Main menu

Background

Monday, 25 Oct 2010

ပဲယင်းလည်း တန် ၂ဝဝ ကျော်တင်         ပင်လယ်ရေကြောင်းက အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်အတွင်း ပဲယင်းတန်ချိန် ၂ဝဝ ကျော်ကို စင်ကာပူနဲ့ အိန္ဒိယကို တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ဆောင်းသီးနံှများ စိုက်ပျိုးတော့မှာဖြစ်လို့ ပြည်တွင်းလက်ကျန်ပဲများ ဆက်လက်တင်ပို့မှု ရှိနေခြင်းဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း  FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                     MIRT - MAPT    

Monday, 25 Oct 2010

 ပဲလွန်းဖြူလက်ကျန်များ ဆက်လက်ပုံမှန်တင်ပို့နေ      ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တန် ၂ဝဝ နီးပါး တင်ပို့မှုရှိသလို ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်)အတွင်းမှာလည်း တန် ၂ဝဝ ကျော်နဲ့ ပုံမှန်ဆက်လက်တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကိုရီးယားကို တင်ပို့နေတဲ့ ပမာဏ တန်ချိန် ၁၆ဝ နီးပါးရှိပြီး ကျန်ပမာဏကို စင်ကာပူနဲ့ ဖိလစ်ပိုင်ကိုတင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊ အိန္ဒိယ မွန်ဘိုင်းဈေးကွက် ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၉၄ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                    MIRT - MAPT

Monday, 25 Oct 2010

ဈေးအမြင့်မှာရှိနေတဲ့ ပြည်ကုလားပဲ          ပြည်ကုလားပဲဈေးမှာ အောက်တိုဘာဒုတိယပတ်က ၂၃၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိရာမှ ယခုတတိယပတ်မှာ ၂၃၅ဝဝ ကျပ်ဖြင့် တစ်တင်းလျှင် ၃ဝဝ ကျပ်ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်လီသမားများ အဝယ်လိုက်လာပြီး၊ ပဲခွဲစက်များမှလည်း အဝယ်လိုက်လာတဲ့အတွက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ယခုနှစ်ကုလားပဲဈေးကောင်းတဲ့အတွက် လယ်စိုက်သူတောင်သူများလည်းကုလားပဲပိုမိုဖြစ်ထွန်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါ တယ်။ အခြားတိုင်းသို့ တင်ပို့ရောင်းချခြင်း မရှိဘဲ ဒေသတွင်း အိတ် ၂ဝဝ-၃ဝဝ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။                                                                                                                            လွင်လွင်ဆန်း

Monday, 25 Oct 2010

မုံရွာ ဗွီတူးဈေးကွက်မြူးနေ       အောက်တိုဘာတတိယပတ်မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဗွီတူးဈေးဆက်လက်မြင့်လာခဲ့ရာ တစ်တင်း ၂၂၂ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲ (တိုင်ပေ) အနေနဲ့ တစ်တင်း ၂၁၈ဝဝ ကျပ်ထိ ဈေးရလာခဲ့ပြီး ကုလားပဲရိုးရိုးကတော့ ရောင်းလက်မရှိတဲ့အတွက် ဈေးကွက်မဖွင့်နိုင် ခဲ့ဘူးလို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ရဲ့ ယခုပတ်အတွင်း အဓိက ဝယ်လက်ကတော့ ကြာဇံစက်နဲ့ ခွဲစက်သမားများဖြစ်ကြပြီး နယ်အဝယ်အားနည်းကာ ဒေသတွင်းကုန်သည်တစ်ချို့ လှောင်လက်ပဲ ပြောင်းလဲ ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ဝန်းကျင်ခန့် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နယ်တင်ပို့မှုအနေနဲ့ မန္တလေးကို အိတ် ၈ဝဝ ခန့်နဲ့ ရန်ကုန်ကို အိတ် ၁ဝဝဝ ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။                                                                                                                                           ထွန်းလှိုင်

Monday, 25 Oct 2010

 ပြည်ပဲတီစိမ်းလည်း အရောင်းသွက် ဈေးကောင်းရ       အောက်တိုဘာ တတိယပတ်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ မုံရွာပဲတီစိမ်းကြီးသစ် ဈေးကောင်းရ တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ အထိဝင်ရောက်လျက်ရှိပါတယ်။ ဒေသတွင်းထွက်ရှိတဲ့ မိုးပဲတီစိမ်း များကတော့ ဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကထက် ၁ဝဝဝ ကျပ်ခန့်ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အရောင်းသွက်တဲ့ရက်ဆိုရင် အိတ် ၂ဝဝ ကျော်ထိအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်းအမျိုးအစားကတော့ အရည်အသွေးကောင်းတဲ့အတွက် တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။                                                                                                                                 ခင်ဆွေဝင်း

