Main menu

Background

Monday, 8 Jul 2013

တရားမဝင်ကုန်သွယ်မှုများလျော့နည်းပပျောက်စေရန်နဲ့  တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေ ရန်ရည်ရွယ်ပြီး တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ်(ITC)နဲ့ကုန်သည်ငယ်၊ ကုန်သည်လတ်များကို လုပ်ကိုင်ခွင့်ပြုပေး လျက် ရှိရာ ၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး မူဆယ်နဲ့ မြဝတီ ကူးသန်း ရောင်း ဝယ်ရေးစခန်း၊ နိုဝင်ဘာ ၂၁ ရက်နေ့မှာ တမူးကူးသန်းရောင်းဝယ်ရေးစခန်းများကို စတင် ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။

ချင်းရွှေဟော်ကူးသန်းရောင်းဝယ် ရေး စခန်းကိုလည်း ၂၀၁၃ ဧပြီလမှ စတင်ပြီး (ITC) ကတ်ဖြင့်လုပ်ကိုင် ခွင့်ပြုပေး လျက်ရှိရာ မေလနဲ့ ဇွန်လဆန်းပိုင်းမှာ လုပ်ကိုင်မှုမရှိပဲ ဇွန်လနှောင်းပိုင်းမှာ ပြောင်းတန် ၂၀ ခန့် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၀၈ သန်းဖိုးကို တင်ပို့နိုင် ခဲ့တယ်လို့ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှသိရပါတယ်။ဒေသခံအုပ်ချုပ် ရေးအဖွဲ့များ၊ ကုန်သည်ကြီးများအသင်းဝင် ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ (ITC) လုပ်ငန်းရှင်များ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းစည်းရုံးဆောင်ရွက် ပေးကြရန် ၂၀၁၃ ခုနှစ်ဇွန်လမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စားသုံးသူ အကာအကွယ်ပေးရေး ညှိနှိုင်းအစည်းအဝေးမှာ စခန်းတာဝန်ခံဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဝင်းမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: ခရဟ KMT(DCCA)
 

Monday, 8 Jul 2013

ပခုက္ကူဈေးကွက်ထဲ ပေါက်မြို့နယ် ကြက်သွန်နီအဝင် တွေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာကို ပိဿာချိန် ၉ သိန်း ၇ သောင်း ၃ ထောင်အဝင်ရှိတာကို တွေ့ရပါတယ်။ ဈေးတွေအနေနဲ့ တစ်ပိဿာ ထိပ်စအမြင့်ဆုံး ၃၉၀ ကျပ်၊ အလတ်စ အမြင့်ဆုံး ၃၅၀ ကျပ်၊ အောက်စအမြင့်ဆုံး ၃၀၀ ကျပ် တစ်ပတ်လည်မှာရှိနေခဲ့ပါ တယ်။ နေ့စဉ်အဝင်တွေ အနေ နဲ့ ပိဿာချိန် ၇ သောင်းအထိ အဝင်အများဆုံးနဲ့ ပိဿာချိန် ၇ ထောင်လောက်သာအဝင်ရှိ တဲ့ နေ့တွေလဲရှိပါ တယ်။ ဇွန်လ အတွင်း အမြင့်ဆုံးတစ်ပိဿာ ၃၉၀ ကျပ်လို့ ဆိုရပေမယ့် ၃၇၀ ကျပ်လောက်နဲ့ နေ့စဉ် နီးပါး အရောင်းအဝယ်ဖြစ်တာ ပါ။

Monday, 8 Jul 2013

 
ရှမ်းနနွင်းကတော့ ပြည်တွင်း လှောင်လက်တွေသာ အဝယ်ရှိနေပါတယ်။အရောင်းအဝယ်ကလည်း သိပ်မေ ကာင်း တော့ အဝင်ကလည်း နည်းပါတယ်။ အနီးပတ်ဝန်းကျင်ရွာ တွေကသာ တစ်ပတ်မှာ ပိဿာချိန် ၁၀၀၀ ခန့် အဝင်ရှိနေ တယ်လို့လည်း သိရပါတယ်။

Monday, 8 Jul 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လ နောက်ဆုံး သီတင်းပတ်အတွင်းမှာ နနွင်းတင်ပို့မှုပျောက်ခဲ့ပါ တယ်။ ဇွန်လအတွင်း နနွင်းတင်ပို့ခဲ့တဲ့ နိုင်ငံတွေမှာ စင်ကာပူ နိုင်ငံ၊ ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယ၊ ယူကရိန်းနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ဖြစ်ပါတယ်။

Monday, 8 Jul 2013

 
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇွန်လနောက်ဆုံးသီတင်းပတ်အတွင်းမှာ မန်ကျည်း ၆၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ အိန္ဒိယနိုင်ငံကို ၂၅ တန်၊ စင်ကာပူနိုင်ငံကို ၁၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Monday, 8 Jul 2013

