Background
အများပြည်သူ ဖြန့်ဝေရေးစနစ်အတွက် အိန္ဒိယအစိုးရက ပဲပိုမိုတင်သွင်းရဖွယ်ရ ယခုနှစ် မိုးသီးနံှအထွက်ကောင်းပြီး ဆောင်းပဲစိုက်ဧရိယာမြင့်တက်တာကြောင့် ၂ဝ၁ဝ-၂ဝ၁၁ သီးနံှ ဈေးကွက် ရာသီအတွင်း အိန္ဒိယပဲမျိုးစုံ ထွက်ရှိမှုမြင့်တက်မယ်လို့ မျှော်လင့်နေကြတဲ့တိုင် အိန္ဒိယအစိုးရက ပဲတင်သွင်းမှုကို အစောပိုင်း က တန်ချိန် ၆ သိန်းတင်သွင်းဖို့ ရည်မှန်းထားရာမှ တန်ချိန် ၃ သိန်းပိုမိုပြီး ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်တိုင်အောင် တန်ချိန် ၉ သိန်းဝန်းကျင် တင်သွင်းရလိမ့်မယ်လို့ ဆိုပါတယ်။ အပိုဆောင်းတင်သွင်းမှုဟာ ပြည်နယ်အစိုးရများနဲ့ လျှော့ဈေးနဲ့ ရောင်းချတဲ့ အစီအစဉ်အရ သက်သာတဲ့နှုန်းနဲ့ ဖြန့်ဝေပေးတဲ့ အစိုးရအတွက် အထောက်အပံ့ဖြစ်စေလိမ့် မယ်လို့ ဆိုပါတယ်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှာ အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များက တင်သွင်လာတဲ့ ပဲများကို အများပြည်သူ ဖြန့်ဝေရေး စနစ် (PDS)နဲ့ ပဲတစ်ကီလိုကို ရူပီး ၁ဝ လျှော့ဈေးနဲ့ ဖြန့်ဖြူးတဲ့ ပြည်နယ်အစိုးရများကို ရောင်းချပေးဖို့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ၂ဝဝ၉ -၂ဝ၁ဝ အတွင်း အစိုးရအေဂျင်စီများဖြစ်တဲ့ PEC ၊ MMTC ၊ STC နဲ့ NCCF တို့ဟာ ပြည်နယ် ၉ ခုကို တင်သွင်းပဲများရောင်းချပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်စဉ်လိုအပ်ချက်ကို ပြည်ပမှ တင်သွင်းနေရတာကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ပဲမိုျးစုံထုတ်လုပ်မှု မြင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မိုးပုံမှန်မဟုတ်ခြင်းက ပဲအထွက်ကို သိသိသာသာ တိုးတက်မှု မဖြစ်စေခဲ့ပါဘူး ။ ဒါကြောင့် အစိုးရဟာ စိုက်ဧရိယာများတိုးမြင့်ခြင်းဖြင့် ပဲမိုျးစုံထုတ်လုပ်မှုမြင့်တင်ဖို့ နိုင်ငံတော် စားနပ် ရိက္ခာ ဖူလုံရေးအဖွဲ့ အပါအဝင် အစီအစဉ်များစွာဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မိုးရာသီအတွက်ရော ဆောင်းသီးနံှအတွက်ပါ ပဲမိုျးစုံအနိမ့်ဆုံး ဈေးနှုန်းများ တိုးမြင့်ပေးတဲ့ အပြင် ပြည်နယ်ဝယ်ယူရေး အေဂျင်စီများကို ပဲရောင်းချဖို့လည်း မက်လုံးများပေးပြီး ဆွဲဆောင်ခဲ့ပါတယ်။ မကြာသေးခင်က Nafed အပြင်NCCF နဲ့ CWC တို့ကိုလည်း အစိုးရရဲ့ ဈေးနှုန်းထောက်ပံ့မှုအစီအစဉ် ( PSS ) အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ ဝယ်ယူစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အစိုးရဟာ ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမယ့် ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခြင်းကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အပြင် ပဲမျိုးစုံတင်သွင်းခွန် ကင်းလွတ်ခြင်းကိုလည်း သတ်မှတ်ရက်ထက် ကျော်လွန်တဲ့အထိ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ယမင်းးခင်၊Sources: Financial Express
လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ပဲနီပြား ပြည်ဈေးကွက်တွင် ပဲမိုျးစုံလက်ကျန်များလျော့နည်းလာခဲ့ပြီး ပဲနီပြားလက်ကျန်မှာလည်း သိသိသာသာ နည်းလာ ခဲ့ပြီဖြစ်ပါတယ်။ ပဲနီပြားမှာ လက်ကားဝယ်ယူမှုများရှိပေမယ့် လက်ကျန်နည်းလာတာကြောင့် လက်လီ သမားများဖြင့်သာ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ပဲနီပြားဈေးနှုန်းမှာ နိုဝင်ဘာလကုန်က တစ်တင်းကို ၃ဝဝဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး ယခုဒီဇင်ဘာလဆန်းပိုင်းမှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် လက်လီသမားများနဲ့ ပုံမှန်အရောင်းအဝယ် ရှိခဲ့တာကြောင့် တစ်ရက်ကို ၁ဝ အိတ်ခန့်သာ ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲများ လှိုင်လှိုင်ပေါ် ပြည်ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲသစ်များ အခြားတိုင်းမှဝင်ရောက်လျက်ရှိပါတယ်။ ဈေးကွက်အတွင်းသို့ အောင်လံ၊ သရက်မြို့နယ်များမှ ကုန်းလမ်းဖြင့် အဝင်ရှိသလို ရေလမ်းမှလည်း ဝင်ရောက်လျက်ရှိကြောင်း သိရပါ တယ်။ တစ်နေ့လျှင် အိတ် ၄ဝ မှ ၅ဝ အတွင်းရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲသစ်များ လှိုင်လှိုင်ဝင်လာတဲ့ အတွက် ဘိုကိတ်မှာ ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးလျော့ကာ ပိဿာ ၂ဝ တစ်တင်းလျှင် ၂ဝဝဝဝ ကျပ်ဖြင့် သာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါသည်။ ဆုမွန်ဆွေ
လက်ကျန်မရှိတော့ပေမယ့် ဈေးအမြင့်နဲ့ ဈေးဖွင့်တဲ့ ပြည်ထောပတ် ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ဆောင်းသီးနံှ ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနံှကိုလည်း ယခုဒီဇင်ဘာလဆန်းပိုင်းအထိ ဧက ၃ဝဝဝ ကျော်စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်း လက်ပံတန်း၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ်များမှာ အများဆုံး စိုက်ပျိုးကြပါတယ်။ ယခုနှစ် ပဲလက်ကျန်ပြတ်ချိန်မှာ ဈေးအမြင့်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ဈေးကွက်အတွင်း လက်ကျန်မရှိတော့ပေမယ့် တစ်တင်းကို ၃ဝဝဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်မှာ ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
လက်ကျန်ပဲများတင်ပို့နေတဲ့ ထောပတ်ပဲနဲ့ ပဲယင်း လက်ကျန်ပဲများ ကုန်သလောက်ဖြစ်နေပြီး ပဲအသစ်များမှာလည်း ယခုလ နှောင်းပိုင်းမှာ ထွက်မှာဆိုတော့ အနည်းအကျဉ်းသာကျန်တဲ့ လက်ကျန်ပဲများ ဆက်လက်တင်ပို့နေပါသေးတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၉ ရက်မှာ ထောပတ်ပဲတန်ချိန် ၆ဝ ကျော်နဲ့ ပဲယင်းတန် ၅ဝ ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်မြင့်ကာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ- ၁၁၁ဝ ၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အစိုးရက လယ်ယာအုပ်စုများ ဖွဲ့စည်းပြီး ပဲမျိုးစုံအထွက်မြှင့်တင်ဖို့ ကြိုးပမ်း အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အစိုးရဟာ ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ရေး ဗဟိုအစီအစဉ်အရ ယခုနှစ်မှာ တောင်သူအငယ်စားနဲ့ အလတ်တန်း စားများလုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရေးအတွက် အုပ်စု ၃ဝ ဖွဲ့စည်းခဲ့ တယ် လို့ သိရပါတယ်။ တမီလ်နာဒူးပြည်နယ်အနေနဲ့ ပဲမျိုးစုံနဲ့ ပတ်သက်လို့ အခြားပြည်နယ်များကို မှီခိုနေရမှုလျော့ကျစေရေးအတွက် အုပ်စုများ ဖွဲ့စည်းခြင်း ဖြစ်တယ်လို့ ပြည်နယ်စိုက်ပျိုးထုတ်လုပ်မှုကော်မရှင် အတွင်းရေးမှူး P Rama Mohana Roo က ပြောကြားခဲ့ပါတယ်။ ယခုလမ်းညွှန်စီမံကိန်း(Pilot project ) အနေနဲ့ လွန်ခဲ့တဲ့ နှစ်က Vellore ခရိုင်အတွင်း လယ်သမား အငယ်စားနဲ့ အလတ်စားများကို အကူအညီများ ပေးခဲ့တယ်လို့ ဆိုပါတယ်။ တမီလ်နာဒူး ပဲလိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းဟာ အခြားပြည်နယ်များက ဝယ်ယူနေရတာဖြစ်လို့ ပြည်နယ် ပဲထုတ်လုပ်မှု မြှင့်တင်ဖို့ အဲဒီစီမံကိန်းက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။၏ ယင်းစီမံကိန်းမှာပါဝင်တဲ့တောင်သူများကို အစိုးရထောက်ပံ့မှု အနေနဲ့ လယ်မြေ တစ်ဟက်တာကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅ ဒသမ ၃၂) ပေးသွားမယ်လို့ သိရပါတယ်။ အုပ်စုတစ်ခုကို လယ်မြေဟက်တာ ၁ဝဝဝ ခန့် ဆောင်ရွက်ရမှာဖြစ်ပြီး ကုလားပဲနဲ့ မတ်ပဲတို့လို ပဲမိုျးစုံစိုက်ပိုျးရမယ်လို့ ဆိုပါတယ်။ ကုလားပဲစိုက်ပျိုးတဲ့ တောင်သူများထံက တာတာအုပ်စုမှ ဆွဲဆောင်နိုင်တဲ့ဈေးနှုန်းများနဲ့ ဝယ်ယူ ခဲ့တဲ့ Pudukottai မှ ပဲမျိုးစုံထုတ်လုပ်မှု အုပ်စုရဲ့ အောင်မြင်မှုကို စံပြအဖြစ် ကနဦး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ယမင်းခင်၊် ှSources: business standard
ဈေးအမြင့်မှာ ဝယ်ယူမှုနည်းလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ လက်လီဆိုင်များနဲ့ ပဲခွဲစက်များက ဈေးအမြင့်နဲ့ ဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းတာကြောင့် နိုဝင်ဘာလ ၃ဝ ရက်မှာ လက်ငင်းရော၊ ကြိုပွိုင့်ဈေးပါ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲ လက်ငင်းဈေးမှာ တစ်တန်ကို ရူပီး ၂၄ဝဝဝ- ၂၄၁ဝဝ (ကန်ဒေါ်လာ ၅၂၄- ၅၂၆) ကို ကျဆင်းခဲ့သလို ဒီဇင်ဘာလ စာချုပ်ဈေးကလည်း ရူပီး ၄ဝဝ ကျဆင်းပြီး တစ်တန်ကို ရူပီး ၂၅၁၁ဝ (ကန်ဒေါ်လာ၅၄၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုဈေးကျခြင်းဟာ ယာယီမျှသာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် မဒ္ဒရာပရာဒေ့ရှ်မှာ ကုလားပဲလက်ကျန်က ၇၅ ရာခိုင်နှုန်းနီးပါး ထုတ်ရောင်းပြီးပြီဖြစ်တဲ့အပြင် မဒ္ဒရာပရာဒေ့ရှ်နဲ့ ဆက်စပ်ဒေသ များမှာ ရာသီမဟုတ်တဲ့ မိုးရွာသွန်းခြင်းက ပဲအသစ်ဝင်ရောက်မှုကို တစ်လခန့် နောက်ကျမယ်ဆိုတဲ့ အချက်တွေက ကုလားပဲဈေးနှုန်းမြင့်တက်စေမယ့် အကြောင်းရင်းတွေပါလို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်သည်များက လာမယ့် ၅ ရက်- ၆ ရက်မှာ သိုလှောင်ဖို့ ဝယ်ယူနိုင်ခြင်းကလည်း ဈေးကို မြင့်တက်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊်Sources: P T I
