မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှု အခြေအနေ
မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ် ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီး/ ပြည်နယ်များ မှ တင်သွင်းရသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ဇန်နဝါရီလထက် မကွေးခရိုင်နှင့် ပခုက္ကူ ခရိုင်တွင် ဆန် ဈေးနှုန်းလျော့ကျခဲ့ပြီး သရက်ခရိုင်တွင် အနည်းငယ်ဈေးနှုန်း ပိုမိုလာကြောင်း သိရသည်။ မိုးစပါးသစ်များ လှိုင်လှိုင်ထွက် ပေါ်၍ ဈေးကွက်အတွင်းသို့ ဆန်အသစ်များ ဝင်ရောက်မှုများ လာသည့်အတွက် ဈေးနှုန်းအနည်းငယ် ကျဆင်းလာရခြင်း ဖြစ်ကြောင်း သိရသည်။