ရှမ်းပြည်နယ်တောင်ပိုင်းမှာချင်းအဓိကစိုက်ပျိုးတဲ့ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ မြို့နယ်တွေ မှာလည်း ချင်း(ဥမ)တွေ ဖော်နေကြပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ ချင်းကို Export   အတွက်မဟုတ် ဘဲ၊ လှောင် လက်တွေကသာ ဝယ်ယူမှုရှိခဲ့ တာကြောင့် အရောင်းအဝယ်ကလည်း ခပ်သွက်သွက်တော့ အရောင်းအ ဝယ် ဖြစ်ပါတယ်။ဒီတစ်ပတ်မှာလည်း ပြည်တွင်းသုံးအပြင် စစ်တွေ၊ တမူးက ဝယ်လက် တွေက အိန္ဒိယကို ပို့ဖို့အတွက် ဝယ်ယူမှုရှိလာတာကြောင့် ပိုပြီး အရောင်းအဝယ် သွက်လာပါတယ်။

Monday, 8 Jul 2013

အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်မှ ချင်းများ၊ ချင်း(ဥမ)များဟာ ယခုတစ်ပတ် ပြည်ဈေးကွက်ကို ယခင်အပတ်အတိုင်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်တဲ့ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်ကို ပိဿာချိန် ၂၅၀၀ ခန့်ကို ဈေးကွက် မှတစ်ဆင့်တင်ပို့ခဲ့ပါတယ်။ ပြည်ဈေးကွက်ပွဲရုံများမှာ တစ်ရက်ကို ပိဿာချိန် ၈၀၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ဈေးနှုန်းများမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၀၀၀ ကျပ်၊(ဂျွန်) ၉၀၀ ကျပ်၊ ချင်း(ဥမ) (ရှယ်) ၈၀၀ ကျပ်၊ (ဂျွန်) ၆၅၀ ကျပ်တို့ နဲ့ အသီးသီးရောင်းဝယ်လျက်ရှိပြီး၊ ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ် နေတာ တွေ့ရပါတယ်။                                ဝင်းဝင်းခိုင် - ပြည်

Monday, 8 Jul 2013

ယခုရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်တွင် မြန်မာမတ်ပဲကို ပဲခွဲစက်နှင့် ကုန်သည်များ အဝယ် လိုက်မလာ၍ ဈေးငြိမ်နေပြီး ပဲစင်းငုံ နီမှာ အဝယ်မရှိ၍ ဈေးကျဆင်းနေ ကြောင်း သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့အထိ မိုးပဲမျိုးစုံ ဟက်တာ ၁၀ ဒသမ ၅ သိန်းစိုက်ပျိုး နိုင်ခဲ့ပါ တယ်။ ယခုနှစ် မိုးရာသီ ပထမ ၅ ပတ်မှာ မုတ်သုန်မိုးပျမ်းမျှထက် ၂၇ ရာခိုင်နှုန်း ပိုရွာသွန်းခဲ့ပြီး လက်ရှိ အခြေအနေမှာတော့အိန္ဒိယမြောက်ပိုင်း မှာ မုတ်သုန်အား ပြန်လျော့သွားခဲ့ တယ်လို့ သိရပါတယ်။

Monday, 8 Jul 2013

 
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ပထမပတ်ပဲဈေးကွက်မှာ ဒေသသုံးနဲ့ ကုန်သည်ဝယ်လက်အတွက် ကုလားပဲ၊ ပဲစင်းငုံနီ၊ ပဲကြီး၊မတ်ပဲတို့ အရောင်းအဝယ်အေးခဲ့ပြီး၊ Export  ဝယ်လက် အတွက် စိမ်းကြီး၊ ပဲပုတ်နဲ့ စွန်တာနီတို့ အနည်းငယ် အရောင်း အဝယ်သွက်ခဲ့ပါတယ်။ ကုလားပဲဈေးကွက်အနေနဲ့ ဒေသတွင်း ကုန်သည်တွေ မှာ ပဲလက်ကျန်ရှိသေးသလို Export   ဝယ်လိုအား မရှိဘဲ ဒေသခံလက်လီသမားတွေနဲ့ ကြာဇံစက်သမား၊ ခွဲစက်သမား တွေသာ အဝယ်ရှိ လို့ ဈေးဆက် လက်အေးနေရာ ယခုတစ် ပတ်အတွင်း ကုလားပဲရိုးရိုးတစ်တင်း ၁၆၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၇၀၀၀ ကျပ်၊ 929 တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ V2 တစ်တင်း ၁၇၂၀၀ ကျပ်ထိ အသီးသီးကျဈေးဖြစ်ခဲ့ပါ တယ်။

Monday, 1 Jul 2013

ထိုင်းဟင်းလျာတွေကို ကြည့်လိုက်ရင် အစပ်မပါတာရှားတယ်။ အဓိကဟင်းကလဲ စပ်တာပဲ။ ဟင်းရန် ကလဲ စပ်တာဘဲ၊ ဟင်းချိုဆို ပေမယ့် အစပ်ပါတာဘဲ။ မြန်မာ့ဟင်းလျာထက် အပူအစပ်အသုံး ပိုများတယ်။ သူတို့ ဒေသ ထွက် ငရုတ်လဲရှိမှာဖြစ်ပေမယ့် မေလလယ် ကလွိုင်ကော်မှာပြုလုပ်ခဲ့တဲ့မယ်ဟောင်ဆောင်နဲ့ ကယားဒေသ ထွက် ကုန်ဆွေးနွေးပွဲမှာ ကယားဘက်က ထွက်တဲ့ ငရုတ်စစ်စစ်ကို ထွက် သမျှ ဝယ်ချင်တဲ့ အကြောင်းဆွေးနွေးခဲ့ ကြတယ်။

Pages