Main menu

Background

Monday, 14 Nov 2011

                   နိုဝင်ဘာလ ပထမပတ်အတွင်း နနွင်း ၃၉ တန်ကို ပင်လယ်ရေကြောင်း လမ်းမှ တင်ပို့ခဲ့ပါတယ်။ အိန္ဒိယကို ၃၃ တန်နဲ့ ကိုရီးယားကို ၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၄ တန်သာ တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ အောက်တိုဘာလအတွင်း နနွင်း ၂၇ တန်ကို စင်ကာပူ၊ ကိုရီး ယား၊ မလေးရှားစတဲ့ နိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာလ နနွင်းတင်ပို့ မှုက တန်ချိန် ၈၀ နီးပါးရှိခဲ့တာကြောင့် အောက်တိုဘာလမှာ နနွင်းအပို့ လျော့ခဲ့ ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၅၅၀ ဝန်းကျင်ရရှိခဲ့လို့ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Monday, 14 Nov 2011

                  ထိုက်သင့်တဲ့ဈေးပေးတဲ့ ပြုပြင်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ စာချုပ်ထားတဲ့အတွက် မနှစ်ကထက် ဝင်ငွေကျဆင်းပေမယ့် ကံကောင်းခဲ့တယ်လို့ တရုတ်နိုင်ငံ ရှန်ဒေါင်း ပြည်နယ် အရှေ့ဘက်မှာရှိတဲ့ Laiwu  မြို့ Zhangli  ရွာမှ ၅၂ နှစ်အရွယ် ချင်း စိုက်ပျိုးသူ Zhu Hergjun က ပြောကြားပါတယ်။ ယခုနှစ်အခြား ချင်းစိုက်ပျိုးသူတွေလို ဆုံးရှုံးမှု မကြီးမားကြောင်းလည်း ၎င်းကဆိုပါတယ်။                      လတ်တလော Laiwu  မှာ ချင်းကို ၇၀ ရာခိုင်နှုန်း စိုက်ပျိုးပြီး တောင်သူများနဲ့ လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု တိုးတက်နေပြီလို့ Laiwu ရဲ့ Laichengခရိုင် ဒုတိယအကြီးအကဲဖြစ်သူ Diao Yuzhao မှ ပြောကြားပါတယ်။ ယင်းမြို့နယ်မှာ တရုတ်နိုင်ငံချင်းစိုက်ပျိုးမှုရဲ့၂၀ရာခိုင်နှုန်းရှိတဲ့ဟက်တာ ၁၂၀၀၀ကိုချင်းစိုက်ပျိုးပါတယ်။ ဇ့က ရဲ့ချင်းစိုက်မြေ ၁၃၃၀ စတုရန်းမီတာမှ ချင်းကီလို ၆၀၀၀ ကို တစ်ကီလို ၁ ဒသမ ၄ ယွမ် (ကန်ဒေါ်လာ ၂၂ဆင့်)ဈေးနဲ့ အောက်တိုဘာလလယ်မှာ ဒေသ တွင်းကုမ္ပဏီကို ရောင်းချခဲ့တာဖြစ်ပါတယ်။ ၎င်းအနေနဲ့ ငွေများစွာ မဝင်ပေမယ့် ၎င်းရဲ့ ကုန်ကျစရိတ် ယွမ် ၈၀၀၀ (ကန်ဒေါ်လာ ၁၂၆၂)အတွက် မျှတအောင် ဖန်တီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်များအတွင်း တရုတ်တောင်သူများဟာ ဈေးနှုန်း ရုတ်တရက် အပြောင်းအလဲရှိတဲ့ ချင်း၊ ကြက်သွန်ဖြူနဲ့ ပဲတီစိမ်း လိုသီးနှံများ ကြောင့်ထိခိုက်မှုရှိခဲ့ပါတယ်။                      မကြာသေးခင်နှစ်များအတွင်း ချင်းဈေးမြန်ဆန်စွာ မြင့်တက်ခဲ့တဲ့အတွက် ချင်း စိုက်တောင်သူအရေအတွက် တိုးပြီး ပိုစိုက်လာခဲ့ပေမယ့် အောက်တိုဘာ လနှောင်း ပိုင်း မှာတော့ ၂၀၁၀ ခုနှစ်ကာလတူထက် ချင်းဈေး ၇၀ ရာခိုင်နှုန်း ကျော်ကျဆင်းခဲ့ပါ တယ်။ ချင်းအဓိကထားစိုက်ပျိုးတဲ့ Laiwu  မှာ တောင်သူများဟာ ဈေးနှုန်းအတက် အကျဒဏ်မခံရအောင်အာမခံချက်ရှိတဲ့ ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီများနဲ့ ဆက်သွယ် ပြီး၊ ချင်းများ ရောင်းချခဲ့တာ ဖြစ်ပါတယ်။                        ကုမ္ပဏီများနဲ့ ပူးပေါင်းရောင်းချဖို့ လုပ်ငန်းရှင်များဟာ မြေအသုံးပြုခွင့်ရရှိရေး တောင်သူများနဲ့ စာချုပ်များ ချုပ်ဆိုခဲ့ပါတယ်။ အဲဒီကုမ္ပဏီများဟာ ၎င်းတို့အကျိုး အတွက် ချင်းစိုက်ပျိုးဖို့ အဲဒီတောင်သူတွေနဲ့ လုပ်ကိုင်ပါတယ်။ ဒါကြောင့်တောင်သူ များ ဟာ မြေငှားရမ်းခြင်းအတွက် အခကြေးငွေရရှိခြင်းအပြင် သတ်မှတ်ထားတဲ့ လစာ လည်း ရရှိပါတယ်။ Laiwu ရှိ Gorgjiazhuang ရွာမှ ချင်းတောင်သူ Shen Guihai  ဟာ အဲဒီပူးပေါင်းဆောင်ရွက်တဲ့အကျိုး ခံစားရရှိနေပါတယ်။                ၎င်းဟာ Laiwu Manhing Vegetables Fruits  ကုမ္ပဏီအတွက် ၎င်းရဲ့မြေယာ အားလုံးကို ၂၀၀၇ ခုနှစ်ကတည်းက ချင်းစိုက်ပျိုးခဲ့ရာ ယင်းကုမ္ပဏီကို မြေငှားရမ်းခြင်း အတွက် ယွမ် ၁၂၀၀ (ကန်ဒေါ်လာ ၁၈၉) အပါအဝင် နှစ်စဉ် ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၅၇၈)ရရှိခဲ့ပါတယ်။ အရင်က ပြောင်းနဲ့ မြေပဲသီးနှံစိုက်ပျိုးရာမှာ တစ်နှစ်ကို ယွမ် ၄၀၀ (ကန်ဒေါ်လာ ၆၃)သာရရှိတယ်လို့ Shen  က ဆိုပါတယ်။                   အခြားချင်းအဓိကစိုက်ပျိုးတဲ့ Arqiu  မြို့မှာ တောင်သူများ အဲဒီလိုပူးပေါင်းဆောင် ရွက်မှု မရှိတဲ့အတွက် Laiwu မှ တောင်သူများလို အကျိုးအမြတ်မရရှိတဲ့အပြင် ဈေးနှုန်း ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရပါတယ်လို့ ဆိုပါတယ်။အဲဒီလို ဈေးကျဆင်းလာခြင်းဟာ ယခင်နှစ်ဈေးအလွန်အမင်းမြင့်တက်ခဲ့ချိန် ချင်းစိုက်ဧရိယာတွေ တိုးချဲ့ခဲ့တဲ့အတွက် ရောင်းချမှုများပြီး၊ ဈေးကျဆင်းလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။  Shandong မှာ ချင်း ထုတ် လုပ်မှုဟာ ရာသီဥတု ကောင်းပြီး မိုးရွာသွန်းမှုကြောင့် ယခုနှစ်မှာ ၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ Laiwu မှာ ချင်းထုတ်လုပ်မှုက ၆၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။                     ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ရှန်ဒေါင်းဒေသမှ ချင်းစိုက်ပျိုးသူအားလုံးဟာ Laiwu  ဒေသမှာ ဆောင်ရွက်နေသလို အကြီးစားမော်ဒယ်များ လုပ်ဆောင်သင့်ပြီလို့ ရှန်ဒေါင်း စီးပွားရေး စီမံခန့်ခွဲမှုတက္ကသိုလ်မှ ဒါရိုက်တာ Nie Binghua  က ပြောကြားပါတယ်။                   တောင်သူတစ်ဦးချင်းအနေနဲ့ လုံလောက်တဲ့ဈေးကွက်အချက်အလက် မရရှိနိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိ Laiwu မှာ ချင်းပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီ ၃၈၀ ရှိပြီး၊ အဲဒီထဲမှာ Manhing Vegetables Fruits  ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ ချင်းတင်ပို့မှု အကြီးမားဆုံး ဖြစ်ပါတယ်။ ယင်းကုမ္ပဏီဟာ မြေဟက်တာ ၄၀၀ ခန့် ငှားရမ်းခွင့်ရရှိထားပြီး စုစုပေါင်း ချင်းစိုက်ဧရိယာ ဟက်တာ ၂၀၀၀ စိုက်ပျိုးဖို့ တောင်သူ ၁၀၀၀ ကျော်နဲ့ စာချုပ်ထားပါ တယ်။အကြီးစား လယ်ယာလုပ်ငန်းဟာကုမ္ပဏီအကျိုးအတွက်သာမကနည်းပညာ အသစ် များ အသုံးပြုခြင်းဖြင့် အထွက်လည်း တိုးမှာ ဖြစ်လို့ တောင်သူများလည်း ဝင်ငွေ ပိုမို ရရှိနိုင်မှာ ဖြစ်ပါတယ်။                     ယခုနှစ် ပထမ ၉ လအတွင်း ယင်းကုမ္ပဏီမှ ချင်းနဲ့ ဆက်စပ်ထုတ်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၀ သန်း ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ ယင်းကုမ္ပဏီထုတ်ကုန်များ ဟာ ဗြိတိန်စူပါမားကက်များနဲ့ ဥရောပနိုင်ငံများရှိ စတိုးဆိုင်များမှာ ရရှိနေပြီဖြစ်ပါ တယ်။ အဲဒီလိုဈေးကွက်ကြီးများ ရရှိထားပြီးဖြစ်လို့ ချင်းဈေးကွက်ပေါက်ဈေး နိမ့်ကျပေ မယ့်တောင်သူတွေကို ထိုက်သင့်တဲ့ဈေးနဲ့ ကုမ္ပဏီက ဝယ်ယူနိုင်ခြင်းဖြစ်ပါတယ်။ ယင်း ကုမ္ပဏီနဲ့ ဆက်စပ် ဆောင်ရွက်နေတဲ့ တောင်သူများကို ဈေးကွက်ပေါက်ဈေးထက် ၁၀ ဆ ပိုပြီး ဝယ်ယူပေးတယ်လို့ Manhing ကုမ္ပဏီ မန်နေဂျာ Zharg Huayu  မှ ပြော ကြားပါတယ်။ ယမင်းခင်၊Source: Chinadaily.com

