Main menu

Background

Sunday, 27 Feb 2011

တရုတ်နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့ တန် ၇၈ဝဝ ကျော်တင်ပို့           ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမြန်မာတရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ သန်းနီးပါးတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၇၈၄ဝ ကျော ်တင်ပို့မှုရှိခဲ့ပါတယ်။နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ၇၆၃၈ တန်ကျော်၊ လွယ်ဂျယ်မှ ၁၈၃ တန်နဲ့ ချင်းရွှေဟော်မှ တန် ၂ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၈၂ဝဝ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃၇ဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။မူဆယ်နဲ့ ချင်းရွှေဟော်မှ တင်ပို့မှုလျော့နည်းခဲ့ပြီး လွယ်ဂျယ် မှ တင်ပို့မှုမှာမူ ပိုမိုခဲ့ပါတယ်။ပြောင်းတင်ပို့မှု လျော့နည်းရခြင်းမှာ ကုန်ပစ္စည်းအရင်း တန်ဖိုး တောင်ကြီး ကုန်စည်ဒိုင် ဈေးနှုန်း ၁ ပိဿာ ၂၂၅ ကျပ်၊ လားရှိုး ကုန်စည်ဒိုင်ဈေး ၁ ပိဿာ ၂၈ဝ ကျပ်ဖြစ်နေပြီး ယခုအပတ်မှာ သယ်ယူပို့ဆောင်ခစရိတ် ပြန်လည်မြင့်တက် နေတာကြောင့် မိမိဖက်မှ တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ပြောင်းဈေးနှုန်းမှာ ယခင်အပတ်က ၁၆၆၇၈၄ ကျပ်မှ ၁၇၂၄ဝ၇ ကျပ်ထိ ရှိခဲ့ပြီး ယခုအပတ်မှာ ကျပ် ၁၅၈၇၉၆ မှ ၁၇ဝ၁၃၈ ထိရှိနေပါတယ်။တစ်ဖက်နိုင်ငံ ဝယ်ဈေးအနေဖြင့် ယခုအပတ်မှာ ပြောင်းလဲမှုမရှိဘဲ ကုန်စည်ဒိုင် ပေါက်ဈေး တစ်တန်ကို ၁၈၁ဝ ယွမ်နဲ့ ရွှေလီဝယ်ယူမှုဈေး၁၈၉ဝ ယွမ်ဖြစ်နေပြီး ပြောင်းတစ်အိတ်လျှင် ၉၄ ယွမ်မှ ၉၅ ယွမ်ထိ ဈေးရလျက်ရှိတယ်လို့ သိရပါတယ်။မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ်                                         မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု         ယခင်     ပြောင်းလဲမှု   %      ယခု     ယခင်   ပြောင်းလဲမှု         %ပြောင်းဖူးစေ့     ၂၉၃၁၃၃     ၂၉၈၆၄၆     ၅၅၁၃        ၂     ၂၈၇     ၂၈၇         -                  -MIRT (DOBT)

Sunday, 27 Feb 2011

ပြောင်းတင်ပို့မှု ပုံမှန်                     ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၃၆၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၈၄ဝ သန်း ဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က ၃၂ဝ၅ တင်ပို့ခဲ့ တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှားကို တန် ၁၂ဝ၊ ဖိလစ်ပိုင်ကို ၁၃၁ဝ တန်နဲ့ စင်္ကာပူကို တန်ချိန် ၁၉၃၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။  FOB  ရန်ကုန်ဈေးကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြားဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။                     KZW

