Main menu

Background

Wednesday, 30 May 2012

    မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၅၉ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၂ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၈၃၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၈၀ ကျော် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။

Wednesday, 30 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြိမ် ၉၁ တန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကြိမ် ၅ တန်နဲ့ သစ်ခေါက် ၅ တန် စုစုပေါင်းတန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုညဒသမ ၀၇ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဝါးကြီးနဲ့ ဓနိများ အပို့ရှိခဲ့တာဖြစ်ပြီး ယခုအပတ်မှာ ကြိမ်နဲ့ သစ်ခေါက် သာ အပို့ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)

Wednesday, 30 May 2012

    မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၂၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၉၃၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၄၃၀ ခန့် အပို့ပို ခဲ့ပါတယ်။ တမူး နယ်စပ်မှလည်း တောင်လုံးကျော် ၄ တန်အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက်သုည ဒသမ ၅၅ တန် အသွင်းပိုခဲ့တဲ့ အတွက် ယခုအပတ်နယ်စပ်မှ ပရဆေးကုန်သွယ်မှု ပိုမိုလာခဲ့ပါတယ်။

Wednesday, 30 May 2012

    မြန်မာထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဧပြီလနောက်ဆုံးပတ်မှာတစ်ဘက်ထိုင်းနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းတန်ဖိုး ရှိ ကောက်ညှင်းစပါးတန် ၅၀၀ စတင် တင်ပို့ခဲ့ပြီး ယခု မေလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကောက်ညှင်း စပါး တန် ၁၀၀၀ ထပ်မံတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ တာချီလိတ်နယ်စပ်မှတင်ပို့တဲ့ ကောက်ညှင်းစပါးများဟာ မိုင်းယောင်းမြို့နယ် ထွက်ရှိမှုမှ ပိုလျှံတဲ့ ကောက်ညှင်း စပါးများဖြစ်တယ်လို့သိရပါတယ်။

Monday, 21 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၄၆၉ ဒသမ ၉၂၅ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ တိရစ္ဆာန်ထွက်ပစ္စည်း ၃ တန်ခွဲကို  တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား ၂၄ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။MIRT (DOBT)

Monday, 21 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၀ သန်းတန်ဖိုးရှိ ဖရဲသီး ၁၃၇၁ တန် မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၁၆၃၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ရာသီချိန်ကုန်ပြီ ဖြစ်တဲ့ သခွားမွှေးကိုတော့ ၁၇ တန်ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)

Monday, 21 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၂၀ သန်းတန်ဖိုးရှိ သရက်သီး ၃၇၉၁ ဒသမ ၅ တန်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ အပို့ရှိခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ ၂၄၆၅ တန်ကျော်အပို့ရှိခဲ့တဲ့အတွက်  ယခုအပတ်တင်ပို့မှု မှာ ဧပြီလတစ်လလုံးတင်ပို့မှုထက်ကျော်လွန်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။

Monday, 21 May 2012

    ရာသီဥတုပူပြင်းတဲ့နွေရာသီမှာ ခန္ဓာကိုယ်ထဲကဆားတွေ ချွေးနဲ့အတူပါပြီး လျော့နည်းသွားတတ်တာ သဘာဝပါပဲ။ ဒီလျော့နည်းသွားတဲ့ ဆားဓာတ်တွေပြန် လည် ဖြည့်တင်းနိုင်ဖို့အတွက် ဓာတ်ဆားထုပ်များကို အများသူငှါ မှီဝဲသောက်သုံးနေ ကြပါတယ်။

Monday, 21 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၆၅ တန်ခန့်ကို နယ်စပ်စခန်းများမှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂ တန်ခန့်သာ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်နယ်စပ်အလိုက် တင်ပို့ နိုင်မှုတွေကတော့ မြဝတီမှ ၁၁၃ တန်ခန့်၊ စစ်တွေမှ ၄ တန်နဲ့ တမူးမှ ၄၈ တန် အသီးသီးဖြစ်ပါတယ်။                                       MIRT(DOBT)

Monday, 21 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းတန်ဖိုးရှိ ဆန် ၁၃၂၆၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ဆန် တန် ၂၇၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Pages