Main menu

Background

Monday, 27 Jun 2011

ပင်လယ်ရေကြောင်း မဆိုသလောက်အပို့ရ                   ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ မလေးရှားကို ရော်ဘာတန် ၂ဝ၊ တန်ဖိုးဒေါ်လာ ဝ ဒသမ ဝ၉၂ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က တင်ပို့မှုမရှိခဲ့ပါဘူး။ ကမ္ဘာ့ရော်ဘာဈေးနှုန်း များ တစ်ရှိန်ထိုးကျဆင်းနေခြင်းနဲ့ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တာကြောင့် ယခုလိုတင်ပို့မှု လျော့နည်းရခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှု နည်းပေမဲ့ နယ်စပ်ကုန်သွယ်ရေးကနေတော့ စဉ်ဆက်မပြတ်တင်ပို့နေတာတွေ့ရပါတယ်။ FOB  ရန်ကုန်ဈေးတွေကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာရှိကြောင်း သိရပါတယ်။   KZW

Monday, 27 Jun 2011

မေလတွင်အိန္ဒိယရော်ဘာ အထွက်နှုန်းတန်ချိန် (၅၉ဝဝဝ) ရှိလာ                  မေလမှာ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းက စံချိန်တင်ပြီး ၅၉၇ဝဝ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့လက ရော်ဘာသုံးစွဲမှု ၂ ရာခိုင်နှုန်းခန့်တိုးပြီး ၈၁ဝဝဝ တန်ကို ရောက်ရှိခဲ့ ကြောင်းရော်ဘာအသင်းရဲ့ စာရင်းများ အရသိရပါတယ်။ လွန်ခဲ့တဲ့နှစ် အလားတူကာလက ထုတ်လုပ်မှု တန်ချိန် ၅၆၄ဝဝ ရှိပြီး သုံးစွဲမှု ၇၉၁၅ဝ တန်ရှိကြောင်း သိရပါတယ်။ ရော်ဘာဝယ်လိုအားကတော့ တစ်လထက် တစ်လ ၂ ရာခိုင်နှုန်းခန့်ကျဆင်းပြီး ဧပြီလမှ တန်ချိန် ၈၂၅ဝဝ ရှိရာကနေ မေလမှာတန်ချိန် ၈၁ဝဝဝ တန်ရှိကြောင်း သိရပါတယ်။ ပို့ကုန်တင်ပို့မှု ကတော့ ယခင်နှစ်မေလမှာ ၁၄၇၈ တန်ရှိရာကနေ ယခုနှစ်မှာ ၁၈ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၁၇၄၂ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ သွင်းကုန်တင်သွင်းမှုကလည်း ယခင်နှစ်က ၁၅၃၇၂ တန်ရှိရာ ကနေ ၆ ရာခိုင်နှုန်းတိုးပြီး ၁၆၂၉၃ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မေလမှာ ရော်ဘာသိုလှောင်မှုက ၃၃ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၂၄၉၄၇ဝ တန်ရှိကြောင်း သိရပါတယ်။ ဇန်နဝါရီ ကနေ ဧပြီအထိ ထုတ်လုပ်မှုက ယခင်နှစ်အလားတူကာလထက် ၅ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၂ ဒသမ ၆၇ သိန်းရှိကြောင်းသိရပါတယ်။ ရော်ဘာထုတ်လုပ်မှုကတော့ ၂ဝဝ၈ မှာ တန်ချိန် ၈ ဒသမ ၈၁ သိန်း၊ ၂ဝဝ၉ မှာ တန်ချိန် ၈ ဒသမ ၂ဝ သိန်းနဲ့ ၂ဝ၁ဝ မှာတန်ချိန် ၈ ဒသမ ၅၁ သိန်းထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ တကယ်လို့ ထုတ်လုပ်မှုဟာ စီမံကိန်းချမှတ်တဲ့အတိုင်းသာ ဖြစ်မယ်ဆိုရင် ကမ္ဘာ့တတိယရော်ဘာ ထွက်ရှိမှု အများဆုံးမလေးရှားရဲ့ ထုတ်လုပ်မှုထက်တန် ၇၅ဝဝဝ သာလျော့နည်းမယ်လို့ သိရပါတယ်။ ရော်ဘာကို မိရိုးဖလာ စိုက်ပိုျးတဲ့ မလေးရှားရဲ့ ယခုနှစ်အထွက်နှုန်းက တန်ချိန် ၉ ဒသမ ၇၅ သိန်းရှိနိုင်ပြီး ၃ဒသမ ၆ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ထုတ်လုပ်မှုကတော့ ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ Source; Commodity online,KZW 