Sunday, 27 Feb 2011

ဗီယက်နမ်ပို့ကုန်များ အလားလာကောင်း             ၂ဝ၁၁ ရဲ့ ရော်ဘာဝယ်လိုအား တန်ချိန် ၁၁ သန်းမှ ၁၅ သန်းအထိရှိပေမဲ့ ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်မှု ကတော့ ဒီကိန်းဂဏန်းထက်နည်းနေအုံးမှာ ဖြစ်ကြောင်း ကမ္ဘာ့ရော်ဘာအသင်းက ပြောကြားပါတယ်။ ဝယ်လိုအားက ရောင်းလိုအားထက် ပိုနေတာကြောင့် ရော်ဘာဈေးနှုန်းက ၂ဝ၁၁ မှာ တိုးလာအုံးမယ်လို့ မျှော်လင့် ရပါတယ်။၂ဝ၁ဝ နိုဝင်ဘာလ၊ ဒီဇင်ဘာလကတည်းက ဗီယက်နမ်ရော်ဘာပို့ကုန်၊ သွင်းကုန်အုပ်စုမှာ ပါဝင်တဲ့ ကုမ္ပဏီအတော်များများက အရောင်းအဝယ်စာချုပ်တွေ ချုပ်ဆိုခဲ့ကြောင်း ၎င်းအသင်းရဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။၂ဝ၁၁ ဇန်နဝါရီလမှာတော့ ဒီအဖွဲ့အစည်းက တန်ချိန် ၈ သောင်း တင်ပို့ခဲ့ကြောင်း သိရပါတယ်။၂ဝ၁၁ ဖေဖော်ဝါရီမှာ တန်ချိန် ၄ သောင်း ထပ်မံတင်ပို့ခဲ့ကြောင်း သိရပါတယ်။လာမယ့်လမှာတော့ ရော်ဘာဈေးနှုန်းက ခုန်တက်သွားနိုင်ပြီးတစ်တန်ကို ဗီယက်နမ်ဒေါင်သန်း ၁ဝဝ (ဒေါ်လာ ၅ဝဝဝ) လောက်ဈေးရှိမယ်လို့သိရပါတယ်။ဒါကတော့ ဗီယက်နမ်ရော်ဘာလုပ်ငန်းများက ကမ္ဘာမှာ တဖြည်းဖြည်းအားကောင်း လာတာကို သက်သေပြတဲ့အချက်ဖြစ်ပါတယ်။၂ဝ၁၁ အစောပိုင်းမှာ တရုတ်နိုင်ငံက ကားတာယာနဲ့ ကျွတ်များ ထုတ်လုပ်ဖို့ဗီယက်နမ်ရဲ့ရော်ဘာတွေကို တင်သွင်းခဲ့ကြောင်း သိရပါတယ်။ဗီယက်နမ်ကလည်း တရုတ်ကို ရော်ဘာ တင်ပို့မှုကို တိုးမြှင့်ဖို့ လိုအပ်နေပါတယ်။ရော်ဘာကနေ ယခုနှစ်ပထမ လေးလပတ်မှာ ဈေးကွက်အကိုျးကျေးဇူးတွေ ခံစားရလိမ့် မယ်လို့ စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြောင်း လဲသိရပါတယ်။ ရော်ဘာအပြင်ပင်လယ်စာ တင်ပို့မှုကလည်း အကိုျးကျေးဇူးတွေရရှိကြောင်း သိရပါတယ်။ဗီယက်နမ် ကုမ္ပဏီ ၅၆၉ ခုကျော်က ပင်လယ်စာထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံ ၁၆၂ နိုင်ငံကို တင်ပို့နေကြောင်း သိရပါတယ်။ အရည်အသွေးပြည့်မီတဲ့ ထုတ်လုပ်မှုတွေကြောင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ အဓိကရောင်းချသူတွေဖြစ် လာနိုင်ကြောင်း သတင်းရရှိပါတယ်။ KZW 

Sunday, 27 Feb 2011

တိုယိုတာယာမှ ဈေးနှုန်းတိုးမည်                အမေရိကန်က တိုယိုတာယာအုပ်စုက ခရီးသည်တင်ကား အပေါ့စားထရပ်ကားနဲ့ စီးပွားရေး လုပ်ငန်းသုံး ကားတာယာများရဲ့ ဈေးကို ၂ဝ၁၁ ခုနှစ် မတ်လ ၁ ရက်နေ့ကစပြီးပျမ်းမျှခြင်း ၈ ရာခိုင်နှုန်း ဈေးနှုန်းတိုးမယ်လို့ ကြေညာ  ခဲ့ပါတယ်။ ဒီလိုဈေးနှုန်းတက်ရခြင်းက ကုန်ကြမ်းစရိတ်တွေဆက်တိုက်တက်နေတာ ကြောင့် ဖြစ်ကြောင်း တိုယိုတာယာရဲ့ အရောင်းဌာနညွှန်မှူးက ပြောကြားခဲ့ပါတယ်။တိုယိုတာယာအနေနဲ့ အမြတ်အစွန်းနည်းပေမဲ့လည်း အာမခံနိုင်တဲ့ ထုတ်ကုန်များ ကို ထုတ်လုပ်နေဆဲဖြစ်ကြောင်းနဲ့ ဖောက်သည်တွေနဲ့ သုံးစွဲသူတွေအပေါ် ပံ့ပိုးပေးနိုင်ဖို့ဆက်လက်ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ တိုယိုတာယာက ယခုနှစ်အတွင်း ဈေးနှုန်းတိုးဖို့ ကြေညာခဲ့တဲ့ နောက်ဆုံးတာယာ ထုတ်လုပ် ရေး ဖြစ်ပါတယ်။                             Source: MTD,KZW 

