Background
ဧပြီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း ချင်း ၁၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက် ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ FOB ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၆၂၅ နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ နှစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
အိန္ဒိယကုလားပဲအထွက်လျော့ကျမှုအပေါ်စိုးရိမ်ခြင်းနဲ့ ပြည်တွင်းဈေးကွက် များအတွင်း ရောင်းချမှုပါးခြင်းတို့ကြောင့် ကုလားပဲကြိုပွိုင့်ဈေး ဆက်လက်မြင့်တက် ဖွယ်ရှိနေပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကစပြီး ရာဂျက်စသန်မှ ကုလားပဲများ စတင်ဝင်ရောက်လာခဲ့ပေမဲ့ အထွက်နှုန်းကျဆင်းတာကြောင့် ဝင်ရောက်မှုနည်းတယ် လို့ ဆိုပါတယ်။ ရာဂျက်စသန်ဟာ ကုလားပဲထုတ်လုပ်မှု ဒုတိယအများဆုံး ပြည်နယ် ဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပွဲတော်အပြီး အရောင်းအဝယ် ပြန်စကတည်းက အမြင့်ဈေးနဲ့ အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် Export ရှိတဲ့ V2 နဲ့ ကုလားပဲတိုင်ပေတို့ပိုပြီး ဈေးရခဲ့ကြတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးတွေအနေနဲ့ ကုလားပဲရိုးရိုး တစ် တင်း ၁၄၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ ကုလားပဲ 929 ၁၆၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်၊ ကုလားပဲတိုင်ပေ ၁၅၈၀၀ ကျပ်မှ ၁၆၃၀၀ ကျပ်နဲ့ V2 တစ်တင်း ၁၇၈၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။
မတ်လ နောက်ဆုံးပတ်မှာ ပဲတီရွှေဝါ ပင်လယ်ရေကြောင်းက တင်ပို့မှု တန်ချိန် ၁၁၀၀၀ ကျော်ရှိခဲ့ရာမှ ဧပြီလဆန်း ပထမပတ်အတွင်းမှာ တန်ချိန် ၇၆၀၀ ကျော်ကို အနည်းငယ်လျော့ကျတင်ပို့ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၀ ရက် အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်က စုစုပေါင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုမှာ တန်ချိန် ၁၇၃၀၀ ခန့်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၁၁၀၀၀ ကျော်သာရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှုစာရင်းများအရ လာမယ့်သီတင်းပတ်မှာ တင်ပို့မှုပိုမိုဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန်အပြီး ယခုတစ်ပတ်အတွင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ ရောင်းဝယ်မှု ပိုမိုလာကြောင်း သိရပါတယ်။ သြင်္ကန်မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း တန်ချိန် ၆၀၀၀ ကျော်သာ အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ ခန့် ရောင်း ဝယ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ရောင်းဝယ်မှုဖြစ်တဲ့ ပဲများထဲမှာ ပဲတီစိမ်းပါဝင်မှုမရှိဘဲ ပဲတီရွှေဝါများကိုသာ ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲတီစိမ်းအညာ၊ ပခုက္ကူဈေးမှာ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ပြောင်းလဲမှု မရှိပေမဲ့ ရွှေဝါအကြီးမှာ ဧပြီလ ၂၃ ရက်မှာ ကန်ဒေါ်လာ ၈၆၀-၈၈၀ ရှိရာမှ ဧပြီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၉၀၀-၉၂၀ ကို မြင့်တက်လာကြောင်း သိရပါတယ်။ MIRT - MAPT
ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလဟာ သြင်္ကန်ပွဲတော်ကာလအလွန်မှာ ကုန်သည်လုပ်ငန်းရှင်များလည်း ကုန်သွယ်မှု လုပ်ငန်းများပြန်လည်လုပ်ဆောင်လာကြပြီဖြစ်တာနဲ့အညီ ယခုအပတ်မှာ ပဲတီစိမ်းအပို့ပို လာတာတွေ့ရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၂ တန် ဝန်းကျင်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်း တန်ဖိုးရှိ ပဲတီစိမ်းအခွံချွတ် ၁၂ ဒသမ ၇၅ တန်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်းလုံးပြည့် ၇၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိဘက် မြေပြင်ဈေးကျပ် ၆၇၆၀၀ ကျော် ပိုမိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင်ဈေးမှာ ကျပ် ၆၆၀၄၀၀ ဖြစ်ပြီး တစ်ဘက်နိုင်ငံဈေးမှာ ၈၂၆ဒေါ်လာပေါက်လျက်ရှိပါတယ်။ မိမိဘက်မြေပြင်ဈေးမှာ ယခင်အပတ်များထက် ၁၁ ရာခိုင်နှုန်း ပိုမိုခဲ့ပါ တယ်။ MIRT(DOBT)
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်အသင့်အတင့်ရှိသလို ပြည်ပပဲများလည်း ပုံမှန်တင်သွင်း လျက်ရှိပေမဲ့ ပဲခွဲစက်များနဲ့ ကုန်သည်များရဲ့ ဝယ်လိုအားကတော့ အကန့်အသတ်သာရှိလို့ ဈေးဆက်လက်ငြိမ်နေ ပါတယ်။ အရည်အသွေး ကောင်းပဲတီစိမ်းဈေး ကတော့ခိုင်မာနေဆဲဖြစ်ပါတယ်။ ပြည်တွင်းငွေတန်ဖိုး ကျဆင်းနေတာကြောင့် ဈေးကွက်တွေ မှာ လှောင်လက်များ ဝယ်လိုအားပါးနေတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၇-၄-၂၀၁၂ ၂၆-၄-၂၀၁၂ ၂၅-၄-၂၀၁၂ ၂၄-၄-၂၀၁၂မွန်ဘိုင်း(တန်ဇန်းနီးယား) ၇၈၀-၇၉၉ ၇၈၀-၇၉၉ ၇၇၈-၇၉၇ ၇၇၇-၇၉၆မွန်ဘိုင်း(ပဲတီရွှေဝါ) ၈၂၈-၈၃၇ ၈၂၈-၈၃၇ ၈၂၅-၈၃၅ ၈၄၃-၈၅၃MIRT(MAPT)
အိန္ဒိယအစိုးရရဲ့ ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းဟာ ပဲခွဲစက်လုပ်ငန်းများကို ထိခိုက်စေကြောင်း ကုန်သည် အဖွဲ့အစည်းမှ ပြောကြားပါတယ်။ ၎င်းတို့အနေနဲ့ ကန့်သတ်ပမာဏများထဲမှ အချို့ကို တင်ပို့ခွင့်ပြု သင့်ကြောင်း ပြောကြား ပါတယ်။ ကြိတ်ခွဲပြီး ပြန်လည်တင်ပို့နိုင်တဲ့ ပဲကုန်ကြမ်းများ တင်သွင်းဖို့ အခွင့်အရေးကို လိုအပ်နေကြောင်း စက်ဟောင်းများ ဖြစ်နေတဲ့ ကြိတ်ခွဲစက်လုပ်ငန်းများဟာ အစိုးရမှ ပြည်ပတင်ပို့ခွင့်ပြုပါက အခွင့်အရေးများစွာ ရရှိမယ်လို့ အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း၊ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသ တာဝန်ယူသူ Anurag Tulshan မှ ပြောကြားပါတယ်။
ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ပါကစ္စတန်တို့ကို အဓိကတင်ပို့တဲ့ ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးဟာ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်အထိ တင်ပို့မှု ရှိခဲ့လို့ မတ်လနောက်ဆုံးပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀ ကျော်ထက် ပိုမိုခဲ့ပါတယ်။ ဧပြီလ ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၄၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် တစ်ထောင်ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ယခုရက်အတွင်းမှာ ပြည်ပဲ ဈေး ကွက်ကို ပဲလွန်းဖြူ အဝင်အနည်းငယ် ရှိလာခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဘက်မှ တစ်နေ့ကို အိတ် ၄၀ - ၅၀ ခန့် အဝင်ရှိပါတယ်။ လက်လီ သမားများနဲ့ ရန်ကုန်ဝယ်လက် လည်း အနည်းငယ်အဝယ်ရှိပြီး၊ ပဲတစ်တင်း ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။မိမိအေး