Monday, 27 Jun 2011

ကာရာလာအပြင် အခြားဒေသများ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုး               ကာရာလာဒေသဟာ အိန္ဒိယရဲ့ သဘာဝရော်ဘာထွက်ရှိရာဒေသအဖြစ် အချိန်ကြာမြင့်စွာ ကတည်းက ရပ်တည်ခဲ့ပြီး အိန္ဒိယရော်ဘာထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းက ကာရာလာကနေထွက်တာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကာရာလာမှာ စိုက်မြေတွေပြည့်နှက်နေတာကြောင့် အိန္ဒိယရော်ဘာအသင်းက ရော်ဘာ စိုက်ပိုျးနိုင်တဲ့မြေနေရာတွေကို အခြားဒေသတွေမှာ ရှာဖွေနေကြောင်းသုတေသီများကပြောပါတယ်။ အရှေ့မြောက်ပိုင်းက ထရိုင်ပူရဒေသရဲ့ ရာသီဥတုအခြေအနေက ကာရာလာ နဲ့ နီးစပ်ပါတယ်ဒါ့အပြင် အခြားဒေသတွေ ဖြစ်တဲ့ မဟာရရှထရာနဲ့ ဂိုရာဒေသတွေကိုလည်း ရော်ဘာစိုက်ပျိုးဖို့ အလားအလာရှိကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။ ၁၉၇၉ ခုနှစ်မှာ စတင်ခဲ့တဲ့ စိုက်ပျိုးရေးအစီအစဉ်မှာ ဂိုရာဒေသကို ရော်ဘာ စိုက်ပျိုးရေးဒေသအဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ရော်ဘာအသင်းရဲ့ နောက်ဆုံးစာရင်းများအရ မဟာရရှထရာမှာ စိုက်ပျိုးရေး လုပ်ငန်း ၂၂ဝ ရှိပြီး ဂိုရာမှာ ၁၉၅ ခုရှိကြောင်းသိရပါတယ်။ မဟာရရှထရာမှာ ရော်ဘာ ဟက်တာ ၉ဝဝ စိုက်ပျိုးပြီး ဂိုရာမှာတော့ ဟက်တာ ၇ဝဝ စိုက်ပိုျးကြောင်းသိရပါတယ်။ မဟာရရှထရာက ဟက်တာ ၁ဝဝ နဲ့ ဂိုရာက ဟက်တာ ၆၅ဝ က အရွယ်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဂိုရာဒေသမှာ တစ်နှစ်ကို တန် ၉ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ၁၄ဝဝ ကီလိုဂရမ်ထုတ်လုပ်နိုင်ကာ မဟာရရှထရာဒေသမှာတော့ တစ်နှစ်ကို တန် ၂ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ပျမ်းမျှခြင်း ၂ တန်ထုတ်လုပ်နိုင်ကြောင်းသိရပါတယ်။ ဂိုရာဒေသက ရော်ဘာပင်တွေရဲ့ ၆ဝ ရာခိုင်နှုန်းက အပင်အိုတွေဖြစ်နေပြီး ပြန်လည်စိုက်ပျိုးဖို့ လိုအပ်လျက်ရှိကာ မဟာရရှထရာက ရော်ဘာပင်တွေကတော့ သက်တမ်းငယ်သေးကြောင်း သိရပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ မဟာရရှထရာမှာ ရော်ဘာဟက်တာ ၂၅ဝဝ နဲ့ ဂိုရာမှာ ဟက်တာ ၅ဝဝ ထပ်မံစိုက်ပျိုးဖို့ ရော်ဘာအသင်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။   Source; Commodity online ,KZW 