Sunday, 27 Feb 2011

ရော်ဘာရွက် မှိုကျရောဂါ ထိန်းချုပ်နိုင်ပြီ                   ကာရာလာဒေသအနီးဝန်းကျင်မှာရှိတဲ့ ရော်ဘာအပင်တွေမှာ အရွက်မှိုကျတဲ့ ရောဂါတစ်မိုျး ဖြစ်ပွား လျက်ရှိရာ ယခုအခါမှာတော့ မှိုသတ်ဆေးများဖျန်းတဲ့ နည်းလမ်းနဲ့ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယရော်ဘာ အသင်းက ပြောကြားခဲ့ပါ တယ်။တောင်သူတွေအနေနဲ့ စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်းလည်း ရော်ဘာ အသင်းဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းနဲ့ ရော်ဘာထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းပြီး အပင်ကာကွယ်ရေးဌာနကို ဖွင့်လှစ်ဆောင်ရွက် ခဲ့ကြောင်း လည်း သိရပါတယ်။ အိန္ဒိယရော်ဘာသုတေသနဌာနရဲ့ ညွှန်ကြားရေးမှူးကတော့ သုတေသနပညာရှင်တွေက မကြာခဏ ရော်ဘာစိုက်ခင်းတွေကို လာရောက်ပြီး တောင်သူတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ယခုအရွက် ရောဂါကလည်း ပျိုးခင်းထဲက အပင်ငယ်များကိုသာ ထိခိုက်စေခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း ကာရာလာနဲ့ ကာနာတာက နယ်စပ်တွေမှာ တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ဒီလိုရောဂါက ကာရာလာမှာ မကြာခဏ ဆိုသလိုဖြစ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောကြားပါတယ်။ ၎င်းရောဂါက ရွက်သစ်ထွက်တဲ့ကာလ ဖြစ်တဲ့ ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလထိ ကာလမှာ ပြင်းထန်ကြောင်း သိရပါတယ်။ နယ်စပ်ကရော်ဘာစိုက်ခင်းတွေမှာ နေရောင် ခြည်ပိုရတဲ့ အပင်များကပိုပြီး ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားရကြောင်း သတင်းရရှိပါတယ်။            Source: Commodity Online,KZW  

Sunday, 27 Feb 2011

ယခုအပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတန် ၁ဝဝဝ ကျော်တင်ပို့နိုင်                ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမRSS-3  ၇၃၇ တန်ကျော်၊RSS-5 တန် ၅ဝ၊MSR-20  ၁ဝ၈ တန်ကျော်နဲ့ MSR-50 ၁၇၈ တန် စုစုပေါင်းကန်ဒေါ်လာ ၄ ဒသမ ၃၆၅ သန်းဖိုးရှိ ရော်ဘာ ၁ဝ၇၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်အလိုက်တင်ပို့ နိုင်မှုတွေကတော့ မူဆယ်မှRSS-3  ၄၈၃ တန်၊ MSR-20  ၁ဝ၈ တန်ကျော်နဲ့ MSR-50 ၁၇၈ တန်၊ ချင်းရွှေဟော်မှ RSS-3 ၂၅၅ တန်နီးပါးနဲ့ မြိတ်မှ RSS-5  တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျှင် တန် ၂၂ဝ ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။မူဆယ်နဲ့ ချင်းရွှေဟော်တို့တင်ပို့မှု လျော့ကျခဲ့ပြီး မြိတ်မှ တင်ပို့မှုပိုမိုခဲ့ပါတယ်။ကမ္ဘာ့ရော်ဘာ ထွက်ရှိတဲ့ နိုင်ငံအချို့မှာ ရာသီဥတုဖောက်ပြန်မှုများကြောင့် ရော်ဘာထွက်ရှိမှုနည်းကာ ပြည်ပရော်ဘာဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာလျက်ရှိရာ ယခုအပတ်မှာ ယခင် အပတ်ကထက် RSS-3  တစ်တန်ကို ယွမ် ၅ဝဝ ပိုမိုမြင့်တက်လျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                                  မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု           ယခင်         ပြောင်းလဲမှု      %        ယခု       ယခင်    ပြောင်းလဲမှု       %RSS(3)    ၄၄၁၉၂၆      ၄၃၈၄၆၈၅     ၃၄၅၇၅          ဝ .၈     ၅၁၆၃     ၅ဝ၅၁        ၁၁၂           ၂RSS(5)    ၄၁၆၉၇၈၅    ၄၁၅ဝ၉၈၅     ၁၇၈ဝဝ         ဝ .၄     ၄၇၈၃       ၄၇၈၃         -               -MIRT (DOBT)  

