Background
လှောင်လက်များအဝယ်သွက်လာလို့ အိန္ဒိယကုလားပဲဈေးအနည်းငယ်တက် ဇွန်လ ၈ ရက်နေ့မှာ ပြည်တွင်းလှောင်လက်အဝယ်တက်လာတာကြောင့် ကုလားပဲလက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်များနဲ့ ပဲခွဲစက်တွေက အဝယ်ထိုင်းနေတယ်လို့ သိရပါတယ်။ မုတ်သုန်မိုး အခြေအနေကောင်းမွန်ခြင်းကြောင့် မိုးပဲအထွက်ပိုမိုဖွယ်ရှိခြင်း ကတော့ ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကုလားပဲ ရိတ်သိမ်းပြီးဆုံးလို့ ဈေးကွက်တွေကို ဝင်ရောက်မှု ကျဆင်းလာခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေမယ်လို့လည်း ခန့်မန်းကြပါတယ်။ လတ္တာဈေးကွက်ကို ဇွန်လ ၈ ရက်နေ့က ကုလားပဲအိတ် ၂၅ဝဝ ဝင်ရောက်မှု ရှိခဲ့တယ်လို့သိရပါတယ်။ ပြည်ပက တင်သွင်းပဲတွေက အဆက်မပြတ်ဝင်ရောက်မယ် ဆိုရင် ကာလတိုအတွင်း လှောင်လက်တွေရဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်မှာဖြစ်လို့ ကုလားပဲတစ်တန် ရူပီး ၂၃ဝဝဝ-၂၅၅ဝဝ (ကန်ဒေါ်လာ ၅၁၄-၅၇ဝ) ဝန်းကျင် အတွင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် ှSource: commodityonline
အိန္ဒိယကုလားပဲဈေး လက်ရှိဝန်းကျင်မှာ အပြောင်းအလဲရှိ အိန္ဒိယကုလားပဲလက်ငင်းဈေးကွက်များအတွင်း ကုလားပဲဈေးက လက်ရှိဈေး ဝန်းကျင်မှာ အပြောင်းအလဲ ရှိနေပါတယ်။ ပဲခွဲစက်များက ဝယ်လိုအားနည်းပေမဲ့ နိုင်ငံတကာဈေးခိုင်မာနေခြင်းကြောင့် လှောင်လက်များ ဝယ်ယူနေခြင်းက ဈေးနှုန်း ကို အထောက်အပံ့ဖြစ်စေပါတယ်။ မိုးပဲအထွက် အလားအလာကောင်းပေမဲ့ ဈေးကွက်များအတွင်း ကုလားပဲရောင်းချမှု အကန့်အသတ်သာရှိခြင်းက ဈေးနှုန်း ကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ ကနေဒါစိုက်ပျိုးရေးဌာနစာရင်းအရ ၂ဝ၁၁- ၁၂ အတွင်း ကုလားပဲဖြူလုံးကြီး စိုက်ပျိုးပြီးစီးမှု ဧရိယာဟာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၁၉ ရာခိုင်နှုန်းလျော့ကျနိုင်တဲ့အတွက် ထုတ်လုပ်မှုရော လက်ကျန်ပါ လျော့ကျနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးများနှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/တန် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း ၅၁၂ ၅၁၄ ၅၁၆ ၅၁၇ဒေလီ ၅၅၃-၅၅၉ ၅၄၅-၅၅ဝ ၅၄၂-၅၄၈ ၅၄၄-၅၄၆ချန်နိုင်း ၅၉၃ ၅၉၃ ၅၉ဝ ၅၉ဝMIRT(MAPT)
ရန်ကုန် FOB ဈေးကွက် ကုလားပဲအဝယ်လျော့ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်သီတင်းပတ်က FOB အရောင်းအဝယ် တန်ချိန် ၁ဝဝဝ နီးပါးဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၇၂ဝ သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိပေမဲ့ ကုန်သည်ကြီးများလက်ထဲမှာ လက်ကျန် လျော့နည်းတာကြောင့် FOB ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၃ ရက်နေ့ FAQ တစ်တန် ကန်ဒေါ်လာ ၇၉ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁ဝ ရက်မှာ ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ MIRT- MAPT