Monday, 27 Jun 2011

မြန်မာ- တရုတ် နယ်စပ်စခန်းများမှ ရော်ဘာတန် ၈ဝဝ ကျော်တင်ပို့မှုရှိ               မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၃ဒသမ ၈၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၃၅ တန်ကျော်ကို ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် ၂၁ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ရော်ဘာအဆင့်အ လိုက်တင်ပို့မှုတွေကတော့ RSS-3 ၆၆၃ တန်ကျော် ၊RSS-5  ၆၇ တန်၊MSR-20 ၁ဝ၅ တန်နဲ့MSR-50 တန် ၃ဝ အသီးသီး ဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုကတော့ မူဆယ်မှ RSS-3 ၄၄၇ တန်၊ RSS-5 ၃၅ တန်ကျော်၊MSR-20 ၁ဝ၅ တန်နဲ့ MSR-50 တန် ၃ဝ ၊ ချင်းရွှေဟော်မှ RSS-3 ၁၈၆ တန်ကျော်၊RSS-5 ၃၂ တန်အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခု အပတ်မှာ မိမိဘက် ရော်ဘာဈေး အနည်းငယ်မြင့်တက်နေသော်လည်း တစ်ဘက်နိုင်ငံဈေးများပြောင်းလဲမှုမရှိပါဘူး။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု               ယခင်     ပြောင်းလဲမှု    %         ယခု      ယခင်   ပြောင်းလဲမှု     %RSS-3      ၃၆၄၆၇၈၃     ၃၆၄၁၂၅၅     ၅၅၂၈     ဝ .၁၅     ၄၆၃၁     ၄၆၃၁         -               - RSS-5      ၃၅၂၆၇၆၃     ၃၅၂၁၄၇၅     ၅၂၈၈     ဝ .၁၅     ၄၅၅၄    ၄၅၅၄          -               -MIRT (DOBT)

Monday, 27 Jun 2011

ပင်လယ်ရေကြောင်း တန် ၁၉ဝဝ ကျော်တင်ပို့မှုရှိ               ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၉၂၇ တန်၊ တန်ဖိုး ဝ ဒသမ ၅၅၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၆၅၇ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တင်ပို့မှုတန် (၃ဝဝ) လောက်ပိုမိုခဲ့ပါတယ်။ ပြောင်းအထွက်ကျချိန်ဖြစ်တာကြောင့် တင်ပို့မှု လျော့ကျရခြင်းဖြစ်ကြောင်းသိရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၂၁၂ တန်၊ စင်္ကာပူကို ၁ဝ၈ဝ တန်နဲ့ အိန္ဒိယကို ၆၃၅ တန်အသီးသီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB ရန်ကုန်ဈေးနှုန်းတွေကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြား ဈေးရလျက် ရှိပါတယ်။ ပင်လယ်ရေကြောင်းက အပို့နည်းပေမယ့် နယ်စပ်ကနေ တန် ၈ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ုKZW 

Monday, 27 Jun 2011

မန်းထောပတ်ပဲ ဈေးအေးလာ              မန္တလေးဈေးကွက်မှ တရုတ်ဈေးကွက်ကို နှစ်စဉ်တင်ပို့တဲ့ အထဲမှာ ထောပတ်ပဲဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ဖေဖော်ဝါရီလမှာ ၁ဝ တန်၊ မတ်လမှာ တန် ၁ဝဝ သာတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှာတန် ၅ဝဝ တင်ပို့နိုင်ခဲ့ တာကို တွေ့ရပါတယ်။ မေလအတွင်းမှာ တန် ၂၅ဝ ခန့်နဲ့ ယခုဇွန်လ တတိယပတ်ထိ တန် ၁၅ဝ ခန့်တင်ပို့ပြီးဖြစ်ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့ တန် ၁၅ဝ ဟာ ပထမပတ်အတွင်း က တင်ပို့ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တင်ပို့မှု အေးနေပါ တယ်။ဒါကြောင့် ဈေးကွက်အခြေအနေကလည်း အေးလာတာကို တွေ့ရပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ထောပတ်ပဲ တစ်ပိဿာဈေးများကတော့ ဇွန်လ ပထမပတ် ၈ ရက်နေ့မှာ အမြင့်ဆုံး ၁ဝ၆၇ ကျပ်၊ အနိမ့်ဆုံး ၇၄၇ ကျပ်ဖြစ်ခဲ့ပြီး၊ ဒုတိယပတ် ၁၃ ရက်နေ့က အမြင့်ဈေး ၁ဝ၇၆ ကျပ်၊ အနိမ့်ဈေး ၁ဝ၄၉ ကျပ်ထိ ဈေးကွက်မြင့်တက်ခဲ့ပါတယ်။ တတိယ ပတ်ထဲမှာတော့ အမြင့်ဈေး ၁ဝ၃ဝ ကျပ်၊ အနိမ့်ဈေး ၇၅၆ ကျပ်ထိ ဈေးအေးခဲ့ပါတယ်။ ဇွန်လ ၁ဝ ရက်နောက်ပိုင်းမှာ တော့ တရုတ်တင်ပို့မှု မရှိသလောက်ဖြစ်ခဲ့ပြီး ရန်ကုန်ဈေး ကွက် အနည်းငယ်နဲ့ ဒေသတွင်း ဝယ်လက်လောက်သာ ရှိကြောင်း သိရပါတယ်။ မိုးမိုးအေး