Sunday, 27 Feb 2011

တစ်ပတ်အတွင်း တန် ၁၄ဝဝ နီးပါး တင်ပို့              ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၈၈ တန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၇၇၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က ၆၂၂ တန်တင်ပို့ခဲ့တာ ကြောင့်ယခုရက်သတ္တပတ်မှာ ၂ ဆကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့တရုတ်ကို RSS-3 ၃၈ဝ တန်၊ မလေးရှားကိုRSS-3  ၈၄၄ တန်နဲ့RSS-5  ၁၆၄ တန်အသီးသီးတင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ရော်ဘာ အထွက်နှုန်းကျတဲ့ ရာသီဖြစ်ပြီး ရောင်းလိုအား ပြတ်လတ်ကာဈေးမြင့်နေပါတယ်။ဒါပေမဲ့အဝယ်လိုက် နေတာဖြစ်ကြောင်း သိရပါတယ်။ပင်လယ်ရေကြောင်းက နေ တင်ပို့တဲ့ ဈေးနှုန်းတွေကတော့RSS-3  တစ်တန်ကို ၅၄ဝဝ ဒေါ်လာ RSS-5  တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့ MSR- 20  တစ်တန်ကို ၅၄ဝဝ ဒေါ်လာအသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW  

Sunday, 27 Feb 2011

 နှစ်စဉ်ပုံမှန်စိုက်ပျိုးနေတဲ့ ကြက်သွန်နီ                 ဈေးကွက်တွင် ဝယ်လိုအားကောင်း သောကြက်သွန်နီကို ပြည်ပတင်ပို့နိုင် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများမှ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှစ ပြီး မြေလွတ်မြေရိုင်းများ ရှာဖွေဖော် ထုတ်စိုက်ပျိုးနေကြောင်း သိရပါတယ်။ ပြည်တွင်းစားသုံးမှုကို မထိခိုက်စေဘဲ မြေယာသစ်မှထွက်ရှိသော သီးနံှအနေ နှင့် ပြည်ပတင်ပို့ရန် ရည်ရွယ်စိုက်ပျိုး  ခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။                 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာတွင် မြေယာသစ် ဖော်ထုတ်၍ ကြက်သွန်နီစိုက်ပျိုးသော ရွှေကျားရာဇာကုမ္ပဏီစိုက်ခင်းတာဝန်ခံ ဦးအောင်မျိုးနဲ့တွေ့ဆုံခဲ့ရာမှာ ''ထမ္မကြီးကျေးရွာမှာ မြေယာသစ် ၂ဝ၉ ဧကရယူထားပြီး၊ ကြက်သွန်နီကို နှစ်စဉ်စိုက်ပျိုးခဲ့ပါတယ်။ မိုး၊ ဆောင်းနှစ်သီးစိုက်ပျိုးပြီး မိုးကိုပိုမို စိုက်ပျိုးပါတယ်။ အရင်နှစ်ကမိုးစိုက်ဧက ၁ဝဝ နဲ့ ဆောင်းစိုက်ဧက ၇၇ ဧကစိုက်ပျိူးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုအခြေအနေအရရော ဈေးနှုန်းအခြေအနေ အရရော အစိုက်နောက်ကျခဲ့လို့ မိုးစိုက်ဧက ၅ဝ နဲ့ ဆောင်းမှာ ကုမ္ပဏီသီးသန့်အနေနဲ့ ဧက ၃ဝ တောင်သူကို မျိုးပေးစိုက် စရိတ်ပေးပြီး ဧက ၄ဝ စိုက်ပျိုးထားပါတယ်။ အထွက်နှုန်းကတော့ ဒီနှစ်မှာလည်း အရင်နှစ်အထွက်နှုန်းအတိုင်း တစ်ဧက ပိဿာသုံးထောင်ကျော်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စိုက်စရိတ်အနေနဲ့ ဒီနှစ်မျိုးဈေးသက်သာတဲ့အတွက် စိုက်စရိတ် သက်သာခဲ့ပါတယ်။ အရင်နှစ်က