရှိသော်လည်း ယာဉ်ရဲ့ အလေးချိန် (Net Weight /  Gross Weight)  အရ ရှိရမဲ့ အလေး ချိန်ထက် ကျော်လွန်နေသည်ကို  စိစစ် တွေ့ရှိရတဲ့အတွက်သံသယရှိပြီး အံဝှက် များ ပြုလုပ်ပါရှိခြင်း ရှိ/မရှိ သိရှိနိုင် အောင် အသေးစိတ် စစ်ဆေးမှုများ ပြု လုပ်ခဲ့ရပါတယ်။  အဲဒီအခါမှာတော့ အဝတ်အထည်မျိုးစုံ၊ အပင်၊ ပိုးသတ် ဆေးမျိုးစုံ၊ အိမ်သုံးဆေးဝါးများ အပါ အဝင် စုစုပေါင်း ပစ္စည်း ၁၆ မျိုး (ခန့် မှန်းတန်ဖိုး ၁၉၁၆၉၅၀၀ ကျပ်) အား အံဝှက်များအတွင်းမှ  ဖော်ထုတ်စစ် ဆေးတွေ့ရှိခဲ့တဲ့အတွက် အမှုဖွင့်လှစ် သိမ်းဆည်း အရေးယူနိုင်ခဲ့ ပါတယ်။ အလားတူပါပဲ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကသတင်းအရ မှန်လုံယာဉ် အမှတ်၊ ၉က\xxxx  အား စစ်ဆေးခဲ့ရာ ထိုင်ခုံနောက်တန်းအောက် ရေတိုင်ကီ ခန်းတို့တွင် ထည့်သွင်းသိုဝှက်လာတဲ့ စပိုင်ဝိုင်၊ အဝတ်အထည်နဲ့ အလှကုန် စုစုပေါင်းပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ၁၅၀၁၂၀၀ ကျပ်) အားသိမ်းဆည်းနိုင် ခဲ့တဲ့အပြင် ၎င်းနေ့မှာပင် မှန်လုံယာဉ် အမှတ်၊ ၈ည\xxxx  ပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း စားသောက် ကုန်နဲ့အချိုရည် ခုနစ်မျိုး (ခန့်မှန်းတန် ဖိုး ၅၁၁၀၀၀ ကျပ်) တို့ကို စစ်ဆေးဖော် ထုတ် အရေးယူ တားဆီးနိုင်ခဲ့ပါတယ်။ ဒီနေရာမှ ပြောချင်တာလေးရှိလာ ပါတယ်။ တာဝန်ရှိသူများက စစ်ဆေး ဖော်ထုတ်ရာမှာ အချိန်အတိုင်း အတာ တစ်ခုအထိ ကြာမြင့်နိုင်တဲ့အတွက် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသွား ပြည်သူများအတွက် နှောင့်နှေး ကြန့် ကြာမှုရှိမှာဖြစ်သလို အရေးတကြီး (သေရေးရှင်ရေး) ကိစ္စဆောင်ရွက်ရမည့် သူများ၊ တစ်ဆင့်  ခရီးဆက်ရမည့် သူများ  ပါရှိလာမည်ဆိုလျှင်  ဘာပြော ကြမလဲ။  တွေးကြည့်ပါ။  အဖြေရှိပါ တယ်။ စစ်ဆေးရာတွင်လည်း မျက်မြင် မဟုတ်၊ သံသယကို အရင်းပြုပြီး ဖော် ထုတ်ရတဲ့အတွက် ဒီတရားမဝင်ပစ္စည်း သယ်ဆောင်လာတာကို မတွေ့ရှိခဲ့ဘူး ဆိုလျှင်ကော ခရီးသွားပြည်သူများက စစ်ဆေးတဲ့တာဝန်ရှိသူများကို ဘာပြော ကြမလဲ။ ခရီးသည် များရဲ့ ရိုးသားစွာ ယုံ ကြည်ပြီး စီးနင်းလိုက်ပါလာမှုကို အလွဲ သုံးစားလုပ်ပြီး ကိုယ်ချင်းစာနာစိတ်မရှိ၊ မိမိကိုယ်ကျိုး အတွက် လုပ်ကိုင် ဆောင် ရွက်နေသူများ အနေဖြင့် မှန်မှန်ကန်ကန် ဖြင့် လုပ်ကိုင်ကြဖို့ အချိန်တန်ပြီ လို့ ပြောလိုပါတယ်။ အဲဒီတော့ ခရီးသည် တင်ယာဉ်လိုင်းများ၊ ယာဉ်ပိုင်ရှင်များ အားလုံး မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ မိမိတို့ ယာဉ်လိုင်း၊ မိမိကိုယ်ပိုင်ယာဉ်ကို အသုံး ချပြီး တရားမဝင်ပစ္စည်း သယ်ဆောင် နေမှုများကို ဆက်လုပ်နေမှာလား၊ လက်သင့်ခံလက်ပိုက် ကြည့်နေကြမယ် ဆိုရင် ပြည်သူများ ကအယုံအကြည်မဲ့ပြီး စီးပွားရေး ထိခိုက်လာမှာဖြစ်သလို တရားမဝင်ပစ္စည်း သယ်ဆောင်မှုအတွက် ပစ္စည်းကော၊ ယာဉ်ပါအသိမ်းခံရပြီး လူ ကိုပါ ဥဒေအရ အရေးယူအပြစ်ပေး ခံရမှာကို မလိုလားဘူးဆိုရင် ဝိုင်းဝန်း ကြပ်မတ်ထိန်းသိမ်းပေးဖို့ တိုက်တွန်း အသိပေးပြောကြားလိုက်ရပါတယ်။ ရွှေမြိုင်သား

