Main menu

Background

Monday, 21 Jan 2013

ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်အသစ်များ အဝင်ရှိပေမယ့် အထွက် မလှိုင်သေးတာကြောင့် အနည်းငယ်သာ အဝင်ရှိတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ပထမပတ်က မန်ကျည်းမှည့်အခွံမပါ၊ အစေ့မပါ တစ်ပိဿာကို ၂၃၀၀ ကျပ်ရှိခဲ့ ပေမယ့် ယခုတတိယပတ်မှာတော့ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးကို ကျဆင်းခဲ့တာ ကို တွေ့ရပါတယ်။ မန်ကျည်းမှည့်အဟောင်းမှာလည်း လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းပြီး၊ ဈေးမြင့်နေ သေးတာကြောင့် လှောင်လက်သမားများရော၊ တစ်နှစ်စာအတွက် ဝယ်ယူစုဆောင်း တဲ့ အိမ်ရှင်မများပါ ဝယ်ယူမှုမရှိသေးတာကြောင့် ဈေးအမြင့်မှာ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။                    အိဆွေဇင် - ပြည်

Monday, 21 Jan 2013

ဒီတစ်ပတ်တော့ ချင်းဈေးလည်းတက်လာပါတယ်။ ပြည်ပတင်ပို့ဖို့အတွက် စစ်တွေဝယ်လက်တွေ ဝယ်ယူ နေတာရယ်၊ ရန်ကုန်ဝယ်လက်တွေကလည်း ပြန်ပြီး ဝယ်ယူနေတာကြောင့် ဈေးတက်လာတယ်လို့ သိရပါတယ်။ ဈေးကောင်းနေသလို အဝင်ကလည်းများနေပါတယ်။ ပြီးခဲ့တဲ့ရက်တွေက စစ်တွေဝယ်လက်တွေက ပိဿာချိန် တစ်သောင်းနှစ်ထောင်ခန့် ဝယ်ယူခဲ့ပါတယ်။ တစ်ပိဿာ ၃၀၀ ကျပ် ကျော်သွား လို့ ဈေးသိပ်မကိုက်တာကြောင့် အဝယ်လည်းခဏရပ်သွားတယ်လို့ သိရပါတယ်။ အဲဒီရက်တွေမှာတစ်ပိဿာ ၃၀၀ ကျပ်၊၃၅၀ ကျပ်ဈေးရှိခဲ့ပေမဲ့ ယခု ရက်ပိုင်းမှာတော့ တစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေးသာရှိပါတော့တယ်။

Monday, 21 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၇ သန်းတန်ဖိုးရှိ ချင်း ခြောက် ၁၃ တန်နီးပါးကို တင်ပို့ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးရှိ ချင်းစို ၂ တန် ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်က မူဆယ်မှ ချင်းခြောက် ၁၀ တန်နဲ့ စစ်တွေမှ ချင်းစို ၂ တန် တင်ပို့ခဲ့တာမို့ ချင်းစို/ ချင်းခြောက် တင်ပို့မှုဟာ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။                                          MIRT (DOBT)

Monday, 21 Jan 2013

ဒီဇင်ဘာ ဒုတိယပတ်မှ စပြီး အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်အတွင်း ချင်းတင်ပို့မှုက ပါကစ္စတန်နိုင်ငံကို ၅၆ ဒသမ ၃၂ တန်၊ အိန္ဒိယနိုင်ငံကို ၂၅ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို သုည ဒသမ ၅ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန် ဒေါ် လာ နှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။                MIRT (DOT)

Monday, 21 Jan 2013

ယခုဇန်နဝါရီလဝက်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲအသစ်များ စတင် ဝင်ရောက်လာသလို ပဲတီစိမ်းသီးနှံကလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါတယ်။ ပဲစင်း ငုံနဲ့ ပဲပုပ်သစ်များလည်း ဆက်တိုက်ဝင်ရောက် ခဲ့ပါတယ်။ မတ်ပဲ သစ်များစတင် ဝင်ရောက်လာသော်လည်း အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်မှုရှိသေးတဲ့အတွက် ပဲဟောင်းများ နဲ့သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ အဟောင်းရောအသစ်ပါ ၎င်းဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှ တစ်ခါတစ်ရံ အိတ် ၂၀၀-၃၀၀ ဝယ်ယူခဲ့ပြီး နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ဈေးအေးနေသလို အရောင်းအဝယ်လည်း အေးခဲ့ပါတယ်။

