Main menu

Background

Monday, 26 Nov 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၂၃-၁၁-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

16/11
23/11
ပြောင်းလဲမှု
16/11
23/11
ပြောင်းလဲမှု
16/11
23/11
ပြောင်းလဲမှု
16/11
23/11
ပြောင်းလဲမှု

1
မတ်ပဲ
767
735

617
600

690
660

725
725

2
ပဲစင်းငုံ

887

857

833
888

825
810

845

810

3
ပဲတီစိမ်း
1230
1165

800
747

1079
1053

1079
1026

4
ကုလားပဲရိုးရိုး
1250
1240

960
960

895
895

974
958

5
ပဲလွန်းဖြူ
950
950

1167
950

-
-

789
763

6
ထောပတ်ပဲ
800
865

978
978

-
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Monday, 26 Nov 2012

မြန်မာ-အိန္ဒိယနယ်စပ်နဲ့ ထိုင်းနယ်စပ်တို့မှ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ ကွမ်းသီးခြောက် ၁၃၁ ဒသမ ၆၉၂ တန် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၄၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်မှ တန် ၁၀၀ ကျော်နဲ့ မြန်မာ-ထိုင်းနယ်စပ်မှ ၁၂ တန်ကျော် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၃ တန်ကျော်လျော့နည်းခဲ့ပေမဲ့ ကွမ်းသီးတင်ပို့မှုဟာ ပုံမှန်ဖြစ်နေ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။          ခင်မိုးသူ၊MIRT (DOBT)

Monday, 26 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် မှ ကန်ဒေါ်လာသုညဒသမ ၂၉၆ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၃၈ တန်ကျော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ စခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၉၁ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၁၁ တန်ခွဲကိုနိုဝင်ဘာလ ၁၄ရက်မှ ၂၀ ရက်ထိကာလအတွင်း မှာ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မြဝတီမှ ၇ တန်သာ တင်ပို့ခဲ့တာကြောင့် ယခုအပတ် သီဟိုဠ်စေ့တင်ပို့မှု ပိုမိုလာ တာ တွေ့ရပါတယ်။မော်မော်အောင်MIRT (DOBT)

Monday, 26 Nov 2012

အိန္ဒိယနနွင်းဈေးကွက်မှာ သိုလှောင်လက်ကျန်တွေပုံ နေပြီး၊ နနွင်းဝင်ရောက်မယ့်ရာသီလည်း နီးကပ် လာပြီဖြစ်လို့ ကြိုပွိုင့်ဈေး ၁ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ရူပီး ၅၆၅၈၀ (ကန်ဒေါ်လာ ၁၀၂၅) ဈေးနဲ့ နိုဝင်ဘာ ၂၂ ရက်မှာ ဈေးပိတ်ခဲ့ ပါတယ်။ လက်ငင်းဈေးအနေနဲ့လည်း အရည်အသွေး အသင့် အတင့်ကောင်းမွန်တဲ့ နနွင်းသာ ဝင်ရောက်တဲ့အတွက် စပ်မျိုး နနွင်းဈေးပင်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်မှာ အရည်အသွေးကောင်း နနွင်းဝင်ရောက်တာကြောင့် စပ်မျိုးနနွင်း ဝယ်လိုအားမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာတော့ ပျမ်းမျှအရည်အသွေး အသင့် အတင့်ရှိတဲ့ နနွင်းသာဝင်ရောက်ခဲ့ပြီး ဈေးမှာလည်း သိသိ သာသာကျဆင်းကြောင်း ကုန်သည်များမှဆိုပါတယ်။

Monday, 26 Nov 2012

ရှမ်းနနွင်းကလည်း အရောင်းအဝယ်ပါးသလို အဝင်ကလည်းပါးနေပါတယ်။ အောင်ပန်းပွဲရုံတွေမှာလည်း နနွင်းအဝယ်မရှိ တာကြောင့် ပွဲရုံတွေမှာလည်း နနွင်းလက်ကျန်က ခပ်ပါးပါးသာကျန်တော့တယ်လို့လည်း သိရပါတယ်။ အချို့ငွေလိုတဲ့ ခြံရှင် တွေကသာ လက်လီစိတ်လာရောင်းကြတာကြောင့် ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၀၀၊ ၁၂၀ ခန့်သာ ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဈေးပတ်သမားတွေကလည်း တစ်ရက်ကို ပိဿာချိန် ၈၀၀ မှ ၁၀၀၀ ခန့် ဝယ်ယူမှုရှိနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀ ခန့် အရောင်းအဝယ် ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ် နနွင်းပေါက်ဈေးက ပင်လောင်းနနွင်းဆိုရင် ၆၀၀ ကျပ်၊ ရိုးရိုးနနွင်းက ၉၀၀ ကျပ် - ၁၀၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ရှိပါတယ်။ ဧဧခိုင် - တောင်ကြီး