Monday, 27 Jun 2011

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲစင်းငုံနီစိုက်ပျိုးနေပြီ               စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်နှစ်ကိုတစ်သီးသာ စိုက်ပျိုးတဲ့ပဲစင်းငုံနီဟာ ၂ဝ၁၁-၁၂ ခုနှစ်လျာထား စိုက်ဧက ၅ ဒသမ ၄၅ သိန်းအနက်ဧက ၃ ဒသမ ၄၂ သိန်း၊ ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ပဲစင်းငုံ သီးနံှကို မေ၊ ဇွန်၊ ဇူလိုင် လများမှာစတင်စိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ကာလများ မှာထွက်ပေါ်မှာဖြစ်လို့ သက်တမ်း ၆ လမျှအချိန်ကာလကြာမြင့်ပါတယ်။ ယခုရောင်းဝယ်နေတာက တောင်သူနဲ့ ကုန်သည်များလက်ဝယ်ရှိနေတဲ့ ယခင်နှစ်ထွက်ပဲစင်းငုံများဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်းပဲစင်းငုံ နီတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၆၁ဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးအသီးသီးနဲ့ရောင်းဝယ်ခဲြ့ကပြီး တစ်ရက်ကိုပဲစင်းငုံနီ ပျမ်းမျှတင်း ၁ဝဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှ မန္တလေးသို့ ပဲစင်းငုံနီတင်း ၂၁ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ်။   သန်းးသန်းးတင်

Monday, 27 Jun 2011

ဈေးမာလာတဲ့ မန်းပဲကြီး                မန်းပဲဈေးကွက်သို့ တိုင်းဒေသကြီးများမှ ပဲကြီးများ ဆက်လက်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်း ပဲကြော်ဖိုသမားများ အဝယ်ရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ဇွန်ပထမပတ်ပဲကြီးတစ်ပိဿာကို အမြင့်ဈေး ၈၃၃ ကျပ်၊ အနိမ့်ဈေး ၈၁၄ ကျပ် ဈေးရှိခဲ့ပြီး၊ ဒုတိယပတ်မှာတော့ အမြင့်ဈေး ၉၄၁ ကျပ်၊ အနိမ့်ဈေး ၉ဝ၅ကျပ်ဖြင့်ဈေးမာလာတာတွေ့ရပါတယ်။ ယခုအပတ်မှာတော့ အမြင့်ဈေး ၉၉၅ ကျပ် မှအနိမ့်ဈေး ၉၄၁ ကျပ်ဖြင့် ဈေးမြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်လှောင်လက်သမားများမှ ပြန်လည်အဆွဲများလာတာကြောင့် ဈေးမာလာပြီး တင်ပို့မှု အနေနဲ့ကတော့ ဖေဖော်ဝါရီလမှာ ၃၃ တန်၊ မတ်လမှာ ၆၅၄ တန်အများဆုံးတင်ပို့ခဲ့ပြီး ဧပြီလ မှာတော့ ၅၈၂ တန်ခန့်၊ မေလမှာ ၂၆၅တန် တင်နိုင်ခဲ့ပါတယ်။ ယခုဇွန်တတိယပတ် အထိ တန် ၂၄၆ ခန့်တင်ပို့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။     မိုးးမိုးးအေး

