Main menu

Background

Friday, 20 May 2022

ယခုနှစ် ဧပြီလကုန် ကင်းမွန်ရာသီပိတ်သိမ်းချိန်တွင် ကင်းမွန်ဈေး ကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေခဲ့ကြောင်း မြိတ်ခရိုင်  ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခု ၂၀၂၂ ခုနှစ်အတွက် ငါးသားပေါက် ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအဖြစ် သတ်မှတ်ခဲ့ပြီး ကင်းမွန်လှေများကိုမူ ဧပြီ လတစ်လ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ အဆိုပါလအတွင်း ကမ်းဝေးငါးဖမ်း လှေအားလုံး ငါးဖမ်းဆီးခွင့်ပိတ်ထားပြီး ကင်းမွန်လှေလုပ်ငန်း   အမျိုးအစား တစ်ခုတည်းသာ လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် လုပ်ငန်းအဆင်ပြေမှုရှိခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက မေ ၄ ရက်တွင် ပြောသည်။ ''ရာသီအပိတ်မှာ ဈေးကောင်းရ

Monday, 2 May 2022

ငရုတ်
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင်   ဧပြီ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ( ငရုတ်ရှည် )သစ် ကျပ်၄၂၀ဝ၊ မြှားနီ (ဟင်္သာတ)သစ် ကျပ် ၅၀ဝ၀၊ မိုးထောင်(ဟင်္သာတ) ကျပ် ၅၂၀ဝ၊ မိုးထောင်(မြစ်ဝ)သစ် ကျပ် ၅၀ဝ၀၊ ဆင်ဖြူကျွန်း(ပု) သစ် ကျပ် ၇၅၀ဝ နှင့် မြစ်ဝ (ပု) ကျပ် ၈၀ဝ၀ အသီးသီး ဖြစ်ခဲ့သည်။
တစ်ပတ်အတွင်း ဆင်ဖြူကျွန်း(ပု)သစ် ကျပ် ၁၀ဝ၀နှင့် မြစ်ဝ (ပု) ကျပ် ၅၀ဝ ဈေးမြင့်တက်ခဲ့သည်။ ကျန်ငရုတ်များ ဈေးငြိမ်လျက် ရှိသည်။တစ်ပတ်အတွင်း ငရုတ်ရှည်အိတ်ပေါင်း ၆၅၅၂ (၁၃၀၅၀ဝ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၉၅၀ (၁၄၂၅၀ ပိဿာ)  အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Thursday, 28 Apr 2022

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ကုန်းဇင်းကျေးရွာအုပ်စု ဇီးတောကျေးရွာတွင် သံပရာစိုက်ဧက ၂၀ ကျော်ရှိသည်။ သံပရာပင်သည် နှစ် ၄၀ ကျော်ကြာ အပွင့်ပွင့်၍ အသီးသီးနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်သော်လည်း ၁၀-၁၅ နှစ်လောက်သာ စိုက်ပျိုးကြကြောင်း သိရသည်။ အပင်စိုက်ပျိုးပြီး ၄-၅ နှစ်မှစတင်၍ အသီးသီးသည်။ တစ်ဧကလျှင် သံပရာပင် ၃၀ဝ ကျော်ခန့် စိုက်ပျိုးနိုင်ပြီး အပင်ပျိုး၍ အသီးအားကောင်းသောနှစ်များတွင် တစ်ပင်လျှင် အသီး ၂၀ဝ-၂၅၀ ခန့်သီးနိုင်ကြောင်း သိရသည်။သံပရာသီးသည် မိုးရာသီတွင်  အသီးနှုန်းကောင်း၍ အသီးလုံးချောပြီး ရာသီဥတုပူပြင်းသော နွေရာသီမှာတော့ အသီးနှုန်း ကျဆင်း၍ အသီးမှာလည်း အလုံးသေးသွားကြောင်းသိရသည်။ ယခုနှစ

Monday, 21 Mar 2022

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်သည်။   ဒေသအတွင်း စပါးကို အဓိကထား စိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ငရုတ် စသည့် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။  ၎င်းသီးနှံ များအနက် ငရုတ်သီးနှံကို ကျောက်ဆည်မြို့နယ်တွင်   ဧက  ၂၀၂၀၊ စဉ့်ကိုင်မြို့နယ်တွင်   ၁၈၉၇ ဧက၊   မြစ်သားမြို့နယ်တွင် ၉၆၈၆ ဧက၊ တံတားဦးမြို့နယ်တွင် ၁၀၃၇ ဧက၊ စုစုပေါင်း  ဧက  ၁၄၆၄၀  စိုက်ပျိုးပြီး ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ငရုတ်သီးနှံကို နိုဝင်ဘာနှင့်  ဒီဇင်ဘာလများတွင်   စတင် စိုက် ပျိုးပြီး မတ်နှင့် ဧပြီလများတွင်  စတင်ခူးဆွတ်ကြ