ပုံမှန်အရောင်းအဝယ်ရှိပေမဲ့ ဈေးအေးတဲ့ ပြည်ကုလားပဲ ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးမှာ နိုဝင်ဘာနောက်ဆုံးပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၃၂ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ မိုျးသမားနဲ့ လိုင်းသမားတို့ အဝယ် မရှိတော့ဘဲ ပဲခွဲစက်သမားများသာ ပုံမှန်အဝယ်ရှိပြီး မန္တလေးမှ ပြည်သို့ ကုလားပဲများ ဝင်ရောက်လာတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အခြားတိုင်း သို့ တင်ပို့ရောင်းချမှုမရှိပဲ ဒေသတွင်း ခွဲစက်သမားများသာ အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာပဲဈေးကွက်မှာ အရောင်းသွက်တဲ့ကုလားပဲ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာကုလားပဲဈေးကွက်ဟာ ဒီရာသီမှာ ကုလားပဲ မိုျးကွဲ အားလုံး ဈေးအမြင့်ဆုံးရခဲ့ကာ ကုလားပဲရိုးရိုးတစ်တင်း ၂၄ဝဝဝ ကျပ်၊ ကုလားပဲ တိုင်ပေတစ်တင်း ၂၅ဝဝဝ ကျပ်၊ ကုလားပဲ V2 တစ်တင်း ၂၆ဝဝဝ ကျပ် နဲ့ ၉၂၉ တစ်တင်း ၂၆၂ဝဝ ကျပ်ထိ အသီးသီးဈေးပေါက်ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အားဖြင့် Export ဝယ်လက်မရှိခဲ့ဘဲ ပြည်တွင်းစားသုံးမှုနဲ့ ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ ပဲကြော်လုပ်ငန်း တွေက ဝယ်ယူမှု များပြားခဲ့တယ်လို့ဆိုပါတယ်။ မနှစ်က ပဲအထွက်လျော့ခဲ့ကာ ယခင်ပဲဟောင်း လက်ကျန်နည်းပြီး ဝယ်လိုအားများခဲ့ခြင်းကြောင့် ယခုလို ကုလားပဲချော ဈေးကောင်း ရရှိခြင်းဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က သုံးသပ်ကြပါတယ်။ နိုဝင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ တစ်နေ့ အိတ် ၅ဝဝ အထက် နေ့စဉ် အရောင်းအဝယ်သွက်ခဲ့ပြီး၊ မုံရွာနယ်မြေကနေ မန္တလေးကို တင်း ၆၅ဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁ဝဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၁၃ဝဝ ခန့် အသီးသီး တင်ပို့ခဲ့ကြ တယ်လို့သိရပါတယ်။ ဒီဇင်ဘာလဆန်းမှာတော့ ကုလားပဲတိုင်ပေတစ်တင်း ၂၂ဝဝဝ ကျပ်၊ V2 တစ်တင်း ၂၃၈ဝဝ ကျပ်နဲ့ အရောင်းအဝယ် အသင့်အတင့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
မိုးစိုက်ပဲတီစိမ်းများ မုံရွာဈေးကွက်အတွင်းဝင်ရောက်လာ စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးပဲတီစိမ်းကို လျာထားဧက ၄ ဒသမ ဝ၁ သိန်းမှ ဧက ၄ ဒသမ ၁၆ သိန်း စိုက်ပျိုး ခဲ့ကြောင်း သိရပါတယ်။ ဘုတလင်၊ ယင်းမာပင်၊ အရာတော်မြို့နယ်များမှ စိုက်ပျိုးခဲ့တဲ့ မိုးပဲတီစိမ်းများ မုံရွာဈေးကွက်သို့ ဝင်ရောက်လာပြီလို့သိရပါတယ်။ ပဲအရည်အသွေးကောင်းပြီး၊ အလုံးအရွယ်အစားသေးငယ်တဲ့အတွက် ပဲတီစိမ်းအသေးအဖြစ် တစ်တင်း ၂၂၅ဝဝ ကျပ် ဈေးနဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များကပြောပြပါတယ်။ အောင်မင်း