Background
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ တန်ဖိုးမြင့် (Value Added) သကြားအပို့ရှိသလို သကြားအတွက်စက်မှု ကုန်ကြမ်းကြံကိုလည်း တစ်ဖက် တရုတ် နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၇၁၅၁၃ တန်ဖိုးရှိ ကြံတန်ချိန် ၂၀၀၀ ကို ချင်းရွှေဟော်နယ်စပ်မှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ယခင်နှစ်များက ရေထွက်ကုန်ငါးရှဉ့်ဝယ်လိုအား နည်းပါးခဲ့သော်လည်း ယခုအခါ ရောင်းလိုအားရော ဝယ်လိုအားပါများလာတဲ့အတွက် ငါးရှဉ့်အပြင် ကဏန်းများပါ တင်ပို့လာနိုင်ပြီဖြစ်ပါတယ်။ ဧပြီလမှာ ကန်ဒေါ်လာ သုည ဒသမ ၃၆၀ သန်းတန်ဖိုးရှိ ငါးရှဉ့် ၈၂ တန်ခန့်၊ မေ ၂၇ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၉၂ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ကဏန်း ၄ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ရုံးမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ နိုင်း အနုစွန်အင်စအတ်က ဝန်ကြီးများအစည်းအဝေး မှာ နိုင်ငံ တော်စီးပွားရေးနှင့်လူမှုရေးအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရေး ကော်မတီမှ တင်ပြတဲ့အနောက်ဘက် ကမ်းခြေ နဲ့ မြန်မာနိုင်ငံတို့အား ဆက်သွယ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေး နည်းလမ်းများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အား ဆွေးနွေးမှုများပြု လုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်စီးပွားရေးနဲ့ လူမှုရေး အဖွဲ့ အစည်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီအနေနဲ့ နည်းလမ်းများ တင်ပြရာမှာ အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတို့ ပူးပေါင်းပြီး စီမံကိန်းတစ်ခုစီ အဆင်သင့် ဖြစ်နေရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါတယ်။
ရခိုင်ပြည်နယ်ထွက် နေလှန်းဆား များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ ၁၉၉၈ ခုနှစ်မှစပြီးတင်ပို့ခဲ့ရာမှာ ၂၀၀၄ ခုနှစ်ကုန်ပိုင်းမှာ စားဖိုဆောင်သုံး ပစ္စည်းများတင်ပို့မှု ရပ်ဆိုင်းတဲ့မူအရ ပြည်ပသို့ မြန်မာ့ဆားတင်ပို့မှုလည်း ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေနဲ့ ပြည်တွင်းဆားလို အပ်မှုအတွက်ဒေသတွင်း ထုတ်လုပ်မှု လုပ်ငန်းများ တိုးချဲ့တည်ထောင်စေခဲ့တဲ့ အပြင် အိန္ဒိယနိုင်ငံ ဆားကုန်သည်များ နဲ့ ချိတ်ဆက်ဆောင်ရွက်စာချုပ် ချုပ် ဆိုဝယ်ယူခဲ့တာကြောင့် မြန်မာ့ဆားဈေး ကွက်ပျောက် ဆုံးခဲ့ရပါတယ်။
မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၂ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၈၈ ဒသမ ၉၉၂ တန်ကို အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မြဝတီမှ ၉၇ တန်၊ တမူးမှ ၈၃ တန်နဲ့ ရိဒ်မှ ၉ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၂၄ တန်အပို့ပိုခဲ့ပါတယ်။ တမူးမှ အပို့ပိုခဲ့ပြီး ယခင်အပတ်က အပို့မရှိတဲ့ ရိဒ်ကအပို့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ MIRT(DOBT)
ချင်းရွှေဟော်နယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၄၇၉ သန်းတန်ဖိုးရှိ အေးခဲ အမဲသား ၁၂၆ တန်ကို မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၀ နီးပါး အပို့ပိုခဲ့ပါတယ်။ အေးခဲအမဲသားအပြင် တိရစ္ဆာန်ဘေးထွက်ပစ္စည်း ၂ တန်ခွဲလည်း တင်ပို့ခဲ့ပါသေးတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၀၀၃ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃၆၈ ဒသမ ၅၀၀ တန်၊ ကန်ဒေါ်လာသုညဒသမ ၀၃၄ သန်းတန်ဖိုးရှိ ကျွဲနွားသားရေ ၅၃ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း တန်ဖိုးရှိ အမဲသားခြောက် ၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ MIRT(DOBT)
မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကျပ် ၂၆ သန်းကျော်တန်ဖိုးရှိ ဝက်အရှင် ၁၉၃၂၀ ကီလိုဂရမ်ကို မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ ရာ ယခင်အပတ်ကထက် ၄၆၄၇ ကီလိုဂရမ် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဝယ်လက် ရှိတဲ့အပေါ်မူတည်ပြီး ကောက်သင်းကောက်စုပေါင်းပြီး တင်ပို့နေတာ ဖြစ်လို့ တစ် ပတ်နဲ့ တစ်ပတ်တင်ပို့နိုင်မှု အတက်အကျများ ရှိနေတာဖြစ်ပါတယ်။MIRT(DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၉၆၆ တန်ကျော်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ရာယခင်အပတ်ကထက် တန် ၂၀၀ ကျော် အပို့ပိုခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပို့ကုန်တွေကတော့ ငါးမျိုးစုံ ၁၈၂၆ တန်ကျော်၊ ရေငန်ပုစွန် ၂၂ တန်ခန့်၊ ငါးမှုန့် ၁၁၁ တန်ကျော်နဲ့ ကဏန်း အသေး (အသေ) ၇ တန်ခန့် ဖြစ်ပါတယ်။
မေ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်း ရွှေဟော်စတဲ့ မြန်မာ-တရုတ် နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ ၄ ဒသမ ၃၃၀ သန်းတန်ဖိုးရှိ ဆန် ၁၀၄၃၅ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါ တယ်။ နယ်စပ်အလိုက် ဆန်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ဆန် ၈၀၆၆ တန် ခန့်နဲ့ ဆန်ကွဲ ၅၄၇ တန်ကျော်၊ လွယ်ဂျယ်မှ ၄၂၆ တန်နဲ့ ချင်းရွှေဟော်မှ ၁၃၉၆ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ စခန်း ၃ ခုလုံးမှ ဆန်တင်ပို့မှု လျော့နည်းခဲ့တာဖြစ်ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၈၂၆ တန် လျော့နည်းခဲ့တယ် လို့ သိရပါတယ်။MIRT (DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ လယ်ယာ ထွက်ကုန် ၃၃၆ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၉ တန်ကျော် အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မြဝတီနယ်စပ်မှ တင်ပို့တဲ့လယ်ယာထွက်ကုန်တွေကတော့ ကန်ဒေါ်လာ သုည ဒသမ ၄၄၈ သန်းတန်ဖိုးရှိ ဘိုကိတ်ပဲ ၃၆ တန်၊ ပဲလွန်းဖြူ ၁၅တန်၊အာလူး ၅၇ တန်ကျော်၊ ဂျင်းခြောက် ၆ တန် ကျော်၊မန်ကျည်းမှည့် (အစေ့ပါ)၂၄ တန်၊ကွမ်းသီး ၃၉ တန်ခန့်၊ နနွင်း တက် ၉၇ တန်၊ ဆေးရွက်ကြီး ၁၉ တန် ခွဲ၊ သီဟိုဠ်စေ့ ၁၃ တန်ခန့်၊ သခွားမွှေး ၁၀ တန်နဲ့ သရက်သီး ၁၀ တန် အသီးသီး ဖြစ်ပါတယ်။