Monday, 14 Nov 2011

                 ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့တာကာလအတွင်း ချင်း ၁၁ ဒသမ ၂၅ တန်ကို တင်ပို့ခဲ့ပါတယ်။ စင်ကာပူကို သုည ဒသမ ၂၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၁ တန်ဖြစ်ပါတယ်။ ယခင် သီတင်းပတ် ၁၂ တန်တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာလည်း ယခင်တစ်ပတ်တင်ပို့ ခဲ့တဲ့ တန်ချိန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလမှာ ချင်းအပို့ပျောက် ပြီး အောက်တိုဘာလမှာ ၃၄ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ဒီတစ်ပတ်မှာ တစ်တန်ကို အက်ဖ် အိုဘီဈေး ကန်ဒေါ်လာ ၁၄၄၀ ဝန်းကျင်ရရှိခဲ့လို့ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ် သောင်းခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။MIRT (DOT)

Monday, 14 Nov 2011

                     မတ်ပဲဟာ ပရိုတိန်း ၂၆ ရာခိုင်နှုန်းခန့် ပါဝင်တဲ့ အိန္ဒိယလူမျိုးများ အတွက် အရေးပါတဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။ မတ်ပဲကို အဓိကအားဖြင့် အပူပိုင်းတောင်အာရှနဲ့ ကပ်လျက်ဒေသများမှာ စိုက်ပျိုးပါတယ်။ ကမ္ဘာ တစ်ဝန်း မတ်ပဲတန်ချိန် ၈ ဒသမ ၅ သန်းထုတ်လုပ်ပြီး၊ အဓိက ထုတ်လုပ်တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းတို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းမှာပါ ဝင်ပြီး၊ ကျန်ပမာဏကို မြန်မာနဲ့ ထိုင်းတို့က ထုတ်လုပ်ပါတယ်။ အဓိက တင်ပို့တဲ့ နိုင်ငံတွေကတော့ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ နယူးဇီလန်၊ ဟောင် ကောင်၊ သီရိလင်္ကာနဲ့ ပါကစ္စတန်တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ် တန်ချိန် ၅ သိန်းခန့် ထုတ်လုပ်ပြီး၊ ထွက်ရှိမှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို တင်ပို့ပါတယ်။ အဓိကစားသုံးတဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဂျပန်နဲ့ ထိုင်းဖြစ်ပြီး၊ အဲဒီနိုင်ငံများရဲ့ တင်သွင်းမှုကတော့ မြန်မာ၊ ထိုင်း၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ ထုတ်လုပ်မှုနဲ့စားသုံးမှု                    မတ်ပဲစိုက်ပျိုးမှုသက်တမ်းတိုပြီး အိန္ဒိယနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးလို့ အိန္ဒိယနိုင်ငံဟာ အများဆုံး ထုတ်လုပ်သူလည်းဖြစ်သလို အများဆုံး စားသုံးသူလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ပဲမျိုးစုံစုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းကတော့ မတ်ပဲကိုစိုက်ပျိုးထုတ်လုပ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဟက်တာ ၃ ဒသမ ၂၄ သန်းမှာ စိုက်ပျိုးပြီး ပျမ်းမျှထုတ်လုပ်မှုနှုန်း ကတော့ ၁ ဟက်တာကို ၄၆၉ ကီလိုထွက်ရှိပါတယ်။                     ၂၀၁၀-၁၁ အတွင်းမှာ မတ်ပဲတန်ချိန် ၁ ဒသမ ၈၂ သန်းထွက်ရှိ တဲ့ အနက် မိုးရာသီမှာ မတ်ပဲတန်ချိန် ၁ ဒသမ ၄ သန်းနဲ့ တစ်နှစ်လုံးရဲ့ ၇၈ ရာခိုင်နှုန်းထုတ်လုပ်ပြီး၊ ဆောင်းရာသီမှာတန်ချိန်သုညဒသမ ၄၂ သန်း ထုတ် လုပ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း အိန္ဒိယနိုင်ငံက ပျမ်းမျှထုတ်လုပ်မှုတန်ချိန်၁ ဒသမ ၄သန်းခန့်ရှိပါတယ်။အိန္ဒိယမှာ မတ်ပဲ အဓိက ထုတ်လုပ်တဲ့ ပြည်နယ်များကတော့ အင်ဒရာပရာဒေ့ရှ်၊ မဟာ ရပ်ရှတရာ၊ မဒ္ဒရာပရာဒေ့ရှ်၊ တမီနာဒူးနဲ့ ဥတ္တပရာဒေ့ရှ်တို့ဖြစ်ပါတယ်။                  ဘီဟာမှာ ၁ ဟက်တာကီလို ၈၀၀နဲ့ အမြင့်ဆုံးထွက်ရှိပြီး၊ အတ္တ ရာဟန်းမှာ ၁ ဟက်တာ ၇၈၆ ကီလို၊ အနောက်ဘင်ဂေါမှာ ၁ ဟက်တာ ၇၁၄ ကီလိုထွက်ရှိပါတယ်။ အင်ဒရာပရာဒေ့ရ်ှပြည်နယ်က နိုင်ငံစုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၉ ရာခိုင်နှုန်းခန့် ထုတ်လုပ်နိုင်ပြီး၊ အဲဒီနောက်မှာ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ၁၅ ရာခိုင်နှုန်းနဲ့ ၁၃ ရာခိုင်နှုန်း အသီးသီး ထုတ်လုပ်နိုင်ပါတယ်။ အိန္ဒိယမှာ အဓိက ကုန်သွယ်ရေး စင်တာများကတော့ မွန်ဘိုင်း၊ ဂျယ်ဂွန်၊ ဒေလီ၊ ဂူအန်တာ၊ ချန်နိုင်း၊ အာကိုလာ၊ ဂူဘာကာနဲ့ လတ္တာတို့ဖြစ်ပါတယ်။                  အိန္ဒိယနိုင်ငံရဲ့ မတ်ပဲဈေးနှုန်းကို ပြည်တွင်းထုတ်လုပ်မှုက ထိန်းချုပ် ထားပြီး၊ မြန်မာနိုင်ငံ ပေါက်ဈေးကလည်း လွှမ်းမိုးနေပါတယ်။ ပဲအများဆုံး စားသုံးတဲ့ အိန္ဒိယဟာ ကမ္ဘာမှာ ပဲပြုပြင်ထုတ်လုပ်မှု အကြီးမားဆုံးလဲ ဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ မှာမတ်ပဲတန်ချိန် သုညဒသမ၇၁ သန်းတင်သွင်းခဲ့ တာကြောင့် ယခင်တစ်နှစ် တင်သွင်းမှုထက် ၆၀ ရာခိုင်နှုန်း ပိုမိုနေပါတယ်။ အိန္ဒိယ မတ်ပဲလိုအပ်ချက် ၈၅ ရာခိုင်နှုန်းနီးပါးကို အဓိကအား ဖြင့် မြန်မာနိုင်ငံက တင်သွင်းပြီး၊ အဲဒီနောက်မှာ စင်ကာပူနဲ့ ထိုင်းတို့က တင်သွင်းပါတယ်။ ထုတ်လုပ်မှု တိုးတက်ခြင်း                       ပဲမျိုးစုံထုတ်လုပ်မှု တိုးတက်ဖို့ရာမှာ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒဟာ အဓိက အရေးပါပါတယ်။ ကန်ပါမှာ ရှိတဲ့ အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ်ဟာ ပဲမျိုးစုံသုတေသနနဲ့ ထုတ်လုပ်မှုစွှမ်းအားအတွက် အကြီး မားဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံနဲ့ ဆီ ထွက် သီးနှံ ထုတ်လုပ်မှုတိုးမြှင့်ဖို့ မိုးရေခံဒေသမှာ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ စိုက်ခင်းပေါင်း ၆၀၀၀၀ ဖွဲ့စည်းဖို့ ယခုဘဏ္ဍာနှစ်အတွင်း အစိုးရက ရူပီးသန်း၁၀၀၀ (ကန်ဒေါ်လာ၂၀ ဒသမ၄၃ သန်း)ထောက်ပံ့ခဲ့ပါတယ်။                      အိန္ဒိယနိုင်ငံဟာ မတ်ပဲကို ပမာဏများစွာ တင်သွင်းနေရတာ ကြောင့်လက်ရှိမှာမတ်ပဲတင်သွင်းခွန်မရှိတဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်း အလဲများနဲ့ အစိုးရက ထိန်းချုပ်နေပါတယ်။ ပုဂ္ဂလိက ကုန်သည်များက ကုန်သွယ်မှုကို ချုပ်ကိုင်ထားတဲ့အတွက် MMTC၊ STC၊ PEC နဲ့ Nafed တို့လို အစိုးရအေဂျင်စီများဟာ ၂၀၀၇ ခုနှစ်ကစပြီးပဲမျိုးစုံ တင် သွင်းခဲ့ပါတယ်။                     ၂၀၁၁-၂၀၁၂ အတွင်း အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကိုလည်း ယခင်နှစ်ထက် ၁၃ရာခိုင်နှုန်းတိုးမြင့်ပြီး၊ တစ်တန် ရူပီး ၂၉၀၀၀ (ကန်ဒေါ်လာ ၅၉၃)မှ ရူပီး ၃၃၀၀၀ (ကန်ဒေါ်လာ ၆၇၄)ကို တိုးမြှင့်ခြင်းဖြင့် ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေပါတယ်။ အိန္ဒိယလို သတ်သတ်လွတ် စားသုံးမှုများတဲ့ နိုင်ငံအတွက် ပဲဟာ အဓိကကျပါတယ်။                 လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း အိန္ဒိယပဲမျိုးစုံ ထုတ်လုပ်မှုဟာ တန်ချိန် ၁၃- ၁၅ သန်းဝန်းကျင်ရှိပြီး၊ ပြည်တွင်းစားသုံးမှုဟာ တန်ချိန် ၁၈ သန်း - ၁၉ သန်းရှိနေပါတယ်။                  မကြာသေးခင်နှစ်များအတွင်း အထွက်နှုန်းမြင့် မျိုးစေ့များ ရရှိ ခြင်းနဲ့ MSP ဈေးနှုန်းတိုးမြှင့်ခြင်းတို့ကြောင့် မတ်ပဲထုတ်လုပ်မှု တိုးတက်ခဲ့ပေမယ့် တိုးတက်နေတဲ့ ပြည်တွင်းဝယ်လိုအား ပြည့်မီဖို့ သင့်တော် တဲ့ မူဝါဒများပိုမို လိုအပ်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ စိုက်ဧက တိုးမြင့်ခြင်း၊ မျိုးစေ့အသစ်များအတွက်သုတေသနလုပ်ငန်းများပိုမို လို အပ်ခြင်းနဲ့ပိုမိုလျင်မြန်တဲ့သတင်းအချက် ဖြန့်ဝေပေးခြင်းတို့အပြင် မတ်ပဲ ထုတ်လုပ်မှု တိုးတက်အောင် ရေရှည်နည်းဗျူဟာများ ချမှတ်ဖို့လို နေပါတယ်။                     အိန္ဒိယပြည်တွင်း ပဲမျိုးစုံ ဖူလုံမှုကို အထောက်အပံ့ဖြစ်စေဖို့ ပြည် တွင်းမှာရောအိမ်နီးချင်း မြန်မာနိုင်ငံနဲ့အာဖရိကနိုင်ငံတို့မှာလည်း ကန်ထရိုက်လယ်ယာစနစ်၊ပူးပေါင်းလယ်ယာစနစ်များတို့နဲ့ ပုဂ္ဂလိကများက ပါဝင်မှု တိုးမြင့်ဖို့လိုအပ်ပါတယ်။ ယမင်းရွှေစင်၊ Source:VES Bank