Monday, 21 Jan 2013

နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက် ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းဒေသများမှ ဝယ်ယူရရှိတဲ့ ပဲစင်းငုံနီများဟာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ပုံမှန်ဝင် ရောက်လျက် အရောင်းအဝယ်ပြုလုပ်နေ ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၆၇ ကျပ်မှ ၈၇၅ ကျပ်ကြားမှာ အရောင်း အဝယ်ပြုလုပ်လျက်ရှိ ပါတယ်။ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး အရောင်း အဝယ်ဖြစ်ပါတယ်။ မန်းကုန်စည်ဒိုင် မှာ ပဲစင်းငုံနီ တစ်ရက်နဲ့ တစ်ရက် ဈေးငြိမ်သက်မှု မရှိပေမယ့် လွန်စွာကွာခြားမှုတော့ မရှိပါ။ ရန်ကုန်မှတစ်ဆင့် ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ ပဲစင်းငုံနီဟာ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး၊ ဈေးနှုန်း ပြောင်းလဲ မှုဖြစ်ပေါ်ကြောင်း တွေ့ရပါတယ်။ ဝယ်လိုအား ကောင်းနေတဲ့အချိန်မှာ ဈေးနှုန်း အနည်းငယ်မာသော် လည်း လှောင်လက်များအနေနဲ့ ဈေးနှုန်းကွာဟမှုကျဉ်းမြောင်းစွာနဲ့ ဝယ်ယူသိုလှောင်ထားကြောင်း သိရပါတယ်။

Monday, 21 Jan 2013

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ တစ်ပိဿာ ထိပ်စ ၇၅၀ ကျပ်၊လတ်စ ၆၀၀ ကျပ်၊အောက်စ ၂၀၀ ကျပ်ဖြစ်နေတဲ့ ကြက်သွန် နီ ဟာ ဇန်နဝါရီလဝက်မှာ ထိပ်စ ၅၂၅ ကျပ်၊ လတ်စ ၄၅၀ ကျပ်၊ အောက်စ ၁၀၀ ကျပ်ဈေးထိ ဆင်းလာတာကို တွေ့ရပါတယ်။ အဝင် အနေနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ပိဿာချိန် တစ်သောင်းေ ကျာ် နေ့စဉ် အဝင်ရှိနေတာတွေ့ရပါတယ်။ ရေစကြိုနယ်ဘက်က စိုက်ပျိုး ထုတ် လုပ်ကြတဲ့တောင်သူတွေကတော့ မုံရွာ၊မြင်းခြံ၊ ပခုက္ကူမြို့နယ်က ဈေး တွေကို မေးမြန်းပြီး ဈေးသင့်ရာဘက်ကို ထွက်တယ်လို့လည်း ကြားသိ ရပါတယ်။

Wednesday, 16 Jan 2013

အိန္ဒိယအနေနဲ့ သကြားတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ချက်ချင်းကြီး တိုးမြှင့်ကောက်ခံသွားရန် အစီအစဉ်မရှိကြောင်း သိရပါတယ်။

Wednesday, 16 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၅၄၈၀ ကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းမှ တန်ချိန် ၂၃၀၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က လွယ်ဂျယ်စခန်းမှ ကြံအပို့ရှိသော်လည်း ယခုအပတ်မှာေ တာ့ တင်ပို့နိုင်မှုမရှိခဲ့ပါဘူး။ ချင်းရွှေဟော်စခန်းတစ်ခုတည်းမှ ယခင်အပတ် က တန်ချိန်  ၁၇၀၀ တင်ပို့ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၅၄၈၀ တင်ပို့ခဲ့တဲ့အတွက် တန်ချိန် ၃၇၈၀ ပိုမို တင်ပို့နိုင်လာခဲ့တာကြောင့် ကြံစိုက်တောင် သူများဝမ်းသာနေ ကြတယ်လို့ သိရပါတယ်။MIRT (DOBT)

Wednesday, 16 Jan 2013

ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ၂ ဒသမ ၈၉၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၀၄၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်အပတ်က တန်ချိန် ၈၃၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်းဖိုးရှိRSS-1 ၂၃ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၄၁ သန်းဖိုးရှိ RSS-3၄၄၈ တန် ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး ရှိ  MSR-20 ၃၂ တန်ခန့်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၃ သန်းဖိုးရှိRSS-3 ၃၉၀ တန်ခန့်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၇ တန်ကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါRSS-3 ရော်ဘာဈေး အနည်းငယ်ကျနေပြီး RSS-5 ဈေး ပြောင်းလဲမှု မရှိတာကိုတွေ့ရပါတယ်။မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု          ယခင်     ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၄၄၉၇၅    ၂၅၇၀၄၀၀    ၂၅၇၂၅        ၁    ၂၉၆၉     ၃၀၈၁        ၁၁၂         ၄RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀         -            -     ၃၀၀၁    ၃၀၀၁            -           -MIRT (DOBT)

Pages