Main menu

Background

Monday, 12 Nov 2012

အောက်တိုဘာလ ၃၁ ရက်မှ နိုဝင် ဘာလ ၆ ရက်နေ့အတွင်းမှာတော့ ချင်းခြောက် ၁၅ ဒသမ ၁၆ တန်ကျော် တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၀၃၀ သန်းဖိုးကို မူဆယ်နယ်စပ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။                       MIRT (DOBT)

Monday, 12 Nov 2012

အောက်တိုဘာလအတွင်းမှာ ချင်းတင်ပို့မှုက ၁၄ တန်သာရှိခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။  ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ချင်းတင်ပို့မှု တန်ချိန်လေးဆယ်ကျော်ရှိခဲ့တာကြောင့် ယခုနှစ် မှာ ချင်းတင်ပို့မှုက အပို့လျော့ခဲ့ပါတယ်။                             MIRT (DOT)

Monday, 12 Nov 2012

နိုဝင်ဘာဒုတိယပတ်အတွင်းပြည်ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ် ဈေး နှုန်းများမှာ ဈေးငြိမ်အရောင်းအ ဝယ်ဖြစ်ခဲ့သော်လည်း ပဲစင်းငုံဈေးနှုန်းအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ လက်ကျန်များနဲ့ အရောင်းအဝယ် ဖြစ်လျက် ရှိပြီး၊ ရန်ကုန်ဝယ်လက်နေ့တိုင်း အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းသီးနှံမှာ ဈေးကွက်ကို ပဲသစ်များ နေ့စဉ်အဝင်ရှိနေခဲ့ပြီး၊ ကံမ၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ တာဖြစ်ပါတယ်။ အိတ် ၃၀၀ ကျော်အဝင်ရှိသလို ဝယ်လိုအားများနေတဲ့အတွက် အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း မတ်ပဲတစ်တင်း ၁၅၅၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ပဲစင်းငုံမှာ ဈေးကွက်အတွင်း ပဲလက်ကျန် များ ရှိခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အေးနေခဲ့သလို ပဲဈေးမှာ ယခင် အပတ်က တစ်တင်း ၁၈၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်ထိ ဈေးလျော့သွားခဲ့ပါတယ်။

Monday, 12 Nov 2012

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းများကတော့ ကြက် သွန်ဖြူတစ်ပိဿာ အနိမ့်စ ၄၀၀ ကျပ်မှ ၄၅၀ ကျပ်၊ ထိပ်စ တစ်ပိဿာ ၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ အနိမ့်ဆုံး ၂၈၀ ကျပ်၊ အမြင့်ဆုံး ၃၁၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ အနိမ့်ဆုံး ၉၀၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ အနိမ့်ဆုံး ၁၀၅၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၁၈၀ ကျပ်၊ အမြင့်ဆုံး ၂၅၀ ကျပ်၊ နနွင်းတစ်ပိဿာ အနိမ့်ဆုံး ၈၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၅၀ ကျပ်၊ အာလူးတစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်နဲ့ အမြင့်ဆုံး ၆၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။

Monday, 12 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်အတွင်းကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၁၁၆ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၄၅ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း ၁၃၂ တန်ခန့်ကို တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။  အောက်တိုဘာလ အတွင်း ပဲတီစိမ်းလုံးပြည့်ရောလုံးခြမ်းပါ တန်ချိန်အားဖြင့် ၅၆၅ တန်၊ တန်ဖိုးကန် ဒေါ်လာ ၁ ဒသမ ၃၀၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများ ကိုကြည့်တဲ့အခါ ပြောင်းလဲမှုမရှိတာကို တွေ့ရပါတယ်-
မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု        ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၆၈၉၇၁၈    ၆၈၉၇၁၈         -           -      ၈၂၂     ၈၂၁            ၁         ၀ .၁မော်မော်အောင်၊MIRT (DOBT)

