Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၀၀ ဒသမ ၆၂၅ တန်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၃ တန်ခန့် အပို့ပိုခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၄၃ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၅၇၈၃ တန်ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၁၁ တန် ကျော်အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်အပြင်ချင်းရွှေဟော်နယ်စပ်ကပါ အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာချင်းရွှေဟော်မှအပို့မရှိခဲ့ဟုသိရပါတယ်။ ယခု ရက်ပိုင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြောင်းကားပျမ်းမျှအစီး ၄၀ ခန့်သာအဝင်ရှိပြီး ပြောင်းဟောင်း ၁ အိတ်ကို ၁၃၂ ဒသမ ၅ ယွမ်နဲ့ ပြောင်းသစ် ၁၃၅ ယွမ်ဝန်းကျင်ဈေးပေါက်လျက်ရှိပါတယ်။ ယခင်အပတ်ဈေးနဲ့ ယခုအပတ် မြေပြင်ဈေး များ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -
မြန်မာ-တရုတ်နယ်စပ်စခန်းများအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ် စပ်စခန်းမှ ဆန်အပြင် ကောက်ညှင်းစပါးကိုပါ ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၁၇၂ သန်းတန် ဖိုးရှိ ဧည့်မထဆန် ၂၅ မှတ် ၄၁၃ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းတန်ဖိုးရှိ ကောက်ညှင်းစပါး ၇၄၆ တန်အပို့ရှိခဲ့တာဖြစ်ပါတယ်။
နွေစပါးပေါ်ချိန် စပါးဈေးကျဆင်းချိန်မှာ မြဝတီနယ်စပ်မှ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းနှင့် ဇီယာဆန် ၂၅ ရာခိုင်နှုန်းတင်ပို့ရန် စတင်ဆောင်ရွက်နေပြီ လို့ သိရပါတယ်။ မြဝတီနယ်စပ်မှ တင်ပို့ရန်ဆန်လိုင်စင်တန်ချိန် ၂၄၀၀ ခွင့်ပြုထားပြီး ယခုရက်ပိုင်းအတွင်း စတင် တင်ပို့တော့မယ်လို့သိရပါတယ်။ ပြည်တွင်းဈေးနှုန်း မှာ ၅၀ ကီလိုဝင် တစ်အိတ်လျှင် ၁၄၀၀၀ ကျပ်ခန့်ရှိတဲ့ ဧည်မထ၊ ဇီယာစတဲ့ ဆန်အမျိုးအစားများ တင်ပို့မယ်လို့ သိရပါတယ်။ တစ်ဖက်နိုင်ငံမဲဆောက်မှဝယ်ယူ မည့်ဈေးမှာ ၅၀ ကီလိုဝင်တစ်အိတ်လျှင် ၆၅၀ ဘတ်ခန့်နဲ့ တစ်ကီလို ၁၃ မှ ၁၄ ဘတ်ခန့်အထိရရှိနိုင်၍ အမြတ်အစွန်းအနည်းငယ်နဲ့ အရောင်းအဝယ်သွက်လက်ပြီး ဈေးကွက်ထဲသို့ စတင်ဝင်ရောက် နေရာယူတော့မည်ဖြစ်ကြောင်း သတင်းရရှိပါ တယ်။ နကသ
နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှာ ၁၂-၆-၂၀၁၂ ရက်နေ့မှစပြီး Automatic Licensing စနစ်ဖြင့် သွင်းကုန် ပစ္စည်းအမျိုးအစား ၁၆၆ မျိုးကို စခန်းမှ တိုက်ရိုက်လိုင်စင်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းတန်ဖိုးရှိသီဟိုဠ်စေ့ ၁၅၈ တန်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၅ တန် အပို့ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှလည်း ၇၁ ဒသမ ၃၈၀ တန် အပို့ရှိခဲ့ရာ ယခုအပတ်မှာသီဟိုဠ်စေ့ ၂၂၉ တန်ကျော် အပို့ရှိခဲ့ပါ တယ်။ ယခင်အပတ်က မြဝတီနယ်စပ်မှ ၉ တန်ကျော်သာအပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၃၀ နီးပါး အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
မြဝတီကုန်သွယ်ရေးဇုန်ရဲ့ အဓိကပို့ကုန်ပစ္စည်းဖြစ်တဲ့ ရေထွက်ပစ္စည်းတင်ပို့နိုင်မှုမှာ ဧပြီလတွင် ၂၈၀ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုညဒသမ ၇၆၉ သန်း၊ မေလတွင် ၄၃၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၀၉၀ သန်း၊ ဇွန်လတွင် ၂၂၁ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၅၂၇ သန်း၊ ဇူလိုင်လ ဒုတိယပတ်အထိ ၁၅၂ တန်၊တန်ဖိုးကန်ဒေါ်လာ သုညဒသမ ၃၄၀ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်မှာ ယခင်လထက် ပိုမို တင်ပို့ နိုင်မယ်လို့သိရပါတယ်။မိမိဘက်မှငါးများကို တစ်ဖက် နိုင်ငံက ကြိုက်နှစ်သက်ပြီး ဈေးကွက်ဝယ်လိုအား ရှိပေမယ့် ယခုရာသီချိန်တွင် ရခိုင်ကမ်းရိုးတန်းမှ ရေထွက်ပစ္စည်းများ ရန်ကုန်ဗဟိုစံပြငါးဈေးသို့ ဝင်ရောက်မှုနည်းပါးခြင်း၊ ပင်လယ် ပြင် ငါးဖမ်းရာသီ မဟုတ်သဖြင့် ငါးဖမ်းဆီးရရှိမှု နည်းပါးခြင်း တို့ကြောင့် တင်ပို့နိုင်မှုလျော့နည်းသော်လည်း တစ်ဖက်နိုင်ငံမှ ဈေးေ ကာင်း ပေးဝယ်ယူလျက်ရှိပါတယ်။ မိမိဘက်မှတင်ပို့ငါး များကို တစ်ဖက်နိုင်ငံတွင် တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) ပြုလုပ်ပြီး ပြည်ပသို့ ပြန်လည် တင်ပို့တယ်လို့ သိရှိရပါတယ်။ နကသ
ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၀ကျော်၊ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၆ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၉၃၄ တန်ခန့် အပို့ရှိခဲ့ရာ ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၀၉၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၇၂၆ တန် အပို့ပိုခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုချင်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မြဝတီနယ်စပ်မှ ငါးမျိုးစုံ ၂၇ တန်ကျော်၊ ပုစွန် ၃ တန်ခန့်၊ ကဏန်း ၁၇ တန်ခန့်၊ ငါးရှဉ့် ၂ တန်၊ ဘီလား ၁ တန်နဲ့ ငပိ တန်ဝက်၊ ကော့သောင်းနယ်စပ်မှ ငါးမျိုးစုံ ၉၇ တန်ခန့်၊ ကဏန်းသုည ဒသမ ၈၈ တန်၊ ငါးဆားနယ် ၅ ဒသမ ၇၂၀ တန်၊ ငါးစီဖောင်း ၂ ဒသမ ၆၉၈ တန်၊ ကျောက်ပုစွန် သုည ဒသမ ၂၀၀ တန်၊ ကင်းမွန် သုညဒသမ ၂၄၀ တန်၊ မြိတ်နယ်စပ်မှ ငါးမျိုးစုံ ၁၁၉၈ တန်ခန့်၊ ရေငန်ပုစွန် ၁၆ တန်ခန့်၊ အေးခဲကင်းမွန် ၂၅ တန်ခန့်၊ ကင်းမွန်အသားလွှာ ၁၂ တန်၊ ကင်းမွန်ကောင်လုံးသန့် ၇ တန်ခန့်၊ ကင်းမွန်ခေါင်း ၆ ဒသမ ၅၆ တန်၊ ငါးမှုန့် တန် ၅၈၀၊ အေးခဲပုစွန် ၅၅ တန်၊ အေးခဲကဏန်းပျော့ တန် ၃၀ ကျော်၊ အေးခဲကဏန်းနီ သုည ဒသမ ၇၉၂ တန်နဲ့ ကဏန်းအသေး (အသေ) ၄ တန်ကျော် ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
မြဝတီကုန်သွယ်ရေးဇုန်သို့ မြန်မာပြည်အရပ်ရပ်မှ ဆန်ကွဲများဝင်ရောက်ပြီး ထိုင်းနိုင်ငံသို့စံချိန်တင် တင်ပို့လျက် ရှိပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလတွင် ၃၃၆ တန်၊ ကန်ဒေါ်လာသုည ဒသမ ၁၀၄သန်း၊ မေတွင် ၄၉၆၀ တန်၊ ကန်ဒေါ်လာ ၁ ဒသမ ၄၉၄ သန်း၊ ဇွန်လတွင် ၁၀၃၈၁ တန်၊ ကန်ဒေါ်လာ ၃ ဒသမ ၁၁၄ သန်းဖိုး အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအနေဖြင့် ဒုတိယအပတ်အထိ ၁၄၈၃ တန်၊ ကန်ဒေါ်လာသုည ဒသမ ၄၄၅ သန်းတင်ပို့ပြီး ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်မှု စရိတ် အနည်းငယ်ကျဆင်းလာပြီး တစ်ဖက်ဝယ်လိုအားရှိနေဆဲဖြစ်၍ မိမိဘက်မှ အပြိုင်တင်ပို့လျက်ရှိပါတယ်။ အများဆုံး တင်ပို့လျက်ရှိသည့် B 2,3,4 အမျိုးအစား ဆန်ကွဲလိုင်စင်ခွင့်ပြုဈေးနှုန်းမှာ တစ်တန်လျှင်ကန်ဒေါ်လာ ၃၀၀ ဖြစ်ပြီး B 1,2 အမျိုးအစား ဆန်ကွဲ လိုင်စင်ခွင့်ပြုဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၃၄၀ ဖြစ်ကြောင်းနဲ့ တစ်ဖက် နိုင်ငံမဲဆောက်မှာ တစ်ကီလို ၁၁ ဘတ်မှ ၁၂ ဘတ်အထိ အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါတယ်။နကသ
ဟင်္သာတမြို့နယ်ရှိ ဧရာရွှေဟင်္သာတဆန်စပါးအထူးပြုကုမ္ပဏီမှ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နဲ့ တောင်သူတစ်ဦးချင်း ဝင်ငွေများတိုးတက်လာစေဖို့ အဆင့်မြင့် ပုလဲသွယ် မျိုးစပါးများ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ တစ်ဧကကို ၂ တင်းနှုန်းဖြင့် ဧက ၈၀၀ အတွက် တင်းပေါင်း ၁၆၀၀ ကို ဖြန့်ဖြူးပေးပြီးကြောင်းနဲ့ စိုက်ပျိုးချိန်မှာ လိုအပ်တဲ့ စိုက်ပျိုးစရိတ်၊ မျိုးစပါး၊ သွင်းအားစု၊ ဓာတ်မြေသြဇာ များကိုလည်း တစ်ဧကကို ကျပ်တစ်သိန်းနှုန်းနဲ့ ဧက ၈၀၀ အတွက် ကျပ်သိန်းပေါင်း ၈၀၀ အား ဇူလိုင် ၁၅ ရက်အထိ ထုတ်ချေးပြီးကြောင်း သိရပါတယ်။အေးအေးခိုင်