Background
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၅-၁-၂၀၁၂ (ဒေါ်လာ/တန်) ၂၉-၁၂-၂၀၁၁ ၅-၁-၂၀၁၂ ပြောင်းလဲမှု မတ်ပဲ ၆၂၄ ၆၃၇ ပဲတီစိမ်းရိုးရိုး ၇၇၃ ၇၉၃ - ပဲတီရွှေဝါ ၈၄၈ ၈၆၈ ပဲစင်းငုံ ၆၁၇ ၆၄၆ ကုလားပဲဖြူလုံးကြီး ၆၄၆ ၆၃၅
ကမ္ဘာမှာ သကြားအများဆုံးထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံရဲ့ ကြံသီးနှံအတွက် ရာသီဥတုတိုးတက်ကောင်းမွန်တဲ့ အခြေအနေနဲ့ ဒေါ်လာတန်ဖိုးခိုင်မာခြင်းက ရင်းနှီးမြှုပ်နှံသူများ ကုန်စည်ဝယ်ယူမှုကို လျော့ကျစေတဲ့ အခြေအနေတွေကြောင့် စက်တင်ဘာလ ထဲက သကြားဈေးဟာ အများဆုံးကို ကျဆင်းခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာသကြားဈေးနှုန်းတွေ တည်ငြိမ်နေခဲ့ပေမဲ့လည်း လာမယ့်ဇန်နဝါ ရီလအတွက် သကြားအရောင်းကန့်သတ်ပမာဏ(quota)က နည်းသွားတာကြောင့် သကြားဈေးနှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းရတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၀၂၄ သန်း တန်ဖိုး ရှိ ပြောင်းဖူးစေ့ ၁၇၉၄၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၅၈၉၄ တန် ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။
ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိကာလတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၉၃ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၃ သန်းကို ဗီယက်နမ်နဲ့ အင်ဒို နီးရှားကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ နီးပါး တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ရော်ဘာဈေးနှုန်းကျခဲ့တာဟာ တာယာထုတ်လုပ်ရေးတွေအတွက် မင်္ဂလာတစ်ပါး ဖြစ်နေပါတယ်။ ဒါပေမယ့် ရူပီးဈေးနှုန်း ကျဆင်းလာတာကြောင့် သွင်းကုန်ဈေးမြင့်တက်ခဲ့ပြီး ကုန်ကြမ်းဈေးကျခြင်းရဲ့ အကျိုး ရလဒ်ကလည်း အကန့်အသတ်နဲ့ဖြစ်သွားပါတယ်။
၂၀၁၁ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၂၅ သန်းတန်ဖိုးရှိ RSS-3 ၈၇၁ တန်ကျော် နဲ့ MSR-50 ၄၉ ဒသမ ၂ တန် အပို့ရှိခဲ့ပါတယ်။ ယခုအပတ် စခန်းအလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3 ၈၂၇ တန်ကျော်၊ MSR-50 ၄၉ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၄ တန် ဖြစ်ကြပါတယ်။ တစ်ဘက်နိုင်ငံရော်ဘာဈေးများ မပြောင်းလဲသော်လည်း မိမိဘက် မှာတော့ RSS-5 ဈေးအနည်းငယ်တက်တာ တွေ့ရပါတယ်။ RSS-3 ဈေးကတော့ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက် နဲ့ တစ်ထက်နိုင်ငံ ရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၉၁၉၆၂ ၂၅၉၁၉၆၂ - - ၃၃၂၀ ၃၃၂၀ - -RSS - 5 ၂၃၃၆၂၇၆ ၂၆၃၉၉၉၇ ၃၀၃၇၂၁ ၁၂ ၃၀၀၄ ၃၀၀၄ - - MIRT (DOBT)
ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၆၉၉ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၂၇၉ သန်းကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၀၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို ၉၈ တန်၊ စင်ကာပူကို ၂၀၁ တန်နဲ့ တရုတ်ကို တန် ၄၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကတော့ တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော်တို့ကနေ တန် ၉၂၀ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀)ဒေါ်လာကြား ဈေးပေါက်နေပါတယ်။K.Z.W
ထိုင်းနိုင်ငံသည် ယခင်နှစ် ဒုတိယနှစ်ဝက်မှာ ရေကြီးခဲ့မှုကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်တည်ဆောက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ စွမ်းအင်ထုတ်လုပ်တဲ့ သီးနှံများ၊ ရေနံကုန်ကြမ်းနဲ့ရွှေဈေးနှုန်းများ မြင့်တက်လာခြင်းနဲ့အတူ လယ်ယာထွက်ကုန်ပစ္စည်း ဈေးနှုန်းများ ဆက်လက်မြင့် တက်နိုင်မယ်မှန်းရပြီး၊ ဆန်နဲ့ရော်ဘာဈေးနှုန်းများကတော့ ကျရိပ်ရှိနေမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ချက်ချင်းတင်ပို့ဖို့ ကုန်သည်များအမှာအော်ဒါရရှိတာကြောင့် ဇန်နဝါရီလ ၄ ရက် နနွင်း လက်ငင်းဈေး ရူပီး ၂၀၀၀(ကန်ဒေါ်လာ ၃၈)မြင့်တက်ခဲ့ပါတယ်။ နနွင်း ၃၀-၄၅ တန် အမှာအော်ဒါ ရရှိတဲ့ ကုန်သည်များဟာ ချက်ချင်းတင်ပို့ဖု့ိ ဈေးပိုပေးဝယ်ယူကြတယ်လို့ ဆိုပါတယ်။