Monday, 14 Nov 2011

           အိန္ဒိယနိုင်ငံဟာ မိုးရာသီ ပဲထုတ်လုပ်မှု ကျဆင်းမှုကြောင့် ပြည်တွင်းပဲ လိုအပ်ချက်ကို ရည်မှန်းထားတဲ့ ဆောင်းရာသီ ပဲထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၈ သန်းနဲ့ ပြန်လည်ဖြည့်ဆည်းဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ် အောင်မြင်ဖို့အတွက် သေချာတဲ့ အစီအစဉ် ဟုတ်မဟုတ်ကိုတော့ စောင့်ကြည့်ရ ဦးမှာဖြစ်ပါတယ်။ ၂၀၁၁ မိုးပဲထုတ်လုပ်မှုမှာ တောင်သူများက ဈေးပိုရတဲ့ ပဲပုပ်၊ စပါးနဲ့ ဝါဂွမ်းကို ရွှေ့ပြောင်းစိုက်ပျိုးလာကြတဲ့ အတွက် ၂၀၁၀ မိုးစိုက်ဟက်တာ ၁၁၅ သိန်းရှိခဲ့ရာမှ ဟက်တာ ၁၀၄ သိန်းကို လျော့ကျလာခဲ့ပြီး၊ ထုတ်လုပ်မှု မှာလည်း တန်ချိန် သုည ဒသမ ၈ သန်းမှ ၁ သန်းခန့်ကျဆင်းခဲ့တယ်လို့ ခန့်မှန်း ထားပါတယ်။            ယခုနှစ် စက်တင်ဘာလအတွင်း ဆောင်းပဲစိုက်ပျိုးမှုကို အစိုးရက ဟက်တာ ၁၀ သိန်း ပိုမိုစိုက်ပျိုးဖို့ ပြည်နယ်တွေကို အားပေးခဲ့ပေမယ့် ၂၀၁၁-၁၂ ဆောင်း ရာသီ ပဲထုတ်လုပ်မှုဟာ တန်ချိန် ၁၀ ဒသမ ၂၇ သန်းကို လျော့ကျနိုင် တယ်လို့ အိန္ဒိယစိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။ စိုက်ပျိုးရေးဌာနက ဆီထွက်သီးနှံ စပါးနဲ့ အတူ ပဲနီလေးကို ကြားညှပ်စိုက်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါ့အပြင် ပဲမျိုးစုံကို လည်း ဥတ္တရာပရာဒေ့ရ်ှမှာ ကြံစိုက် ဟက်တာ ၁ သိန်းနဲ့ ကြားညှပ်စိုက်ပျိုးနိုင်ပါ တယ်။                 ဒါပေမယ့် မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုး နည်းပါးလို့ တောင်သူများ ပဲမျိုးစုံအစား ပဲပုပ်နဲ့ ဝါဂွမ်းကို ပြောင်းလဲစိုက်ပျိုး လာတဲ့အတွက် မိုးပဲမျိုးစုံ တန်ချိန် ၄ သိန်း - ၆ သိန်းခန့် ဆုံးရှုံး မှုရှိခဲ့တယ်လို့ အရာရှိများက ဆိုပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ပဲမျိုးစုံ တန်ချိန် ၁၈ ဒသမ ၀၇ သန်းထိထုတ်လုပ်နိုင်တဲ့အတွက် ယခင်နှစ်က ပဲတင်သွင်းမှုကျဆင်းခဲ့ပေမယ့် ယခု နှစ်မှာတော့ မိုးပဲရော ဆောင်းပဲပါ အထွက်ကျဆင်းဖွယ်ရှိလို့ တင်သွင်းမှု ပိုမို လာနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်းထားပါတယ်။ ယခင် နှစ်က အိန္ဒိယဟာ မိုးပဲကို တန်ချိန် ၇ ဒသမ ၁ သန်းအထိ စံချိန်တင်ထွက်ရှိ ခဲ့တာဖြစ်ပါတယ်။                   အိန္ဒိယကို ပဲအဓိက ရောင်းချတဲ့နိုင်ငံများနဲ့ ပမာဏများမှာ ကနေဒါက တန်ချိန် ၁ ဒသမ ၂ သန်း၊ မြန်မာက တန်ချိန် သုညဒသမ ၄၈ သန်း၊ သြစတြေးလျ က တန်ချိန် သုည ဒသမ ၂၁၂ သန်း၊ အမေရိကန်က သုည ဒသမ ၂၀၃ သန်း၊ တန်ဇန်းနီးယားက တန်ချိန် သုည ဒသမ ၁၄၄ သန်းနဲ့ မိုဇမ်းဘစ်က တန်ချိန် သုည ဒသမ ၀၈၉ သန်းအသီးသီး ရှိပါတယ်။ အိန္ဒိယအစိုးရဟာ ဆောင်းရာသီ ပဲစိုက် ပျိုးမှု မြင့်တက်စေဖို့ တောင်သူတွေကို အားပေးတဲ့အနေနဲ့ ကုလားပဲနဲ့ ပဲနီလေးလို ပဲများအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တိုးမြှင့်ခဲ့ပါတယ်။ ယင်းပဲ ၂ မျိုးလုံး အတွက် တစ်တန် ရူပီး ၂၈၀၀၀(ကန်ဒေါ်လာ ၅၆၄) သတ်မှတ်ဖို့ ယခင်နှစ်ဈေးများထက် ကုလားပဲကို တစ်တန် ရူပီး ၇၀၀၀(ကန်ဒေါ်လာ ၁၄၁)နဲ့ ပဲနီလေးအတွက် ရူပီး ၅၅၀၀ (ကန်ဒေါ်လာ ၁၁၁)အသီးသီးတိုးမြင့်ခဲ့တာ ဖြစ်ပါ တယ်။                     ပဲမျိုးစုံအတွက် ပွဲတော်ဝယ်လိုအားက လျော့လာခဲ့ပြီး အောက်တိုဘာ လ ကုန်မှာ ကနေဒါနဲ့ ပြင်သစ်က ပဲဝါလေး တန် ၃ သိန်းတင်သွင်းခဲ့တာကြောင့် ဈေးကွက်တွေမှာ လက်ကျန်အလုံအလောက်ရှိနေတယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံ အသင်းက ဆိုပါတယ်။ နိုင်ငံတော်ကုန်စည်ဒိုင် (NCDEX) မှာ နိုဝင်ဘာလ ကုလားပဲကြိုပွိုင့်ဈေးဟာ ပဲရရှိနိုင်မှုနည်းလို့ အတက်အကျ အပြောင်းအလဲရှိနေပါတယ်။ ယမင်းရွှေစင်၊ Source: commodityonline

