ပုသိမ်ခရိုင်တွင် ဆန်/စပါးဈေးကွက် ဈေးနှုန်း အပြောင်းအလဲဖြစ်
ပုသိမ်ခရိုင် ဆန်စပါးဈေးကွက်တွင် ယခင်ဧပြီလအတွင်း ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်များတွင် ပေါ်ဆန်းစပါး ၄၆ ပေါင် တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဝန်းကျင် ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၁၃၅၀ဝ၀ ဈေးပုသိမ်၊ ကန်ကြီးထောင့်မြို့နယ်များတွင် မိုး ဧည့်မထစပါး ၄၆ ပေါင် တစ်တင်းလျှင်ကျပ် ၂၁၆၀ဝ ဈေး ဆန် တစ်အိတ် ကျပ် ၈၉၀ဝ၀ ဈေးနှင့် သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များတွင် မိုးဧည့် မထ စပါး ၄၆ ပေါင် တစ်တင်း ကျပ် ၂၀ဝ၀ဝ ဝန်းကျင် ဆန်တစ်အိတ် ကျပ် ၈၄၀ဝ၀-၈၅၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိသည်။