တစ်ဧကခြောက်သိန်းကျော်လောက်ကုန်ရာက ဒီနှစ်မှာ တစ်ဧကငါးသိန်းကျော်ပဲ ကုန် ကျခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။                  ဆက်လက်ပြီး ''ဈေးကွက်အနေအထားကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ပြည်ပတင်ပို့ခွင့်ရခဲ့ပြီး အကျိုးအမြတ်ဖြစ်ထွန်းမှု ရှိခဲ့ပါတယ်။ မနှစ်ကတော့ ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်မရခဲ့ပေမဲ့ ပြည်တွင်းဈေးကောင်းတာကြောင့် အကျိုးအမြတ် ဖြစ်ထွန်းမှုရှိပြီး ဒီနှစ်မှာလည်း အကိုျးအမြတ်ဖြစ်ထွန်းမယ်လို့ မျှော်မှန်းထားပါတယ်။ ပြည်တွင်းပြည်ပ ဝယ်လိုအားရှိတဲ့ ကြက်သွန်နီ ကို နှစ်စဉ်စိုက်ပျိုးသွားမှာဖြစ်ပါတယ်''လို့ ကုမ္ပဏီတာဝန်ခံတစ်ဦးအနေနဲ့ ပြောကြားချက်အရ သိရပါတယ်။                                           သင်းးသင်းးမြတ်

Sunday, 27 Feb 2011

ယခင်နှစ်ကလို ဈေးကောင်းမရခဲ့တဲ့ ပြည်ပဲနောက်                    ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှနဲ့အတူ ဝင်ရောက်တဲ့ ပဲနောက်သီးနံှ သည်လည်း ယခုပဲတီစိမ်း အဝင်ပါးချိန်တွင် ပဲနောက်သီးနံှပါ အဝင်ပါးခဲ့တာကို တွေ့ရပါတယ်။ လက်ကျန်ပဲများသာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာ တစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် လက်လီသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခင်နှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ပဲနောက်တစ်တင်းဈေးမှာ ၃ဝဝဝဝ ကျပ် အထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ တစ်တင်း ၂၆၅ဝဝ ကျပ်သာ ရရှိခဲ့တဲ့ အတွက် ယခင်နှစ် ဈေးနှင့်ယှဉ်ရင် တစ်တင်း ၃၅ဝဝ ကျပ် ခန့်ဈေးလျော့နည်း ကြောင်း သိရပါတယ်။                                                                                                  ခင်ဆွေဝင်း 

Sunday, 27 Feb 2011

ပြည်ပဲကြီးအသစ်များ ဝင်ရောက်မှုများပြီး ဈေးကျလာ                       ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလလယ်မှစလို့ ပဲကြီးအသစ်များ စတင် ဝင်ရောက်လျက်ရှိရာ ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဒေသတွင်းမှ ဝင်ရောက်မှု သာမက မကွေးတိုင်းဒေသကြီးဘက်မှလည်း အိတ် ၁ဝဝ ကျော် ဝင်ရောက် လာခဲ့ပါတယ်။ ယခုနှစ် ပဲကြီးသစ်ပေါ်စအဖွင့်ဈေးမှာ တစ်တင်း ၂၆၅ဝဝ ကျပ် ဈေးစဖွင့်ခဲ့ပြီး ဝင်ရောက်မှုများလာတဲ့အတွက် ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ကျသွားခဲ့ကာ တစ်တင်း ၂၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပဲကြီးအဟောင်းဈေးမှာ တစ်တင်း ၂၅ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း 

Pages