Monday, 14 Nov 2011

                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ အောက်တိုဘာ နောက်ဆုံးပတ်က တစ်တင်း ၂၀၃၀၀ ကျပ်နဲ့ သာ အရောင်းအဝယ်ရှိပြီး၊ နိုဝင်ဘာလ ပထမပတ်မှာ တစ်တင်း ၁၉၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပါတယ်။ မျိုးသမားများနဲ့ လိုင်းသမား အဝယ်မရှိတော့ဘဲ ပဲခွဲစက်သမားများသာ ပုံမှန်အဝယ်ရှိပြီး၊ အခြားမြို့များမှ ကုလားပဲ ဝင်ရောက်မှုရှိနေတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်နေ့ အိတ် ၂၅၀ - ၃၀၀ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Monday, 14 Nov 2011

                   ဈေးနှုန်းဖောင်းပွမှုအပေါ် စိုးရိမ်မှုတွေအပြင် လှောင်လက်များမှ ထုတ်ရောင်းခြင်းနဲ့ ပွဲတော်အပြီး ဝယ်လိုအား ပါးလာတဲ့အတွက် ကုလားပဲဈေး ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းသီးနှံများအတွက် အနိမ့်ဆုံးထောက်ပံ့ ဈေးနှုန်း တိုးမြင့်လိုက် ခြင်းက ကာလလတ်အတွင်းမှာ ကုလားပဲဈေးကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                  ရာဂျက်စသန်စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးစာရင်းအရ နိုဝင်ဘာ၄ ရက်အထိ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၉ ဒသမ ၃၈ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၅ ဒသမ ၃၂ သိန်းထက် ၇၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အင်ဒရာ ပရာဒေ့ရှ်ရှိ စိုက်ပျိုးရေးဌာနရဲ့ အစီရင်ခံစာအရ ၂၀၁၁-၁၂ ဆောင်းပဲစိုက် ဧရိယာဟာ ယခင်နှစ်က ဟက်တာ ၅ ဒသမ ၀၆ သိန်းရှိရာမှ ယခုနှစ်မှာ ဟက်တာ ၃ ဒသမ ၅၄ သိန်းကို ၃၀ ရာခိုင်နှုန်း လျော့ကျတယ်လို့ဆိုပါတယ်။ ပထမအကြိမ် အစိုးရခန့်မှန်းချက်အရ ပဲထုတ်လုပ်မှုဟာ အစောပိုင်းက တန်ချိန် ၇ ဒသမ ၁၂ သန်းရှိမယ်လို့ ခန့်မှန်းရာမှ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းမယ်လို့ခန့်မှန်းတဲ့အတွက် ကာလတိုအတွင်း ကုလားပဲဈေးကို အထောက် အပံ့ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အခြားပဲထုတ်လုပ်တဲ့ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့မှာလည်း ရာသီဥတုကြောင့် ပဲထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်လများမှာ ပဲတင်သွင်းမှုဈေးနှုန်း ကြီးမြင့်ခြင်းက ကုလားပဲ ဈေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ယမင်းခင်၊ Source: commodityonline

Monday, 14 Nov 2011

                   အိန္ဒိယကုလားပဲ လက်ငင်းဈေးကွက်များမှာ လှောင်လက်များမှ ထုတ်ရောင်း နေတဲ့အပြင် ပဲခွဲစက်များမှလည်း အဝယ်မရှိတာကြောင့် ကုလားပဲ ဈေးကျဆင်း ခဲ့ပါတယ်။ ယခင်ရက်များက ဒေလီဈေးကွက်ကို ထရပ်ကား ၃၂-၃၃ စီးဝင် ရောက်မှုရှိပြီး ယင်းအနက် အရည်အသွေးနိမ့် ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို ပဲခွဲစက်များမှဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်များမှာ ရောင်းချမှုများတာ ကြောင့် ကုလားပဲဈေးဆက်လက် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေး ကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                 ဒေါ်လာ/ တန်                 ၉-၁၁-၁၁          ၈-၁၁-၁၁        ၅-၁၁-၁၁            ၄-၁၁-၁၁ဒေလီ       ၆၈၀-၆၈၅         ၇၁၅-၇၂၀       ၇၁၄-၇၂၀           ၇၁၀-၇၁၅ကန်ပါ          ၇၃၀                ၇၅၀               ၇၄၃                  ၇၃၅အာကိုလာ    ၇၁၅                 ၇၃၆              ၇၄၅                  ၇၄၅MIRT(MAPT)