Monday, 12 Nov 2012

၂၀၁၂ အောက်တိုဘာလကုန်မှာ ပခုက္ကူကနေ ရန်ကုန်ကို ပဲစင်းငုံအိတ် ၁၈၅၀၊ ပဲတီစိမ်း ၁၂၄၇၀ အိတ်၊ စားတော်ပဲ ၇၂ အိတ်၊ ထောပတ်ပဲ ၁၁၀ အိတ်၊ ပဲယင်း ၅၈၀ အိတ်၊ နှမ်း ၅၇၄၃ အိတ်နဲ့ မန္တလေးကို နှမ်း ၄၄၀ အိတ် စီးဆင်းခဲ့ပါတယ်။ အခုနိုဝင်ဘာ ၆ ရက်နေ့အထိ ပဲတီစိမ်း ၂၃၀၀ အိတ်နဲ့ ကုလားပဲဖြူလုံးကြီး ၃၀၀ အိတ် ဆက်လက်ဝင်ရောက်လျက်ရှိပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့ တဲ့ ဈေးနှုန်းတွေအနေနဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပဲစင်းငုံ တစ်ပိဿာ ၈၉၀ ကျပ်၊ တစ်တင်း ၁၇၈၀၀ နဲ့ အိတ် ၁၀၀၊ ၃ ရက်နေ့မှာ ပဲတီစိမ်းသေး တစ်ပိဿာ ၁၂၁၀ ကျပ်၊ တစ်တင်း ၂၃၀၀၀ ကျပ်နဲ့ အိတ် ၅၀၊ ပဲစင်းငုံနီ တစ်ပိဿာ ၈၄၅ ကျပ်၊ တစ်တင်း ၁၆၉၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၄ ရက်နေ့မှာ စိမ်းသေးတစ်ပိဿာ ၁၁၈၄ ကျပ်၊ တစ်တင်း ၂၂၅၀၀ ကျပ်နဲ့ အိတ် ၅၀၊ ၅ ရက်နေ့မှာ စိမ်းသေးတစ်ပိဿာ ၁၁၆၈ ကျပ်၊ တစ်တင်း ၂၂၂၀၀ ကျပ်နဲ့ အိတ် ၅၀၊ ပဲစင်းငုံနီတစ်ပိဿာ ၈၄၅ ကျပ်၊ တစ်တင်း ၁၆၉၀၀ ကျပ်နဲ့ အိတ် ၅၀၊ ၆ ရက်နေ့မှာ ပဲစင်းငုံနီတစ်ပိဿာ ၈၅၀ ကျပ်၊ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ စိမ်းသေး တစ်ပိဿာ ၁၁၄၇ ကျပ်၊ တစ်တင်း ၂၁၈၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အဲဒီအခြေအနေ အပေါ် သုံးသပ်ကြည့်ရင် ပဲတီစိမ်းနဲ့ ပဲစင်းငုံ ၂ မျိုးသာအရောင်း အဝယ် ဖြစ်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပဲစင်းငုံရော ပဲတီစိမ်းပါ ဈေးအကျဘက်ကို ဦးတည်နေတယ်လို့ သုံးသပ် ရမှာပါ။ ပဲစင်းငုံအနေနဲ့ ပစ္စည်းလက်ကျန်ကလည်းနည်းပြန် ဈေးကလည်း တက်ဈေးနဲ့မိထားတာဆိုတော့ ရှိတဲ့ပစ္စည်းထုတ် မရောင်းဘဲ၊ နောက်ထွက်မဲ့ ပဲစင်းငုံမပေါ်ခင်ကြားမှာ တက် ဈေးများရလေမလားလို့ မျှော်နေတော့မယ်လို့ ဆုံးဖြတ်ထား ကြောင်း ပွဲစားတစ်ဦးက ပြောပါတယ်။ မြင့်ဦး - ပခုက္ကူ

Monday, 12 Nov 2012

အိန္ဒိယနိုင်ငံရဲ့ မိုးသီးနှံရိတ်သိမ်းမှုနှောင့်နှေးတဲ့အတွက် ဆောင်းပဲစိုက်ပျိုးမှု နောက်ကျလျက်ရှိရာ နိုဝင်ဘာလ ၂ ရက် နေ့အထိ စုစုပေါင်း စိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၁ ဒသမ ၈၇ သန်းသာရှိလို့ ပြီးခဲ့တဲ့နှစ် ကာလတူ စိုက်ပျိုးမှုဟက်တာ ၂ ဒသမ ၇၂၃ သန်းနဲ့ ယှဉ်ရင် ၃၁ ရာခိုင်နှုန်းခန့် ကျဆင်း နေတယ်လို့ သိရပါတယ်။ ကုလားပဲစိုက်ပျိုးမှုအနေနဲ့ မဟာ ရပ်ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်မှာ စိုက်ဧရိယာ တိုးတက်ပေမဲ့ ရာဂျက်စသန်မှာ စိုက်ဧရိယာကျဆင်းတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာမှာ ကုလားပဲ စိုက်ပျိုးမှုဟက်တာ ၂၁၉ သိန်း ပြီးစီးလို့ လျာထားဧရိယာ ၁၂ ဒသမ ၃၂ သိန်းရဲ့ ၂၄ ရာခိုင် နှုန်းပြီးစီးပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နဲ့ယှဉ်ရင် ၆၇ ရာခိုင်နှုန်း ပိုမို စိုက်ပျိုးထားကြောင်း သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်းပိုမိုပြီးဟက်တာ၁ ဒသမ ၉၆ သိန်း စိုက် ပျိုးထားပြီးဖြစ်ပေမဲ့ ရာဂျက်စသန်မှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့အထိ စိုက်ပျိုးမှုဟာ ဟက်တာ ၂ ဒသမ ၇၈ သိန်းသာရှိလို့ ၆၆ ရာခိုင်နှုန်းလျော့ကျတယ်လို့ သိရပါတယ်။