Monday, 27 Jun 2011

မုတ်သုံမိုး ပုံမှန်အောက်နည်းမယ့် ခန့်မှန်းချက်ကြောင့် အိန္ဒိယသီးနံှများကို ထိခိုက်ဖွယ်မရှိ                 စပါး၊ ဝါဂွမ်းနဲ့ ပဲမျိုးစုံစိုက်ပျိုးဖို့ အဓိကကျတဲ့ အိန္ဒိယရဲ့ မုတ်သုံမိုးဟာ ယခုနှစ်မှာ ပျမ်းမျှအောက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမိုးလေဝသ ဌာနရဲ့ယခုနှစ်မှာ မိုးရွာသွန်းမှုက ပုံမှန်အောက်အနည်းငယ်ကျဆင်းဖွယ် ရှိတယ် လို့ ခန့်မှန်းထားပေမဲ့ မိုးရေကကောင်းကောင်းလုံလောက်မှာဖြစ်လို့ သီးနံှအထွက် သိသိသာသာထိခိုက် နိုင်ဖွယ်မရှိဘူးလို့ မိုးလေဝသထိပ်တန်းအရာရှိများက ဆိုပါတယ်။                 အိန္ဒိယနိုင်ငံရဲ့ ဇွန်လမှ စက်တင်ဘာလ မိုးရွာသွန်းမှုဟာ လွန်ခဲ့တဲ့လ နှောင်းပိုင်းမှာပါးပါးနဲ့ စတင်ရွာသွန်းခဲ့ပေမဲ့အိန္ဒိယအလယ်ပိုင်းကပဲပုပ်နဲ့ မြောက်ပိုင်း က စပါးစိုက်ပျိုးမှုကို မထိခိုက်ခဲ့ဘူးလို့ IMD မှ ဆိုပါတယ်။ ဇွန်လစက်တင်ဘာလ မိုးရွာသွန်းမှုဟာ နှစ် ၅ဝ ပျမ်းမျှရဲ့ ၉၅ ရာခိုင်နှုန်းခန့်ရွာဖွယ်ရှိ တယ်လို့ ဆိုပါတယ်။                     လာနီညာအခြေအနေအားပျော့လာခြင်း၊ အိန္ဒိယသမုဒ္ဒရာမှာ အပူချိန် မပူမအေးဖြစ်ခြင်းတို့ကြောင့် မိုးရွာသွန်းမှု လျော့ကျမယ်လို့ IMD  ကခန့်မှန်းခြင်း ဖြစ်ပါတယ်။ ပုံမှန်မိုးရေချိန်အောက်ရောက်ရှိမယ့် ခန့်မှန်းချက်က လေ့လာဆန်းစစ်သူတွေကို အံ့အားသင့်စေပြီး စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေတဲ့ ငွေကြေးဖောင်းပွမှုမျိုး ထပ်မံဖြစ်မှာစိုးရိမ်စေခဲ့ပါတယ်။                        မကြာသေးခင် သီတင်းပတ်များက စားသောက်ကုန်ဈေးနှုန်းများကျဆင်း ခဲ့ပေမဲ့ မိုးနည်းပါးခြင်းက ဈေးနှုန်းတစ်ဖန်ပြန်မြင့်လာစေနိုင်ပါတယ်။ တစ်နှစ် ထက် တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းက ဇွန်လ ၄ ရက် သီတင်းပတ်မှာ ၈ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်လို့ ယခင်သီတင်းပတ်ရဲ့ ၉ ဒသမ ဝ၁ ရာခိုင်နှုန်းထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်းဟာ နိုင်ငံရဲ့ သီနံှအများဆုံးထုတ်ရာဒေသဖြစ်ပြီး ရာသီ မိုးရွာသွန်းမှုဟာ ယခုအခါ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ပတ်ဝန်းကျင်အတွင်းသာ ရွာသွန်းတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာဂံျုနဲ့ ဆန်ကို ဒုတိယ အများဆုံးထုတ်လုပ်ပြီး ဇွန်လမှ စတင်တဲ့ သီးနံှရာသီအတွင်း ပုံမှန်မိုးရေရရှိရင် တန်ချိန် ၂၃၅ ဒသမ ၉ သန်းအထိ စံချိန်တင်ထုတ်လုပ်မှုရှိပါတယ်။ စာနပ် ရိက္ခာသီးနံှတန်ချိန် သန်း ၂၄ဝ ရရှိဖို့ ရည်မှန်းထားပေမဲ့ မိုးရွာသွန်းမှု ပုံမမှန်ဘူး ဆိုရင် ရည်မှန်းချက်နဲ့ လွဲချော်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ လဝန်းး၊Source: commodityonline 

Monday, 27 Jun 2011

ပဲလွန်းဖြူ တန် ၉ဝ ခန့် မူဆယ်မှ အပို့ရှိ                  ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်းကန်ဒေါ်လာ ၇၆ဝဝဝ တန်ဖိုး ရှိ ပဲလွန်းဖြူ ၈၉ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး လျော့နည်းခဲ့ပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                       မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု           ယခင်      ပြောင်းလဲမှု    %      ယခု      ယခင်   ပြောင်းလဲမှု      %ပဲလွန်းဖြူ      ၅၆၁ဝဝ၆     ၅၆၃၅ဝ၈      ၂၅ဝ၂      ဝ .၄      ၉၂၆     ၈၉၅          ၃၁            ၃ .၃MIRT (DOBT)

Pages