Monday, 14 Nov 2011

                   ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲကို ပြည်ပအဝယ်တန့်နေ ပြီဖြစ်လို့ ယခုတစ်ပတ် အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုအနေနဲ့လည်း ယခင်သီတင်းပတ်က တန် ၃၆၀ တင်ပို့နိုင်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တန် ၁၀၀ ခန့်သာရှိတာ တွေ့ရပါတယ်။ လက်ကျန်ပဲများကို ပြည်တွင်းခွဲစက်များကသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်းတင်ပို့မှုအနေနဲ့ နိုဝင်ဘာ ၄ ရက်အထိ စုစုပေါင်း တန်ချိန် ၆၄၀၀၀ ကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်နဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ သန်းကျော် သာရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင် ဘာ ၁၁ ရက်မှာလည်း ယခင်သီတင်းပတ်ဈေးဖြစ်တဲ့ FAQ တစ်တန်ကန်ဒေါ်လာ ၉၈၀-၁၀၀၀ နဲ့ ငြိမ်နေပါတယ်။ MIRT(MAPT)

Monday, 14 Nov 2011

                    အောက်တိုဘာလမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၅၈ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၇၃၇ တန်ခန့်ကို တစ်ဖက် တရုတ်နိုင်ငံသို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အပို့ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် တန် ၄၃၄၀ ကျော်နဲ့ ယခင်နှစ်ကာလ တူထက် ၄၈၇၅ တန်ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဧပြီလမှ အောက်တိုဘာလထိ တန်ချိန် ၁၀၆၉၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၈ သန်းဖိုး မူဆယ်နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။                        တရုတ်မှ ပဲတီစိမ်းဝယ်ဈေးကျဆင်းခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ဝယ်လိုအားနည်းလာခြင်း၊ စက်တင်ဘာ လဆန်းပိုင်းမှစပြီး တရုတ်ဖက်မှာ ပဲသစ်ထွက်ချိန်ဖြစ်ခြင်းတို့ကြောင့် မိမိတို့ဘက်မှ ပဲတီစိမ်းတင်ပို့မှု ယခုအခါ လျော့နည်း ခဲ့ရပါတယ်။ ယမန်နှစ်အောက်တိုဘာလတွင် တရုတ်ဘက် ရွှေလီမှာ ပဲတီစိမ်းဝယ်ဈေးမှာ ယွမ် ၈၀၀၀ ရှိပြီး ယခု နှစ်မှာတော့ ယွမ် ၅၄၀၀-၅၈၀၀ ဈေးသာပေါက်လျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ် လအလိုက် မိမိဘက်နဲ့ တစ်ဘက် နိုင်ငံပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                        မိမိဘက်(ကျပ်/တန်)              တစ်ဖက်နိုင်ငံ(ယွမ်/တန်)ဧပြီလ                        ၈၁၆၅၂၀                      ၉၆၀၀-၁၀၄၀၀မေလ                  ၉၀၃၆၀၀-၉၅၈၀၅၇                ၈၅၀၀-၈၉၀၀ဇွန်လ                  ၆၁၅၁၁၇-၇၄၀၃၁၇               ၇၅၀၀-၈၃၀၀ဇူလိုင်လ              ၅၄၄၃၅၁-၅၈၇၈၉၉                ၆၄၀၀-၆၇၀၀သြဂုတ်လ            ၅၄၄၃၅၁-၅၉၈၇၈၆                 ၅၇၀၀-၆၁၀၀စက်တင်ဘာလ          ၅၄၄၃၅၁                         ၅၄၀၀-၅၈၀၀အောက်တိုဘာလ   ၄၆၈၁၄၁-၄၈၉၉၁၆               ၅၀၀၀-၅၄၀၀            လတ်တလောမှာ ယာဉ်တန်ချိန် ကန့်သတ်ချက်အရ ကုန်သယ်ဆောင်နေရတဲ့အတွက် မန္တလေး-မူဆယ် ကုန်သယ် ယူခနှုန်းထားများဆက်တိုက်မြင့်တက်လာလျက်ရှိရာ အောက်တိုဘာလဆန်းပိုင်းမှာ ၁ ပိဿာ၄၅ ကျပ်မှ လကုန်ပိုင်းမှာ ကျပ် ၈၀ အထိမြင့်တက်ခြင်းသည်လည်း အဓိကကန့်သတ်ချက်ဖြစ်နေတယ်လို့ သုံးသပ်နေကြပါတယ်။ Source: နကသ၊ချမ်းမြေ့မောင်

Pages