Monday, 25 Feb 2013

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့နယ်မြေ မတည် ငြိမ်မှု အခြေအနေများ တဖြည်းဖြည်းနဲ့ တည်ငြိမ် အေးချမ်း လာပြီဖြစ်၍လည်းကောင်း၊ တစ်ဖက်တရုတ်နိုင်ငံအတွင်းရှိ ပေါက်စန်းခရိုင်နှင့် တယ်ဟုန်တိုင်းခရိုင်အတွင်းရှိ စားသောက် ကုန်နှင့် တိရစ္ဆာန်အစားအစာ လိုအပ်ချက်များ မြင့်တက် လာမှု ကြောင့်လည်းကောင်း၊ တရုတ်နှစ်သစ် ကူးပွဲတော်အပြီး ရာသီဥတုပူနွေးစပြုလာခြင်းတို့ကြောင့် မိမိတို့ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ဒေသများမှ စိုက်ပျိုးထွက်ရှိစပြုလာ တဲ့ ပြောင်းဖူးစေ့နဲ့ ဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးပမ်းလျက်ရှိကြကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ပြောင်းဖူးစေ့ တန် ၁၀၀၀ ကျော်နဲ့ ဖရဲသီးတန်ချိန် ၅၀၀ ခန့်အား ပို့ကုန်လိုင်စင်များလျှောက်ထားခဲ့ပြီးဖြစ်ရာ မိမိတို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှု ပမာဏတိုးတက်ရေးနဲ့ ကုန်သည်လုပ်ငန်းရှင်များ ကုန်ပစ္စည်း တင်ပို့ ရေးလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး တို့အတွက် လိုအပ်တဲ့အကူအညီများကို အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပို့ကုန်တင်ပို့လိုသူကုန်သည် လုပ်ငန်းရှင်အပေါင်းအား သတင်းကောင်းပါးလိုက်ရပါတယ်။ကပတ (ကမရ)