ကုလားပဲဖြူလုံးကြီး တင်ပို့မှု ပြန်လျော့လာ ယခင်သီတင်းပတ်များက ကုလားပဲဖြူလုံးကြီး အပတ်စဉ် တန် ၃ဝဝဝ ကျော် တင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ (ဇွန်လ ၂ ရက်မှ ၈ ရက်)တော့ တန်ချိန် ၁၄ဝဝ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၅ဝဝဝ ကျော်ရှိပြီး ယခင်နှစ်မေလမှာ တင်ပို့မှု မရှိသလောက် နည်းတာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂ သောင်းကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့တဲ့ အတွက် ယခုနှစ်မှာ သိသိသာသာ တင်ပို့အားကောင်း လာခဲ့တာတွေ့ရပါတယ်။ ကုန်သည် လက်ကျန်လျော့လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု အားပျော့ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
မုံရွာစိမ်းကြီး ဈေးကွက်အရောင်းအဝယ်သွက်နေဆဲ ပဲတီစိမ်းကြီးဈေးကွက်ဟာ ဇွန်လပထမပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်အတွင်း အရောင်းအဝယ် အားအကောင်းဆုံး ပဲအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ နယ်အဝင်ပမာဏနဲ့ မန်းအဆွဲတို့ မျှတညီညွတ်နေတာ ပေါက်ဈေးကတော့ ယခုတစ်ပတ်ထဲမှာ အနိမ့်ဆုံး တစ်တင်း ၂၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၉ဝဝဝ ကျပ်ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်နဲ့ တစ်ရက်ဈေးအတက် အကျ တစ်တင်း ၁ဝဝဝ ကျပ်ဝန်းကျင်ရှိခဲ့တယ်လို့ ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက တစ်တင်း အမြင့်ဆုံးဈေး ၃၁ဝဝဝ ကျပ်ကို မမီပေမဲ့ ယခုပေါက်ဈေးဟာ တောင်သူတွေ သင့်တင့်တဲ့ အကျိုးအမြတ်ရှိတဲ့အတွက် အခုလို နယ်ပစ္စည်းအဝင်သွက်လာတာဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းအရောင်းအဝယ်အနေနဲ့ ယခု တစ်ပတ်အတွင်း တစ်ရက်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်းများ စိုက်ပျိုးပြီ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် မိုးပဲတီစိမ်းသီးနံှကို အများဆုံး စိုက်ပျိုးကြပြီး ယခုဇွန်လအတွင်း ဧက ၁ဝဝဝ နီးပါးခန့် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ယခင်နှစ်က မေလအတွင်း မျိုးလက်ကျန်မရှိတဲ့ တောင်သူများမှ ဝယ်ယူမှုများရှိတဲ့အတွက် မျိုးပဲတီစိမ်းဈေးမှာ တစ်တင်းကို ၅ဝဝဝဝ ကျပ်ထိဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။ ယခုနှစ်အတွင်း မျိုးပဲလုံလောက်စွာရှိကြတဲ့အတွက် ပဲဈေးကွက်အတွင်း မျိုးပဲဝယ်ယူမှုများမရှိကြဘူးလို့ ပွဲရုံများမှ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းပေါ်စ မေလတွင် တစ်တင်း ၂၆ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုနှစ်မှာတော့ ပဲဈေးကွက် အတွင်း ပဲမျိုးစုံဈေးနှုန်းများမှာ ယခင်နှစ်ဈေးကို မမီကြတဲ့အတွက် ပဲတီစိမ်းဈေးမှာလည်း ယခင်နှစ်အဖွင့်ဈေးကို မီမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခင်ဆွေဝင်း
