Background
ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၅၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၄၃၃ တန်ခန့်၊ သားရေ ၅၅ တန်ကျော်၊ ဘေးထွက်ပစ္စည်း ၁၉ တန်ခန့်၊ ကလီစာ ၃၆ တန်ကျော်နဲ့ အမဲပြုတ်သား ၈ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် အေးခဲအမဲသား ၂၆၃ ဒသမ ၅၂၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၃၄၁ တန်၊ ကျွဲနွားသားရေ ၅၅ တန်ကျော်၊ ကလီစာ ၃၇ တန်ခန့်၊ ချင်းရွှေဟော်မှ အေးခဲအမဲသား ၉၁ တန်ကျော်၊ နွားဘေးထွက် ၁၉ တန်ခန့်နဲ့ အမဲပြုတ်သား ၈ တန်ခွဲ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား ၂၆၃ ဒသမ ၅၂၈ တန်အပို့ပိုခဲ့ပါတယ်။ နယ်စပ်မှ ဧပြီလမှ အေးခဲအမဲသား တန် ၁၀၀၀ ကျော်၊ ကျွဲနွားသားရေ ၄၃၉ တန်ခန့်၊ နွားကြော ၉ တန်၊ ကလီစာ ၃၇ တန်၊ အမဲပြုတ်သား ၈ တန် ခွဲ၊ နွားဘေးထွက် တန် ၂၀ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၁၄ တန်၊ ပုစွန် ၇ တန်ကျော်နဲ့ ကဏန်း ၁၆ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၈၆၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၁၁ ဒသမ ၉၂၃ သန်းတန်ဖိုးရှိ ကဏန်း ၃ တန်၊ ခရု သုညဒသမ ၃၇၅ တန်၊ငါးဆားနယ်၁၁ ဒသမ ၂၂၀ တန်နဲ့ ပဂဲ ၁ ဒသမ ၆၅၈ တန် အပို့ရှိခဲ့ပါတယ်။
ဧပြီလဆန်းကစပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တော နယ်စပ်များမှ ရေထွက် ကုန်တင်ပို့မှုနားနေရာမှ ယခုဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာတော့ မောင်တောနယ်စပ်မှသာ ကန်ဒေါ်လာ သုညဒသမ ၁၇၀ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၂၉ တန်ဝန်းကျင်တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါ တယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၆၁၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၅ တန်ဝန်းကျင် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၀၀ နီးပါးအပို့ပိုခဲ့ပါတယ်။ တရုတ်နယ်စပ်မှ တင်ပို့တဲ့ ရေထွက်ကုန်တွေကတော့ မူဆယ်မှ ငါးရှဉ့် ၃၂ တန်ခန့်၊ ကဏန်း ၄၅ တန်ကျော်နဲ့ ငါးဆားနယ် တန် ၁၀၀ နီးပါး ချင်းရွှေဟော်မှ ငါးရှဉ့် ၃၈ တန်ဝန်းကျင်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ဧပြီလအတွင်းမှာ တရုတ်နယ်စပ်မှ ရေထွက်ကုန် ၅၄၇ တန်တင်ပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုည ဒသမ ၄၆၁ သန်းတန်ဖိုးရှိ စိန်တစ်လုံး သရက် ၈၃၆ တန်ကျော်ကို ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ဧပြီလဆန်းပိုင်း စတင်ပို့စဉ်က တစ်တန်ခွဲ၊ နောက် တန် ၇၀ ဝန်းကျင်အပို့ရှိခဲ့ရာမှ ယခုအခါ တန် ၈၀၀ ကျော်ထိ ပို့အား တက်လာတွေ့ရပါတယ်။ စိန်တစ်လုံးဂျပ်ဖာ ၁ လုံးကို ယွမ် ၁၈၀ ဈေးပေါက်ပြီး ရင်ခွဲသရက် ဂျပ်ဖာ ၁ လုံးကို ယွမ် ၃၀ မှ ၃၆ ယွမ် ဝန်းကျင်ဈေးသာရတယ်လို့ သိရပါတယ်။MIRT (DOBT)
ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒဿမ ၆၄၂ သန်းတန်ဖိုးရှိ မူဆယ်မှ အေးခဲအမဲသား ၁၂၄ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၅ တန်ခန့်ကို အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၈၂ တန်ကျော် အပို့ပိုခဲ့ပါတယ်။ ဒါ့အပြင် မူဆယ်မှ နွားကြော ၉ တန်၊ နွားသားရေ ၁၆၉ တန်ခန့် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နွားဘေးထွက် ၂ တန်ကျော် ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးတင်ပို့မှုရှိခဲ့တယ်လို့သိရပါ တယ်။ MIRT (DOBT)
ရာသီချိန်ကုန်ပြီးဖြစ်လို့ သခွားမွှေးတင်ပို့မှုများ ကျသထက်ကျလျက်ရှိရာ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၂၈ သန်းတန်ဖိုးရှိ သခွားမွှေး ၁၉၅၆ တန်သာ တင်ပို့နိုင် ပါတော့တယ်။ တစ်နေ့ကို သခွားမွှေးကား ၂ စီးမှ ၃ စီးသာ အတက်ရှိတာဖြစ်ပါတယ်။ ရာသီချိန်ကုန်လာ တာနဲ့အမျှ လဆန်းပထမပတ်မှာ တန် ၄၀၀၀ ကျော်၊ ဒုတိယပတ်မှာ တန် ၃၅၀၀ ကျော်နဲ့ ယခုတတိယပတ်မှာ တန် ၂၀၀၀ နီးပါးသာ အပို့ရှိတော့တာဖြစ်ပါတယ်။MIRT (DOBT)
မြန်မာနှစ်သစ်ကူးလွန်ကာလဖြစ်တဲ့ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၆၄၄ သန်းတန်ဖိုးရှိ ဆန် ၆၀၁၄ ဒသမ ၁၅၆ တန်အပို့ရှိခဲ့ရာ သြင်္ကန်အကြိုအပတ်ကထက် တန်ချိန် ၅၈၆၀ ကျော် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၀ မှတ် တန် ၅၀၀၀ ကျော်နဲ့ ဆန်ကွဲ ၆၃ တန်၊ လွယ်ဂျယ်မှ ငစိန် ၃၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ငစိန် တန် ၅၀၀ နဲ့ ကန်ပိုက်တီးမှ ဧည့်မထ ၂၅ မှတ် ၆၂ တန်ကျော်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ကန် ပိုက်တီး နယ်စပ်များမှ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၇၄ သန်းတန်ဖိုးရှိ ဖရဲသီး ၁၇၅၉၃ တန်ဝန်းကျင်အပို့ရှိခဲ့ ပါတယ်။မူဆယ်မှ ၁၇၁၂၃ တန်ကျော်၊ လွယ်ဂျယ်မှ ၂၂၉ တန်နဲ့ ကန်ပိုက်တီးမှ ၂၄၁ တန်ဝန်းကျင်အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုရက်ပိုင်း အတွင်းမူဆယ်ကို ဖရဲသီးကားတွေ တစ်နေ့ကိုအစီး ၁၀၀ ဝန်း ကျင် အဝင်ရှိနေတယ်လို့ သိရပါတယ်။ MIRT (DOBT)
ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၁၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၁၅ တန်ကျော်ကို မူဆယ်နယ်စပ်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ဒရင်ကောက်မြစ် တန် ၂၀ ကို ချင်းရွှေဟော် နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်း တန် ၄၅၀ ကျော် နယ်စပ်မှ အပို့ပိုခဲ့တာဖြစ်တယ်။