Main menu

Background

Friday, 3 Feb 2012

              ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို နေ့စဉ်အဝယ်ရှိနေပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏမှာပုံမှန်သာရှိတာကြောင့် ဇန်နဝါရီလ၂၀ ရက်မှ ၂၆ ရက်အထိ တစ်ပတ်အတွင်းမှာ တန်ချိန် ၅၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမတ်ပဲဈေးက အခြေခံ ဈေး ရောက်နေပြီဖြစ်လို့ အိန္ဒိယဝယ်လက်တွေကလည်း အကြိုက်တွေ့နေပြီလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ပြည်တွင်းကုန်သည်တချို့က ဈေးကျ မှာ စိုးရိမ်ပြီး ထိုးရောင်းမှုတွေရှိနေလို့ ကျဈေးမှာ ပြည်ပဝယ်လက်တွေကလည်း အဝယ်တုံ့နေတယ်လို့ ဆိုပါတယ်။ အခြေခံဈေးဖြစ်နေပြီး အိန္ဒိယမှာလည်း ဈေးမြင့် လာမယ့် အခြေအနေအရ မြန်မာမတ်ပဲက ဒီထက်ကျဆင်းနိုင်ဖွယ်မရှိဘူးလို့လည်း အဆိုပါဝါရင့်ကုန်သည်ကြီးက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုးမာပေမဲ့ ရန်ကုန် FOB မတ်ပဲဈေးက ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။              ဒေါ်လာ/တန်                          မတ်ပဲ(FAQ)       မတ်ပဲ(SQ)၂၇-၁-၂၀၁၂          ၅၇၀-၅၉၀          ၆၁၀-၆၃၀၂၀-၁-၂၀၁၂         ၅၈၀-၆၀၀           ၆၃၀-၆၅၀MIRT(MAPT)

Friday, 3 Feb 2012

            ပဲလွန်းဖြူကို ယခုတစ်ပတ်မှာ ပြည်ပ တင်ပို့မှုရော အရောင်းအဝယ်ပါ ပိုဖြစ်လာကာ တွေ့ရပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုအနေနဲ့ ဇန်နဝါရီလ ၁၆-၂၀ ရက်အတွင်း တန်ချိန် ၄၁၀ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိ လစ်ပိုင်နဲ့ အိန္ဒိယဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲလွန်းဖြူ တန်ချိန် ၂ သောင်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း ကျော်ရရှိခဲ့လို့ ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ ပမာဏ တန်ချိန် ၁၈၀၀၀ ကျော်၊ ဝင်ငွေအား ဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်နဲ့ ယှဉ်ရင် ပမာဏရော ဝင်ငွေပါပိုမိုခဲ့ ကြောင်း သိရပါတယ်။                       ရန်ကုန် FOB ဈေးကွက်မှာတော့ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ တန်ချိန် ၄၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒေသ အသီးသီးက ပဲလွန်းဖြူအသစ်များ ဝင် လာပြီဖြစ်ပြီး ပြည်ပနိုင်ငံ တော်တော် များများက ဝယ်လိုအားရှိတဲ့ ပဲဖြစ်လို့ အရောင်းအဝယ်ပိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။                    ရန်ကုန် FOB ဈေးအနေနဲ့ ဇန်န ဝါရီလ ၂၀ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀၊ SQ တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိရာမှ ဇန်နဝါရီလ ၂၇ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀၊ SQ တစ်တန် ကန် ဒေါ်လာ ၈၄၀-၈၆၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

                   ပဲမျုးိစုံပြည်ပတင်ပို့မှုမှာ ပဲစင်းငုံကတော့ တန် တစ်သောင်းအထက်နဲ့ အပတ်စဉ် တင်ပို့မှု များနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီ ၁၆-၂၀) အတွင်းမှာလည်း တန်ချိန် ၁၁၀၀၀ ခန့်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယမှာ ပဲအသစ်ထွက်ပေမဲ့ အထွက်လျော့ကျတဲ့ သတင်းတွေ အရ အဝယ်ရှိနေတဲ့အတွက် ပြည်ပတင်ပို့မှုကလည်း အားကောင်းနေခြင်းဖြစ်ပါတယ်။                  လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲစင်းငုံပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၃၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၉ သန်းခန့်ရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၀၀၀၀ နီးပါး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၂၂ သန်းနီးပါးထက် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်ကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

         ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခုသီတင်းပတ်တွေမှာ အရှိန်ရလာနေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန် ၇၂၀၀ ခန့်ထိတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ် လက်တွေ ဝယ်လိုအားရှိလာနေပြီဖြစ်လို့ တင်ပို့မှုမှာလည်း ယခင်လပိုင်းက နည်းခဲ့ရာမှ ပြန်လည်တင်ပို့မှု တိုးတက်လာခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုကိုကြည့်ရင် မတ်ပဲတန်ချိန် ၅၁၀၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၄၂၀ သန်းခန့်ရရှိပြီလို့ သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၄၆၀၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၄၅၈ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်လက်ရှိအချိန်ထိ တင်ပို့မှုနဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၅ သောင်းခန့်ပိုတင်ပို့နိုင်ပေမဲ့ ဝင်ငွေအားဖြင့် လျော့ကျကြောင်းသိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု အား ကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT

Tuesday, 24 Jan 2012

    ထိုင်းနိုင်ငံမှာ မိုးရွာသွန်းမှုကြောင့် ရော်ဘာရောင်းလိုအားပြတ်လပ်နိုင်မှုနဲ့ တရုတ်နှစ်ကူး မတိုင်မီ ဝယ်လို အားကောင်းမွန်မှု ကြောင့် ယခုရက်သတ္တပတ်မှာ မလေးရှားရော်ဘာဈေးကွက်က အမြင့်မှာ ဆက်လက် တည်ရှိ နိုင်ကြောင်း ကုန်သည်တွေက သုံးသပ်လိုက်တယ်။ ထိုင်းနိုင်ငံလယ်ယာစိုက်ပျိုရေးဝန်ကြီးဌာနက မှိုင်းမခံရသေးတဲ့ရော်ဘာတန်ချိန် ၂၀၀ယ၀၀၀ ဝယ်ယူမှု ကလည်း ရော်ဘာဈေးနှုန်းမြင့်တက်စေဖို့ အားဖြည့်ပေးခဲ့တယ်။    ယခုရက်သတ္တပတ်က မလေးရှားရော်ဘာဘုတ်အဖွဲ့မှာ ဖြစ်ပေါ်ခဲ့တဲ့  SMR 20 ဈေးနှုန်းက ဈေးတက် သွားကာ တစ်ကီလိုဂရမ်ကို ၁၀၃၈ sen  (တစ်တန်ကို ကန်ဒေါ်လာ ၃၂၉၈ ဒသမ ၃၈) ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး  latex က တစ်ကီလိုဂရမ်ကို ၆၅၃  sen (တစ်တန်ကို ကန်ဒေါ်လာ ၂၀၇၄ ဒသမ ၉၉) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my

Tuesday, 24 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၆၉ သန်း တန်ဖိုးရှိ ရော်ဘာ ၇၈၃ တန်ကျော်ကို ဇန်နဝါရီလ ၁၁ ၇က်မှ ၁၇ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3 ၅၉၈ တန်၊ MSR-20  ၁၃၆ တန်ကျော်နဲ့ MSR-50 ၄၉ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က ၃၅၉ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ် မူဆယ်မှ ရော်ဘာအပို့ နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှပါ ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါတယ် -                         မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု          ယခင်       ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၆၄၁၀၂    ၂၄၆၇၉၇၈       ၉၆၁၂၄       ၄     ၃၁၇၄    ၃၁၆၇        ၇          ၀ .၂RSS - 5     ၂၄၃၅၈၉၇    ၂၃၃၂၁၂၆    ၁၀၃၇၇၁       ၄     ၃၀၁၅    ၃၀၀၉         ၆         ၀ .၂ MIRT (DOBT)