ပဲတီစိမ်း တန် ၂၄ဝဝ ကျော် ယခုအပတ်တင်ပို့မှု ပိုမို ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၇ ဒသမ ၈၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၇၃၇၄တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၄၅၁ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ရာသီဥတု ပူလာပြီဖြစ်လို့ တစ်ဖက်နိုင်ငံဝယ်လိုအား မြင့်တက်ခဲ့တာဖြစ်ပါတယ်။ မြေပြင်ဈေးများကို နှိုင်းယှဉ်သော အခါ ယခင်အပတ်ထက် လျော့နည်းလျက်ရှိတာတွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ပဲတီစိမ်း ၁ဝ၂၆၂၂၃ ၁၁၄၇၅ဝဝ ၁၂၁၂၇၇ ၁၂ ၁၂၇၅ ၁၃၆၈ ၉၃ ၇MIRT (DOBT)
အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ အိန္ဒိယဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ မုတ်သုန်မိုးကောင်းမွန်နေခြင်းတို့ကြောင့် ပဲစိုက်ပိုျးဖို့ အလားအလာကောင်းနေခြင်းတို့က ဈေးနှုန်းမတက်အောင် ဖိအားဖြစ်စေပါ တယ်။ နွေပဲတီစိမ်းများ ဝင်လာနေပြီဖြစ်ပေမဲ့ ပြန်လည်ရောင်းချသူများရဲ့ ဝယ်လိုအားက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ မယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် တန်/ ဒေါ်လာဈေးကွက် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း (ကင်ညာ) ၉၆၂-၉၇၃ ၉၆၆-၉၇၇ ၉၇၂-၉၈၃ ၉၇၃-၉၈၄ဒေလီ ၇၃၈-၇၈၃ ၇၄၁-၇၅၆ ၇၃၈-၇၈၂ ၇၃၈-၇၈၃အာကိုလာ ၈၅ဝ-၉၁၇ ၈၅၄-၉၆၆ ၈၄၉-၉၆၁ ၈၅ဝ-၉၆၂MIRT(MAPT)
ပဲတီစိမ်း ပြည်ပအဝယ်ပါး အရောင်းအဝယ်လျော့ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်(ဘုရင့်နောင်) မှာ ယခုတစ်ပတ်အတွင်း တရုတ်ဝယ်လက်များ ပဲတီစိမ်း အဝယ်ပါးလာ တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပါးလို့ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်စာချုပ်နိုင်မှု ပမာဏလည်း ယခင် သီတင်းပတ်များထက် လျော့ကျတာတွေ့ရပါတယ်။ ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ တစ်ပတ်အတွင်း ပဲတီစိမ်းအညာရွှေဝါ တန် ၂ဝဝဝ နီးပါးနဲ့ ပဲတီစိမ်း တန်ချိန် ၅ဝဝ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း စုစုပေါင်း ပဲတီစိမ်း၊ အညာ တန်ချိန် ၄၄ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် ၤဥြ ဈေးမှာတော့ ရွှေဝါဈေးယခင်သီတင်းပတ်ထက် အနည်းငယ် ပိုလာတာ တွေ့ရပါတယ်။ တန်/ ဒေါ်လာ ပဲတီစိမ်း (အညာ) ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၁ဝ-၆-၁၁ ၁ဝ၅ဝ-၁ဝ၇ဝ ၁၂ဝဝ-၁၂၂ဝ ၁၃ဝဝ-၁၃၂ဝ၃-၆-၁၁ ၁ဝ၅ဝ-၁ဝ၇ဝ ၁၁၇ဝ-၁၁၉ဝ ၁၂၇ဝ-၁၂၉ဝMIRT(MAPT)
ပဲတီစိမ်း သင်္ဘောအတင် တန် ၃ဝဝဝ အောက်ကျဆင်းလာ ပင်လယ်ရေကြောင်းက ပဲတီစိမ်းသင်္ဘောတင်ပို့မှု ယခင်သီတင်းပတ်က တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံးတင်ပို့မှု အနေနဲ့ တန်ချိန် ၂ဝဝဝဝ ကျော်ရှိပြီး ၂ဝ၁ဝ မေလအတွင်းမှာတော့ တန်ချိန် ၁၃ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် ၆ သောင်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ သောင်းကျော်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ပိုတင်နိုင်တာ တွေ့ရပါတယ်။ လာမယ့်အပတ်မှာ လည်း ပဲတီစိမ်း တင်ပို့မှု အနည်းငယ်လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT
