Main menu

Background

Tuesday, 12 Mar 2013

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၄ တန်ကို ပြန်လည်တင်ပို့မှု ရှိလာတာတွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက နောက်ဆုံးအကြိမ် အပို့ရှိခဲ့ပြီး တင်ပို့မှု ရပ်နားနေရာမှာ ယခုအပတ်မှာ ပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။ မန်ကျည်း သီးမှည့်ပေါ် ရာသီချိန်ဖြစ်သဖြင့် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။

Tuesday, 12 Mar 2013

ဖေဖော်ဝါရီနောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရိ ၂၇ ရက်မှမတ်လ၂ ရက်အတွင်းမှာပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မန်ကျည်း ၅၇၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၇၅ တန်၊ မလေးရှား နိုင်ငံကို ၃၁၆ တန်၊ အိန္ဒိယနိုင်ငံကို ၁၆ တန်၊ စင်ကာပူနိုင်ငံကို ၁၆၉ တန်တင်ပို့ ခဲ့ပါတယ်။ တင်ပို့မှုများမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ မန်ကျည်းစေ့နဲ့ အစေ့ပါ မန်ကျည်းတင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တစ်ဆကျော်လျော့နည်းခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်း တစ်သောင်းကျော်ရှိခဲ့ပါတယ်။

Tuesday, 12 Mar 2013

ဒီတစ်ပတ်မှာ အောင်ပန်းဈေးကွက်ကို နနွင်း (စို) တွေ စပြီးဝင်လာနေပါပြီ။ ပင်လောင်း၊ တောင်ပို့လနဲ့ ဆင်တောင် နနွင်းသစ်တွေ လက်လီဝင်လာပါတယ်။ လောလောဆယ် တော့ ပြည်ပဝယ်လက်တွေမရှိသေးပါဘူး။ ပြည်တွင်းသုံး အတွက် လက်လီခန့်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ လည်း သိရပါတယ်။ လှောင်လက်တွေ ကတော့ အစိုတွေကို မဝယ်ချင်သေးပါဘူး။ အစိုဆိုရင် ပြန်ပြုတ်ရ၊ အခြောက် လှမ်းရနဲ့ အလုပ်လည်းရှုပ်တာကြောင့် မဝယ်ချင်ကြပါဘူး။ အခြောက်ကိုသာ ဝယ်ရောင်းပြုလုပ်လိုကြတယ်လို့လည်း သိ ရပါတယ်။

Tuesday, 12 Mar 2013

ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပါကစ္စတန်နိုင်ငံကို နနွင်းတန် ၆၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မှာ နနွင်းတန်ချိန် တစ်ရာကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ပါကစ္စတန် နဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စုနိုင်ငံ တွေကို နနွင်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နနွင်းတန်ချိန်က ၃၉၇ ဒသမ ၄၅ တန်ဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေကန်ဒေါ်လာ တစ်သိန်းကျော်ဖြစ်ပါတယ်။ ယခင်ဇန်နဝါရီလအတွင်းမှာ နနွင်းတန် ခုနှစ်ရာကျော် တင်ပို့ခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှု တန်သုံးရာ့ငါးဆယ်ကျော် လျော့နည်းခဲ့ပါတယ်။   MIRT (DOT)

Tuesday, 12 Mar 2013

အောင်ပန်းဈေးကွက်မှာ ချင်း (စို) တွေကတော့ ပုံမှန်အဝင်ရှိနေပါတယ်။ အခါ နားနီးလာ တာကြောင့် တောင်သူတွေကလည်း ထုတ်ရောင်းလာကြပါ တယ်။ တောင်သူတွေ၊ ခြံရှင်တွေထုတ်ရောင်းနေ လို့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ ထောင်မှ ၁ သောင်းခန့်အဝင်ရှိနေတယ်လို့သိရှိရပါတယ်။ အရောင်းကလည်း ပုံမှန်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနှစ်က ဟိုပုံးချင်းအထွက်နှုန်းနည်းပေမဲ့ ကလော၊ အောင်ပန်းမြို့နယ်ဖက်က ချင်းတွေကတော့ အထွက်နှုန်းများတာကြောင့် တောင်သူ တွေနဲ့လှောင်လက်တွေမှာ ချင်းအတော်များများကျန်ရှိနေ ပါတယ်။ ဒီတစ်ပတ် ချင်း ဈေးက အရင်တစ်ပတ်က ချင်းဈေးထက်နည်းနည်းကျလာပါတယ်။ ချင်းဈေးကျ လာတာကြောင့် တချို့တောင်သူတွေက ချင်းခြောက်အဖြစ်ပြန်ပြီး ပြုလုပ်နေကြ တယ်လို့လည်းသိရပါတယ်။ ချင်းစိုကတော့ အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၅၀ ကျပ်ဈေးထိရှိပါတယ်။ နယ်စုံက ထိုးချင်းသမားတွေ ဝယ်ယူနေတာကြောင့် တစ် ပတ်အတွင်း ချင်းပိဿာချိန် ၉၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ချင်းခြောက် တော့ ခပ်ပါးပါးသာအရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာကို ၁၀၀၀ကျပ်၊ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။     ဧဧခိုင်-တောင်ကြီး

Tuesday, 12 Mar 2013

ပြည်ချင်းဈေးကွက်အတွင်း ယခုအပတ်မှာ အရောင်းအဝယ်အေးတဲ့အတွက် ယခင်ချင်းတစ်ပိဿာကို (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်သာရှိရာမှ ယခု ချင်းတစ်ပိဿာကို (ရှယ်) ၅၀၀ ကျပ်၊ (ဂျွန်) ၃၀၀ - ၄၀၀ ကျပ်သာရှိလို့ တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျသွားပေမယ့် အောင်ပန်းဘက်မှ တစ်ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်နဲ့ အဝင်ပုံမှန်ရှိနေပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာ ချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။                                         ဝင်းဝင်းခိုင် - ပြည်

Tuesday, 12 Mar 2013

ပြည်ပကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၂ ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ချင်း ၅၆ ဒသမ ၃၂ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ ချင်းတင်ပို့တန် ချိန်က တစ်ရာ့ကိုးဆယ်နီးပါး ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန် ချိန် တစ်ရာ့သုံးဆယ်ကျော် လျော့နည်းခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်းကျော်ဖြစ်ပါတယ်။

Tuesday, 12 Mar 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်အတွင်းကို ပဲကြီးအသစ်များ ဆက်လက် ဝင်ရောက်လျက် ရှိရာ ပြည်၊ အောင်လံမြို့နယ်များမှ ဝင်ရောက်သလို ကံမမြို့နယ် ဘက်မှလည်းဝင်ရောက်လာခဲ့တာကြောင့်နေ့စဉ် အိတ် ၆၀၀ ကျော်အထိ ဝင်ရောက် ခဲ့ပါတယ်။ပဲကြီးအသစ်ဈေးမှာ(ရွှေကျွန်း)တစ်တင်း၂၆၀၀၀ကျပ်၊(ကမ်းနား) တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးဈေးမှာ ယခင်နှစ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်ယခုနှစ်ကာလ တူဈေးနှုန်းမှာဈေးပိုရနေတာကို တွေ့ရပါတယ်။ ယခင်နှစ် က မတ်လဆန်းပဲကြီးဈေးနှုန်းများမှာ (ရွှေကျွန်း) တစ်တင်း ၁၆၇၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၁၅၅၀၀ ကျပ်နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လမှစပြီး၊ ပဲကြီးဈေးနှုန်းများမြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ပဲကြီးဈေးနှုန်း များမှာ ၃ သောင်း ကျပ်အထိ မြင့်တက်လာခဲ့ပြီး၊ ပဲဟောင်းလက်ကျန်ပြတ်ချိန် ဖေဖော်ဝါရီလဆန်းအထိ တစ်တင်း ၃ သောင်းကျပ် အထက် ရရှိခဲ့တာကြောင့် ပဲလက်ကျန်ရှိသူ တောင်သူအချို့နဲ့ လှောင်လက်သမားများ အကျိုးအမြတ်ပိုခဲ့တဲ့ ပဲသီးနှံ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ယခုနှစ်မှာလည်း ယခုမတ်လဆန်းမှ စပြီး၊ ပဲဈေးကောင်းရနေတဲ့ အတွက် လှောင်လက်သမားများ ဝယ်ယူသိုလှောင်နေ ကြသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်ယူမှုရှိပြီး၊ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်း သမားများလည်းဝယ်ယူလျက်ရှိတာကြောင့်ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံမှာ အရောင်း အဝယ်သွက်နေခဲ့တဲ့ ပဲအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်

Tuesday, 12 Mar 2013

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ မတ်လ ပထမ ပတ်အတွင်း ပဲစင်းငုံအစေ့ ထုတ်ပြောင်းမှာ ဈေးငြိမ်ပြီး၊ ပုံမှန်အရောင်းအဝယ် ဖြစ် ကြောင်း သိရပါတယ်။

Tuesday, 12 Mar 2013

၂၀၁၃ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး၊ ဟင်္သာတ ဈေးကွက်ကို အင်္ဂပူ၊ မြန်ေ အာင်၊ လေးမျက်နှာမြို့ နယ်များရှိ ကျေးရွာတွေက မတ်ပဲများ အများ ဆုံး ဝင်ရောက်လာပါ တယ်။ ဒေသခံလှောင်လက်များ ဝယ်ယူမှု ရှိသလို ရန်ကုန် ဝယ်လက်ကလည်း ဝယ်ယူနေတာကြောင့် တစ်တင်းကို ၁၅၁၀၀ ကျပ်နဲ့ တစ်ရက် ကို အိတ် ၁၀၀၀ ကျော်ခန့် ရောင်းဝယ်မှုရှိခဲ့ပါတယ်။

Pages