Tuesday, 24 Jan 2012

    ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၅၁ တန်၊ တန်ဖိုး ဒေါ်လာ     ၁ ဒသမ ၇၄၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ထက်ဝက်ခန့်တင်ပို့မှုကျဆင်းခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေ ကတော့ မလေးရှားကို တန် ၁၄၀၊ စင်ကာပူကို ၂၀၁ တန်နဲ့ ဗီယက်နမ်ကို ၂၁၀ တန် အသီးသီးတင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကလည်း အပို့ကျပြီး တန် ၇၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။  FOB(ရန်ကုန်) ဈေးကတော့ အနည်းငယ်မြင့်တက် သွားပြီး  RSS-3  တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့  RSS-5  တစ်တန်ကို (၃၀၅၀-၃၁၅၀) ဒေါ်လာဈေး ပေါက်လျက် ရှိပါတယ်။                                                                                         K.Z.W

Tuesday, 24 Jan 2012

    ယခုနှစ်မှာ ကြံစိုက်ပျိုးသူများပြီး၊ ကြံအထွက်ကောင်းတာကြောင့် တစ်နိုင်ငံ လုံးမှ ဝယ်ယူသုံးစွဲနေခြင်းနဲ့ တရုတ်နိုင်ငံကပါ ဝယ်ယူမှုရှိနေကြောင်းသိရပါတယ်။    သကြားနှင့်သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်းမှ တာဝန်ရှိသူ တစ်ဦးက '' ဒီနှစ်က ပစ္စည်းများပြီး အရောင်းအဝယ်သွက်နေတယ်။ ပြည်ပက သကြားက ဒီဈေးနဲ့မဝင်နိုင်လို့ မန္တလေးဈေးကွက်က သကြားကိုဘဲ ဝယ်ယူသုံးစွဲနေ တာ။

Tuesday, 24 Jan 2012

    အိန္ဒိယအစိုးရက ယခုလက်ရှိသကြားရာသီမှာတန်ချိန် (သုညဒသမ ၅ - ၁) သန်းအထိ တင်ပို့ခွင့်ပြုဖို့  စီမံချက်ရှိကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်ကို အခွင့် အာဏာရှိဝန်ကြီးများအုပ်စု  (EGoM)  ရဲ့ လာမယ့်အစည်းအဝေးမှာ အပြီးသတ်ချ မှတ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က ထုတ်လုပ်မှု ပိုလျှံဖို့ရယ် ကုန်သည်တွေကို ပို့ကုန်ပိုမိုတင်ပို့စေခြင်းကြောင့်  နှောင့်နှေးမှုနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ တောင်သူတွေလဲ အကျိုးခံစားခွင့်ရမှာဖြစ်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာ သကြားက ကမ္ဘာ့ဈေးကွက်မှာ ဈေးလျော့နေပေမယ့် ရူပီးဈေးတက်လာ ရင်တော့ ကုန်သည်တွေ ပွပေါက်တိုးမှာ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယက ဘရာဇီးပြီးရင် ဒုတိယအကြီးဆုံး သကြား တင်ပို့သူဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ မှာ အိန္ဒိယကသကြားတန်ချိန် ၂၆ သန်း ထုတ် လုပ်ပြီး ပြည်တွင်းသုံးစွဲမှုက တန်ချိန် ၂၂ သန်း ဝန်းကျင်ရှိကြောင်း သိရပါတယ်။ Source: Commodty online, K.Z.W   

Tuesday, 24 Jan 2012

    မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၅၈၇ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်ပေါက်တစ်ခုတည်းမှ ၁၁၇၈၀ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပြောင်းအပို့ တန် ၁၂၀၀ နီးပါး လျော့ကျခဲ့တာ တွေ့ရပါတယ်။ မိမိဘက်မြေပြင်ဈေးရော တစ်ဘက်နိုင်ငံဈေးပါ အနည်းငယ် မြင့် တက်လျက် ရှိပါတယ်။ ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက် ရပါ တယ်-                                   မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                  ယခု        ယခင်     ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၅၇၈၉၈    ၂၅၄၄၉၆    ၃၄၀၂          ၁     ၃၀၁     ၂၉၈        ၃               ၃MIRT (DOBT)

Pages