Monday, 25 Feb 2013

စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဗ်မြို့နဲ့ ရေမိုင် ၇၀ ခန့်ခရီးကို ပင် လယ်ပြင်ဖြတ်သန်းပြီး ကုန်သွယ်မှုပြုလုပ်နေရတဲ့ စခန်း တစ်ခု ဖြစ်ပါတယ်။ ရေထွက်ကုန်ပစ္စည်း အုပ်စုဖြစ်တဲ့ ရေငန် ပုစွန်ဟာ စစ်တွေနယ်စပ်စခန်းရဲ့ အများဆုံး ပို့ကုန်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံအေ နဖြင့် ခေါင်းပါ/မပါရေငန် ပုစွန်ကျားကုန်ကြမ်းများကို ရောင်းနိုင်သလောက် ဝယ်လိုအား ရှိပြီး အအေးခန်း စက်ရုံများမှ ပြုပြင်ထုတ်လုပ်ထားတဲ့ တန်ဖိုး မြင့်ကုန်ချောများကို ဝယ်ယူလေ့မရှိပါဘူး။ လက်ရှိကာလတွင် (တစ်ပေါင် ၁၅ ကောင်ပါ) ဆိုဒ်အကြီးဆုံးဖြစ်တဲ့ ရေငန် ပုစွန်ကျားမှာ မိမိဖက်ဈေးတစ်ပိဿာလျှင်(ကျပ် ၁၉၀၀၀ မှ ၂၀၀၀၀ ) ဖြစ်ပြီး တဖက်နိုင်ငံဈေးမှာ တစ်ပိဿာလျှင် (၂၁၅၀၀ မှ ၂၂၅၀၀)ဈေးဖြစ်တယ်လု့ိ သိရပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှာ ရခိုင်ပြည်နယ်တစ်ဝန်းရှိ ပုစွန်မွေးကန်များမှ ကုန်ထုတ် လုပ်မှုကျဆင်းလျက်ရှိပြီး ရေငန်ပုစွန်အများဆုံး တင်ပို့နိုင်တဲ့ ကာလမှာ နှစ်စဉ်ဇွန်လမှ အောက်တိုဘာလအထိဖြစ်တယ်လို့ သိရပါတယ်။နကသ (စစ်တွေ)

Monday, 25 Feb 2013

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် Mobile Team များနဲ့ ရှောင်တခင်စစ်ဆေးမှုများကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများမှာ ပညာပေးကာလအဖြစ် လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်မှစ၍ ဖမ်းဆီးအရေးယူမှုများကို ဆက်လက် လုပ်ဆောင် လျက်ရှိပါတယ်။

Monday, 25 Feb 2013

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က တရားဝင်    တင်သွင်းခွင့်ပြုထားတဲ့ ပလတ်စတစ်အိတ်များအစား  ကျွတ် ကျွတ်အိတ်များ    တင်သွင်းလာတဲ့ အတွက် သိမ်းဆည်းခံရကြောင်း သိရ ပါတယ်။

Monday, 18 Feb 2013

မော်လမြိုင်-ဘားအံ-မြဝတီလမ်းပိုင်းရှိ ခရီးသည်တင်မှန်လုံ မော်တော် ယာဉ်များဟာ ခရီးသွားများကို အကာအကွယ်ရယူပြီး အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်လာမှုများ၊ ဟိုင်းလပ်ယာဉ်များကလည်း ခရီးသည် စီးနင်းမှုနည်းပါးခြင်း ကြောင့် ကုန်စည်အားပြုသယ်ဆောင်လာမှုများရှိတယ်လို့ သတင်းများရရှိကြောင်း Mobile Team  အဖွဲ့-၂ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီအတွက် မြဝတီ-ရန်ကုန် ကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုတားဆီးနိုင်ရေး တာဝန်ယူဆောင် ရွက်နေတဲ့ Mobile Team   အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်ညမှ ၁၁ ရက်နေ့မွန်းလွဲပိုင်းခန့်ထိ မြဝတီ အဆင်းယာဉ်တန်းများ အားစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ထိုသို့စစ်ဆေးရာ မှာ မှန်လုံယာဉ် ၁၂ စီးနဲ့ ဟိုင်းလပ် ယာဉ် ၂ စီးမှ ကျပ် ၃၆၂ သိန်းကျော်တန်ဖိုးရှိ ှSinga Beer ၊ Chang Beer ၊Diablo Beer ၊SPY Wine၊ Vodka အရက်၊ စကော့ဝီစကီ၊ ကားပစ္စည်းများ၊ ဂီယာဝိုင်၊ စားသောက်ကုန်များ (ကြက်ဥမြေပဲ၊ Green Peas ၊ အုန်းနို့၊ Queen  အချိုရည်၊ ကိုကာကိုလာအချိုရည်၊ ပဲနို့၊ ဘူးခေါက်ဆွဲခြောက်၊ ဝေဖာ၊ ဘီစကစ်၊ ဂျယ်လီ၊ လစ်ပို၊ ကော်ဖီ၊ အချိုမှုန့်၊ ငါးသေတ္တာ၊ ကော်ဖီကရင်မ်မာ၊ စားဆီ၊ ကွမ်းစားဆေး၊ ပိန်ဆေး၊ အဆီချဆေး၊ ကြီးထွားဆေး၊ ဆံပင်ဆိုးဆေး၊ ကျား/မ ကလေးဝတ်ဂျင်းအထည်များ၊ ဆွဲသားများ၊ စွပ်ကျယ်များ၊ အမျိုးသမီး ဆံညှပ်/ကလစ်များ ကိုစစ်ဆေးတွေ့ရှိရတဲ့အတွက် အကောက်ခွန် အမှုတွဲ ၁၄ ခုဖွင့် လှစ်ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ထားပြီးပြီဖြစ်ကြောင်း သိရပါတယ်။Source: လရ-၂၊ MTN