Monday, 25 Oct 2010

 ဈေးမြင့် အရောင်းသွက်လာတဲ့ မန်းကုလားပဲ     မန်းကုလားပဲဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ဒေသတွင်း ပဲခွဲစက် လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းနေတဲ့အတွက် ယခင်တစ်ပတ်ထက် ဈေးမြင့် လာပြီး အရောင်းသွက်နေကြပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် (တစ်တန် ၆၇၃၆ဝဝ ကျပ်) ၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁ဝ၄၈ ကျပ် (တစ်တန် ၆၄၁၇ဝဝ ကျပ်)ဈေးတို့နဲ့သာ ရောင်း ဝယ်ခဲ့ရာမှ ယခုအောက်တိုဘာ တတိယပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၈၈ ကျပ် (တစ်တန် ၇၂၇၅ဝဝ ကျပ်)၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁၁၃၈ ကျပ်(တစ်တန် ၆၉၆၉ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တို့ ဝယ်လိုအားရှိသလို ရန်ကုန်ဝယ်လက် အချို့မှ လည်း ဝယ်ယူမှုရှိနေတာကြောင့် ဈေးမြင့်လာတာဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်အချို့က ပြောပါတယ်။                                                                                                                                  ကျော်ကျော်မိုး

Monday, 25 Oct 2010

မန်းပဲတီစိမ်းကို တရုတ်ဝယ်လက် ဆွဲအားကောင်း       ယခုတစ်ပတ် မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံတို့မှ ထွက်ရှိတဲ့ ပဲတီစိမ်းအသစ်များ အနည်းငယ်သာ ဝင်ရောက်မှုရှိနေပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်သလို အောက်တိုဘာလ ဒုတိယပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြတာကို တွေ့ရပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း ထိပ်စ တစ်ပိဿာ ၁၅၆၄ ကျပ်၊ တစ်တန် ၉၅၈ဝဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်ပြီးရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တရုတ်ကို တစ်ပတ်အတွင်း ၁၃ဝဝ တန်၊ ရန်ကုန်ကို ၇၇ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်ဝယ်လက်မှ ဝယ်လိုအားကောင်းနေတဲ့အတွက် ပဲတီစိမ်းဈေးကွက် ဈေးဆက်လက်မာနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းပြောဆိုနေကြကြောင်း သိရပါတယ်။                                                                                                                                   ကျော်ကျော်မိုး 

Monday, 25 Oct 2010

အရည်အသွေးကောင်း အဝယ်ရှိလို့ တစ်လအတွင်း အိန္ဒိယပဲတီစိမ်းဈေးမာနေ           အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ပုံမှန်အဝင်ရှိနေပေမဲ့ အရည်အသွေးကောင်း ပဲတီစိမ်းကို အဝယ်ရှိနေတာကြောင့် ပဲတီစိမ်းဈေးမကျဘဲ ဈေးမာနေတာတွေ့ရပါတယ်။ ယခင်လပိုင်းက တရုတ်နဲ့ တန်ဇန်းနီးယား ပဲတီစိမ်း များ တင်သွင်းရောင်းချခဲ့ပေမဲ့ ပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ လှိုင်လှိုင်ဝင်လာပြီဖြစ်လို့ တင်သွင်း ပဲအရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလ ကာလတူဈေးနှုန်း နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                              ချန်နိုင်းဈေးကွက်               ချန်နိုင်း(C & F)                      ရူပီး                  ဒေါ်လာ                ဒေါ်လာ၂၁-၁ဝ-၁ဝ      ၄၇ဝဝဝ               ၁ဝ၆ဝ                      -၂၁-၉-၁ဝ        ၄၄ဝဝဝ                ၉၆၂                   ၁၄ဝဝMIRT (MAPT)

