Background
ကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ တန် ၄၅၀ ဝန်းကျင်ကို နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ မြိတ်တို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်တင်ပို့မှုမှာ တန် ၉၁၀ ကျော်ရှိခဲ့ရာ ယခုအပတ်မှာ ထက်ဝက်ကျော်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။
တရုတ်နဲ့မလေးရှားနိုင်ငံများသို့ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ရော်ဘာ ၄၂၅ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်ကတင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၃ ဆကျော်ပိုမို ခဲ့ပါတယ်။ တရုတ်သို့ကန်ဒေါ်လာ ၁ ဒသမ ၂၃၈ သန်းတန်ဖိုးရှိတဲ့ MSR-50 ၄၀၆ တန်ခန့်နဲ့ မလေးရှားသို့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ RSS-5 တန် ၂၀ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခုအပတ်ရန်ကုန် FOB ပျမ်းမျှပေါက်ဈေး တွေကတော့ RSS-1 ဒေါ်လာ ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့MSR-20 ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-5 နဲ့ MSR-50 ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။MIRT(DOBT)
အိန္ဒိယနိုင်ငံ တမီနာဒူးလ်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပို့ကုန်လုပ်ငန်းနဲ့ ပြည်တွင်း ဈေးကွက်သတင်းစုံစမ်းရေးအဖွဲ့ DEMIC ရဲ့ လေ့လာဆန်းစစ်ချက်အရ ယခုနှစ် လာမဲ့ပြောင်းရာသီဖြစ်တဲ့အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ပြောင်းတင်ပို့မှုနဲ့ ဝယ် လိုအားမြင့်တက်လာတဲ့အတွက် ပြောင်းဈေးနှုန်းမှာ တစ်တန်ကို ရူပီး ၁၁၀၀၀ မှ ၁၁၅၀၀ (ဒေါ်လာ ၁၉၃ မှ ၂၀၂)ထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
စက်တင်ဘာ၊ အောက်တိုဘာလကစပြီးဈေးကွက်ကို အသစ်ဝင်လာတဲ့ ရှမ်း ပြောင်းက ရာသီအစမှာ တစ်ပိဿာ ၂၁၀ ကျပ် - ၂၁၅ ကျပ်နဲ့သာ ဈေးစခဲ့ပါတယ်။ လက်ကျန်ပြောင်းဟောင်းတွေကသာ ဈေးကွက်ဝင်ပြီး၊ ပြောင်းအသစ်တွေကတော့ အစိုဓါတ်ကြောင့် ဈေးကွက်သိပ်မဝင်သေးလို့ ပြောင်းဟောင်းကတော့ တစ်ပိဿာ ၃၀၀ကျပ် - ၃၁၅ ကျပ်ဈေးသာရှိ ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန် သွယ်ရေးစခန်းများမှကန်ဒေါ်လာ ၁ ဒသမ ၈၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၅၄၂ တန်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၂၉၀ အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက် ပြောင်း တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၆၂၄၉ တန်ကျော်၊ ချင်းရွှေဟော်မှ တန် ၂၀၀ ကျော်နဲ့ လွယ်ဂျယ်မှ ၉၃ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ ပြောင်းဖူးစေ့ မြေပြင်ပေါက်ဈေးနှစ် ဖက်လုံးမှာ အနည်းငယ် ပိုမိုလျက်ရှိပါတယ်-
ဇွန်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုမှာ ၁၄ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်း ဖိုးသာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၆၀ ကျော် အပို့လျော့ ခဲ့ပါတယ်။ ယခုအပတ်မှာစင်္ကာပူသို့ ၁၂ တန်နဲ့မလေးရှားသို့ ၂ တန်သာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးမှာ ပြောင်းတစ်တန် ကို ဒေါ်လာ ၂၈၀ ဈေးပေါက် လျက်ရှိပါတယ်။ နယ်စပ်မှပြောင်းတင်ပို့မှု ကတော့ တန် ၅၈၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)
ပရဆေးကုန်ကြမ်းများ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အပို့ ရှိသလိုအသွင်းလည်းရှိရာ ယခုအပတ်မှာ မူဆယ်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ အပို့ရှိခဲ့ပြီး တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အသွင်းရှိခဲ့ပါတယ်။ ယခု အပတ်မှာ မူဆယ်မှကန်ဒေါ်လာ ၂ ဒသမ ၀၁၄ သန်းတန်ဖိုး ရှိ ပရဆေး ၁၅၁၄ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ စမုံနက် ၁၂ တန် မြဝတီမှ အပို့ရှိခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၄၀ ကျော်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၂၀၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၅ တန်ကျော်အပို့ရှိခဲ့ရာ ယခုသီတင်းပတ် တရုတ်နယ်စပ်မှ ရေ ထွက်ကုန်တင်ပို့နိုင်မှုမှာ ၅၈၆ တန်ကျော်ဖြစ်ပါတယ်။
ဖိလစ်ပိုင် ကြက်သွန်ဖြူစိုက် တောင်သူများအတွက် လက်ရှိ ဈေးနှုန်းမှ အကျိုးအမြတ်ခံစားခွင့်ရရှိစေဖို့ ယာယီအား ဖြင့် ကြက်သွန်ဖြူတင်သွင်းခွင့် အသစ်များထုတ်ပေးခြင်းကို ရပ်တန့်ဖို့ အစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။ ပြည်တွင်း ကြက်သွန်ဖြူ ထုတ်လုပ်မှုဟာ ယခုနှစ်အတွက် နိုင်ငံ လိုအပ်ချက် ဖြည့်ဆည်းဖို့ လုံလောက်တာထက် ပိုမိုတယ် လို့ တောင်သူတွေက ဆိုပါတယ်။
တရုတ်နိုင်ငံတွင်းရဲ့ ကြက်သွန်ဖြူဈေးနှုန်းတွေမြင့်မားလာမှုကြောင့် ပြည်ပမှအဝယ် အော်ဒါတွေ လျော့ကျသွားတယ်လို့ သိရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကြက်သွန်ဖြူတင်ပို့မှု မြှင့်တင်နိုင်မယ့် ဦးစားပေးမူဝါဒတွေ ထုတ်ပြန်ပေးနိုင်ဖွယ်ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဇွန် ၂၀ ရက်မှာ ပြောကြားခဲ့တယ်။