Monday, 18 Feb 2013

မြန်မာ-အိန္ဒိယနယ်စပ်ရဲ့ အဓိကပို့ကုန်တစ်ခုဖြစ်တဲ့ ကွမ်းသီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၂ ရက်ထိ ကာလအတွင်းမှာ တန်ချိန် ၉၂ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၃၅ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၅၀ ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာတင်ပို့မှုလျော့ကျ လျက်ရှိပါ တယ်။ ယခင် အပတ်က တမူးနယ်စပ်ရောရိဒ်နယ်စပ်ပါ ကွမ်းသီးတင်ပို့နိုင်ပြီး ယခု အပတ်မှာ တမူးနယ်စပ်တစ်ခုတည်းမှ တင်ပို့ နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှု ကျဆင်းခဲ့ရခြင်းဖြစ်ပါတယ်။ ကွမ်းသီးအဝင်နည်းတဲ့ အတွက် ဈေးပိုပေးပြီး ဝယ်ယူနေ ကြတာဖြစ်ပါတယ်။ တမူးနယ်စပ်မှာကွမ်းသီးဈေးဟာ မိမိဘက်မှာ ၁ ပိဿာကို ယခင် ၁၆၀၀ ကျပ်မှ ယခု ၁၇၀၀ ကျပ်သို့တက်လာပြီး တစ်ဖက်နိုင်ငံမိုရေးဈေး ကတော့ ၁ ပိဿာကို ၁၂၀ ရူပီးမှ ၁၂၅ ရူပီးသို့ ဈေးကောင်းလာပါတယ်။MIRT (DOBT)

Monday, 18 Feb 2013

Moei  မြစ်ကိုဖြတ်ကျော်ဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အား မကြာမီ ကာလမှာ ဘတ်သန်း ၄၀ အကုန်အကျခံကာပြုပြင်မွမ်းမံမှုပြီးစီးတော့ မယ်လို့ ထိုင်းအစိုးရအင်ဂျင်နီယာချုပ် က မြဝတီမှာပြောကြားခဲ့တယ် လို့သိရပါတယ်။

Monday, 18 Feb 2013

ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိက သွင်းကုန် အမယ်တစ်မျိုးဖြစ်တဲ့ ဘိလပ်မြေ တင်သွင်းမှုဟာ မြစ်ကြီးနား-ကန်ပိုက်တီး ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ ကျိုးကျပျက်စီးနေတဲ့ ခုနှစ်ရောင်စုံ တံတား ပြန်လည် ပြုပြင် ပြီးစီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှစပြီး ပြန် လည် မြင့်တက်လာလျက် ရှိပါတယ်။ ကန်ပိုက်တီးစခန်းရဲ့ ဘိလပ်မြေတင်သွင်းမှုဟာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန် ချိန် ၁၁၈၈၆၂ တန်၊ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၈၉ သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃၀၀၄၁ တန်၊ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၆၉ သန်းအထိ တင်သွင်း နိုင်ခဲ့ပြီး ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ၁၅-၂-၂၀၁၃ နေ့ထိ တန်ချိန် ၄၀၁၁ တန်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၂၃ ဒေါ်လာသန်းထိသာ အမှန်တင်သွင်းနိုင်သေး သော်လည်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေ သွင်းကုန်လိုင်စင်လျှောက်ထားမှုဟာ တန်ချိန် ၁၅၀၀၀ ခန့်ထိ ရှိခဲ့ပြီးမြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်စတဲ့ဒေသများမှာ နယ်မြေ တည်ငြိမ် အေးချမ်းမှုရရှိလာပြီး နယ်မြေဒေသခံများရဲ့ တည်ဆောက်ရေးလုပ်ငန်းများမှာ အသုံးပြုရန်လိုအပ်ချက် များ မြင့်မားလာလျက်ရှိတဲ့အတွက် ယခုလိုတင်သွင်းမှု ပိုမို လာခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။  ကပတ (ကမရ)

Pages