မကွေးတိုင်းဒေသကြီး စပါး၊ ဆန်ဈေးနှုန်းများ
မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီး ဖြစ်၍ စပါး အဓိကစိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များမှ တင်သွင်းရသည်။
ဇန်နဝါရီ ၃ ရက်မှ ၉ ရက်အတွင်း ယခင်တစ်ပတ်ထက် စပါးဧရာပဒေသာတစ်တင်းလျှင် ကျပ် ၁၀ဝ၀၊ ဧည့်မထ နွေ/ မိုးတစ်တင်းလျှင် ကျပ် ၂၀ဝ၀၊ မကွေးခရိုင်တွင် ပေါ်ဆန်း မွှေးဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀၊ မနောသုခ ကျပ် ၇၀ဝ၀၊ ရတနာတိုး ကျပ် ၃၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်၅၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၃၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ ဖြင့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။