Monday, 25 Oct 2010

အိန္ဒိယဝယ်လက် အဝယ်နှေးပေမဲ့ တန် ၂၅ဝဝ ကျော် တင်ပို့မှုရှိဆဲ       ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်တစ်ပတ်ကလိုဘဲ တန်ချိန် ၂၅ဝဝ ကျော် တင်ပို့မှုရှိ နေသေးတာတွေ့ရပါတယ်။ အိန္ဒိယ ဝယ်လက်အဝယ်နှေးပေမဲ့ ပါကစ္စတန်၊ စင်ကာပူ ဝယ်လက်တွေ အဝယ်ရှိနေတာကြောင့် တင်ပို့မှုရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်မှုနည်းပေမဲ့ မန္တလေးတိုင်းဒေသကြီး၊ မုံရွာနယ်ဈေးကွက်များမှာ တရုတ်ဝယ်လက်များ အဝယ်ရှိနေတာကြောင့် ဈေးအနည်းငယ်မြင့်တက် လာတာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                         ဒေါ်လာ/တန်                      ပဲတီစိမ်း(အညာ)            ပခုက္ကူ                ပဲတီရွှေဝါအသေး၂၂-၁ဝ-၁ဝ             ၉၃ဝ-၉၄ဝ              ၉၇ဝ-၉၈ဝ               ၁၂ဝဝ-၁၂၂ဝ၁၄-၁ဝ-၁ဝ             ၈၈ဝ-၈၉ဝ              ၉၇ဝ-၉၈ဝ              ၁၁၅ဝ-၁၁၈ဝMIRT (MAPT)

Monday, 25 Oct 2010

 ဆောင်းပဲမျိုးစုံနဲ့ ဂံျုအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို အိန္ဒိယတိုးမြှင့်          အိန္ဒိယအစိုးရဟာ လာမယ့်နှစ်ဧပြီလမှာ ဈေးကွက်ထဲဝင်ရောက်မယ့် လက်ရှိစတင်စိုက်ပျိုးတဲ့ ဆောင်းသီးနံှများ ပဲမျိုးစုံဂံျုနဲ့ ဆီထွက်သီးနံှများရဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) များကို တိုးမြှင့်သွားမယ်လို့ သိရပါတယ်။ ဂံျုအထွက် MSP  ကို တစ်တန် ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၉)သာ တိုးမြှင့်ပေးပေမဲ့ ကုလားပဲနဲ့ ပဲနီလေးအတွက် MSP ကို ယခင်နှစ်ထက် တစ်တန်ကို ရူပီး ၃၄ဝဝ (ကန်ဒေါ်လာ ၇၆ ဒသမ ၃၅) နဲ့ ရူပီး ၃၈ဝဝ (ကန်ဒေါ်လာ ၈၅ ဒသမ ၃၂) စီတိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ အစိုးရမှ ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွက် ပဲမျိုးစုံထုတ်လုပ်မှုကို တန်ချိန် ၁၆ ဒသမ ၅ သန်း ရည်မှန်းထားတဲ့အနက် ကုလားပဲကို တန်ချိန် ၇ ဒသမ ၅၈ သန်းထွက်ရှိဖို့ ရည်မှန်းထားတာကြောင့် ကုလားပဲ ပိုမိုစိုက်ပျိုးစေဖို့ ရည်ရွယ်လို့ ယခုလို ဈေးနှုန်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခင်နှစ်က ကုလားပဲတန်ချိန် ၇ ဒသမ ၃၅ သန်းအထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဆီထွက်သီးနံှများအနက် မုန်ညှင်းစေ့ တစ်တန်ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၉) သာ တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆောင်းသီးနံှများ အတွက် တိုးမြှင့်ပေးတဲ့ နှစ်အလိုက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းများကို ဖော်ပြလိုက်ပါတယ်                                                                                                                             ဒေါ်လာ/တန်                        ဂျုံ          ကုလားပဲ            ပဲနီလေး          မုန်ညှင်းစေ့         နေကြာစေ့          ဘာလီ ၂၀၀၀-၀၁           ၁၃၈          ၂၄၈               ၂၇၁                ၂၇၁                 ၂၇၁               ၁၁၃၂ဝဝ၄-ဝ၅           ၁၄၄          ၃၂၂               ၃၄၄                ၃၈၄                  ၃၅ဝ              ၁၂၂၂ဝဝ၅-ဝ၆           ၁၅၈          ၃၂၄               ၃၄၆                ၃၈၇                  ၃၅၃              ၁၂၄၂ဝဝ၆-ဝ၇           ၁၉၂          ၃၂၆               ၃၄၉                ၃၈၇                   ၃၅၃              ၁၂၇၂ဝဝ၇-ဝ၈          ၂၂၆           ၃၆၁               ၃၈၄                ၄ဝ၆                   ၃၇၂              ၁၄၇၂ဝဝ၈-ဝ၉          ၂၄၄           ၃၉ဝ               ၄၂၂                ၄၁၃                    ၃၇၂              ၁၅၃၂ဝဝ၉-၁ဝ         ၂၄၈            ၃၉၇               ၄၂၂                ၄၁၃                    ၃၇၉             ၁၆၉၂ဝ၁ဝ-၁၁          ၁၅၃          ၄၇၄                ၅ဝ၈                ၄၁၇                    ၄ဝ၆              ၁၇၆ 

Pages