Monday, 21 Mar 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေးစခန်းမှ လျာထားချက်အပေါ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု ပမာဏ ၉၇ ဒသမ၉၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။မြိတ် ကုန် သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ၇၂၅ သန်းနှင့်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၆ဒသမ  ဝ၃၂ သန်းဖိုး ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ၁၁ ဒသမ ၇၅၇ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သည်။  ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ် ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၆ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၉ သန်း လျော့နည်းခဲ့သဖြင့်

Monday, 21 Mar 2022

တနင်္သာရီတိုင်းဒေသကြီးသည်   ကွမ်းသီးပင်များကို အများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်သည်။  ကွမ်းသီးတွင်   ကွမ်းသီးအလုံး ဈေးနှင့် ကွမ်းသီးခွဲခြမ်းဈေးဟူ၍ ရှိသည်။လက်ရှိတွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ နှုန်း ပေါက်ဈေးရှိကာ ရန်ကုန် မြို့ပေါ်တွင် ကျပ် ၆၀ဝ၀၊ ၆၂၀ဝ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။ယခုအချိန်သည် ကွမ်းသီးအများဆုံးထွက်ရှိနေပြီး   ကွမ်းသီး လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိသော်လည်း   ဈေးကွက်အတွင်းတွင် ပစ္စည်းအဝင်များသောကြောင့် ယခင်အပတ်ထက် ယခုအပတ်  ဈေးနှုန်း မှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ကွမ်းသီးကို ထားဝယ

Friday, 4 Mar 2022

မြန်မာ့ခရမ်း‌ရောင်   ကန်စွန်းဥ အမှုန့်များကို ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီ များသို့ တင်ပို့ရောင်းချနိုင်ရန်  ကြိုးပမ်း နေကြောင်း  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန် သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။

Friday, 4 Mar 2022

အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၇ သန်းတန်ဖိုးရှိ နို့ဆီ ၃၆၈၁၅၆ တန် အား ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ တင်သွင်းခဲ့သည်။ ယခုပတ် အတွင်း မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ မှ တင်သွင်းခဲ့ပြီး တင်သွင်းခဲ့သည့် အမျိုး အစားများမှာMilk Product Falcon Brand, Tea pot Gold Brand, Hawk Brand  တို့ဖြစ်ကြောင်း သိရသည်။ ယခင်တစ်ပတ်က နို့ဆီ ၂၈၄၅၄၄ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခင်တစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ရှစ်သောင်းကျော်  ပိုမိုခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း နယ်စပ်မှ နို့ဆီတင်သွင်းမှုမရှိကြောင်း သိရှိရသည်။                                                                  

Wednesday, 2 Feb 2022

ပဲခူးတိုင်းဒေသကြီး၌ ကွမ်းသီးစိုက်ဧက ၂၀ဝ၀ ကျော် တွင် တောင်ငူခရိုင်၌ စိုက်ဧက ၁၀ဝ၀ကျော် စိုက်ပျိုးလျက်ရှိပြီး  တောင်ငူခရိုင်နှင့်  နယ်နိမိတ်ခြင်း  ဆက်စပ်လျက်ရှိသော ကရင်ပြည်နယ် သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ဧက အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။သံတောင်ကြီးဒေသ၏ ကွမ်းသီးစိုက်ဧကမှာ ၅၈၇၇ ဧကခန့်ရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ၃၁၃ ပိဿာခန့် ထွက်ရှိကြောင်း သိရှိရသည်။  ကွမ်းသီးဈေးကွက်အနေဖြင့် တောင်ငူခရိုင်မှထွက်ရှိသော ကွမ်းသီးများသာမက သံတောင် ကြီးဒေသမှထွက်ရှိသော ကွမ်းသီးများသည်လည်း တောင်ငူ မြို့ရှိ ပွဲရုံများသို့ အဓိကတင်သွင်းပြီး တောင်ငူမြို့မှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရ

Monday, 27 Dec 2021

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေခြင်းကို ကိုဗစ်(၁၉) ရောဂါ ပိုး တွေ့ရှိမှုကြောင့် မန်းဝိန်းဂိတ် အား ၃၀-၃-၂၀၂၁ ရက်တွင် လည်းကောင်း၊ ကျင်စမ်းကျော့ဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်း ဂိတ်ကို ၈-၇-၂၀၂၁ ရက်တွင် လည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးနယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဘက်မှ ၁၈-၄-၂၀၂၁ ရက်မှစ၍ တင်ပို့/တင်သွင်း ခြင်း ကိုယာယီရပ်ဆိုင်း ခဲ့သည်။   မြန်မာဘက်ကလည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှု ကြောင့် ၆-၁၀-၂၀၂၁ ရက်မှစ၍ ကိုဗစ် (၁၉) ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်း များ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့သည်။

Pages