ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှု အခြေအနေနှင့် စပါး၊ ဆန်ဈေးနှုန်း
ရွှေဘိုခရိုင်အတွင်းတွင် သြဂုတ်လ စတုတ္ထပတ်တွင် စပါး/ ဆန်ဈေး နှုန်းများ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ သြဂုတ်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ် ၇၀၅၆၃ ၊ မန္တလေး သို့ ၄၂၆၉၉၊ နေပြည်တော်သို့ အိတ် ၁၀၃၀၊ ပဲခူးတိုင်းဒေသကြီးသို့ ၆၇၂၅ အိတ်၊ မကွေးတိုင်း ဒေသကြီးသို့ ၃၄၅ အိတ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ် ၁၄၄၄၀၊ ကချင်ပြည်နယ်သို့ အိတ် ၂၄၁၀၊ မွန်ပြည်နယ်သို့ ၆၄၅၅၊ ကရင်ပြည်နယ်သို့ အိတ် ၁၅၀ဝ၊ မူဆယ်သို့ အိတ် ၄၆၀၊ ဧရာဝတီသို့ ၁၂၅ အိတ်၊ စုစုပေါင်း အိတ်ရေ ၁၄၆၇၅၂၊ တန်အားဖြင့် ၇၃၃၈ တန် စီးထွက်ခဲ့ သည်။