Monday, 26 Nov 2012

ပြည်ပကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့တာ ကာလအတွင်း နနွင်းတန် ၁ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တစ်ဆင့် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကမလေးရှားနိုင်ငံဖြစ်ပါတယ်။ နနွင်း က အောက်တို ဘာ နောက်ဆုံးပတ်မှစတင်ပြီး အပို့လျော့နေခဲ့တာဒီသီတင်းပတ်ထိ ဆက်တိုက်အပို့ လျော့နေ တယ်လို့ သိရပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။                                 MIRT (DOT)

Monday, 26 Nov 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ ကန်ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ နွယ်ချို ၆ တန်၊ကန်ဒေါ်လာသုညဒသမ ၀၀၆ သန်းတန်ဖိုးရှိ ကန့်ချုပ်နီ ၆ တန်ခန့် ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ မျောက်ဥခြောက်၊ တောချင်း၊ ချိတ်၊ အုံတုံခေါက်နဲ့ ဒရင်ကောက်မြစ်စတဲ့ ပရဆေးကုန်ကြမ်း ၂၃ တန်နဲ့ မူဆယ်နယ်စပ်မှ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်ေ စ့၊ ကြောင်လျာစေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ ချဉ်ပေါင်ဖာလာ နဲ့ တောင်ထန်းတို့ကို တန်ချိန်ပေါင်း ၁၂၈၆ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၈၃၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာကန်ဒေါ်လာသုညဒသမ ၀၀၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃ တန်ကျော်တင်သွင်း ခဲ့ပါတယ်။အေးအေးမြ၊MIRT(DOBT)

Monday, 26 Nov 2012

ဒီတစ်ပတ်ထဲမှာ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များနေပါတယ်။ ပင်း တယ၊ကလောမြို့နယ်တွေကချင်းသစ်ေ တွတစ်ပြိုင်တည်းဝင်လာတာကြောင့်တစ်ရက် ကို ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရာသီ ဥတုကြောင့် ချင်းပင်တွေ ရက်မပြည့်ခင်မှာ ဝါသေ ညိုးလာတာကြောင့် အစပိုင်းမှာ အနုတွေ ကို ဖော်ပစ်ရလို့ ချင်းရင့်တွေမှာ အထွက်နှုန်းလျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။အဝင်များနေ သလို ပြည်တွင်းေ ဈးပတ်သမားတွေဖြစ်တဲ့ မုံရွာ၊ မန္တ လေး၊ နေပြည်တော်၊ မော်လမြိုင်စတဲ့ မြို့တွေက အဝယ်များနေတာကြောင့် တစ်ရက်ကို ပိဿာချိန် ၁၃၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ချင်း သစ်တွေက ဈေးထပ် တက်လာပြီး၊ တစ်ပိဿာကို ၂၅၀ ကျပ် - ၃၀၀ ကျပ်ဈေးရှိပါ တယ်။ ချင်းဥမဟောင်းတွေ ကတော့ တစ်ပိဿာ ၁၅၀ ကျပ် - ၂၀၀ ကျပ်ဈေးရှိတယ် လို့သိရပါတယ်။ ချင်းခြောက်ကတော့ ပြည်တွင်းသုံးအရောင်း အဝယ်အေးနေပေ မယ့်ဒီလရဲ့ ဒုတိယပတ်ထဲမှာ နယ်စပ်ကနေတစ်ဆင့်ပြည်ပကို တန် ၂၀ ခန့် ပမာဏ ပို့ကြည့်ခဲ့ပေမယ့်အကျိုးအမြတ်ကိုတော့မသိရသေးဘူးလို့ သိရပါတယ်။ ချင်းခြောက် က တော့ တစ်ပိဿာ ၁၃၀၀ ကျပ်ရှိတယ်လို့ အောင်ပန်းချင်းပွဲရုံက သိရပါတယ်။ဧဧခိုင် - တောင်ကြီး

Monday, 26 Nov 2012

ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၃၅၀-၄၀၀ ကျပ်၊ ချင်းဓါးလှီး ၆၀၀ ကျပ်တို့နဲ့ ရောင်း ဝယ်လျက်ရှိနေပါတယ်။ အဝင်အားဖြင့် လည်း ပြည်ဈေးကွက် သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ပိဿာချိန် ၂၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုက်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်-ပြည်

Monday, 26 Nov 2012

ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်နေ့တာ ကာလ အတွင်းချင်း သုည ဒသမ ၁၁ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။  ချင်းကို အောက်တို ဘာ တတိယပတ်မှာ တစ်ကြိမ်တင်ပို့ပြီး နောက်နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့ တာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။               MIRT (DOT)

Pages