Monday, 12 Nov 2012

မုံရွာကုန်စည်ဒိုင်၊ နိုဝင်ဘာပထမပတ် ပဲဈေးကွက်မှာ ဝါကျွတ်ပွဲပြီးသွားပေမဲ့ အဝယ်အရောင်းသိပ်မလိုက် သေးဘဲ ပဲမျိုးစုံဈေးအေးခဲ့တာကိုတွေ့ရပါတယ်။ ကုလားပဲမျိုးစုံ ဈေး ကွက်အနေနဲ့ V2 ကတော့ မုံရွာကုန်သည်တွေ ဆီမှာ လက် ကျန်ရှိပြီး၊ လှောင်လက်သမားတွေ ဈေးမကိုက်လို့ အရောင်း နည်းခဲ့တယ်လို့ဆိုပါတယ်။ ဝယ်လက် အားဖြင့် မန္တလေး၊ ရန်ကုန်ဘက်က အနည်းငယ်သာအဝယ်ရှိခဲ့ပြီး၊ ဒေသစက်မှု လုပ်ငန်းသမားတွေ လိုအပ်သ လောက် ထိန်းဝယ်ခဲ့ကြတယ် လို့ဆိုပါတယ်။

Monday, 12 Nov 2012

ရန်ကုန်ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှာ မတ်ပဲနဲ့ ပဲတီစိမ်း ကို ပုံမှန်အဝယ်ရှိနေပေမဲ့ ပဲစင်းငုံအဝယ်မရှိတာတော့ သီတင်း ၂ ပတ်လောက်ရှိပြီလို့ ကုန်သည်များက ဆိုပါတယ်။ မတ်ပဲ FAQ၊ FOBကို ပြီးခဲ့တဲ့ရက်ကအောက်ဈေးနဲ့ အဝယ်လိုက်ခဲ့ပေမဲ့ ပြည် တွင်းအရောင်းအဝယ်ဖြစ်တဲ့ ဈေးက ပြီးခဲ့တဲ့ တစ်ပတ်ထက် တစ် တန် တစ်သောင်းလောက်လျော့ပြီး ကျပ် ၄၇၅၀၀၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် ၤဥြ ဈေးကတော့ တစ်တန် ကန်ဒေါ်လာ ၅၈၀-၆၀၀ နဲ့ ငြိမ်နေပါ တယ်။ ပဲတီစိမ်းကိုလည်း တောင်ငူ၊ ပခုက္ကူဘက် အရည်အသွေး ကောင်း တွေကို ဈေးတိုးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ဒီနှစ် ဈေးကွက်ကို ဝင်လာတဲ့ ပဲတီစိမ်းတွေက အရည်အသွေး ကောင်း တဲ့အတွက် ဝင်သလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။

Monday, 12 Nov 2012

အိန္ဒိယအစိုးရ ပြည်တွင်းဝယ်လိုအား ပြည့်မီဖို့ ပဲမျိုးစုံ တင်သွင်းမှုကို ငွေကြေးထောက်ပံ့မှုတွေနဲ့ ဂရုတစိုက် ဆောင် ရွက်နေတဲ့ အချိန်မှာ ပဲတောင်သူတွေရဲ့ ယခုနှစ် ပဲအရည် အသွေးက အစိုးရဝယ်ယူဖို့ သတ်မှတ်ထားတဲ့ အရည် အချင်း မမီတဲ့အတွက် အနိမ့်ဆုံး ထောက်ပံ့ဈေး (MSP)ထက် လျော့ပြီး၊ တောင်သူများက ၎င်းတို့ပဲတွေ ရောင်းချနေရတယ် လို့ သိရပါတယ်။ မဟာရပ်ရှတရာပြည်နယ် လတ္တာခရိုင်မှာ လယ်ယာထွက်ကု န်ဈေးကွက် ရှာဖွေရေးကော်မတီ  (APMC) မှ ဈေးနှုန်းမြင့်တက်ဖို့ တောင်သူများ MSP ဈေးအော က် လျော့ပြီး၊ ရောင်းချနေရခြင်း မှ လွတ်မြောက်ဖို့ သဘောတူ တူညီချက်တစ်ခု ရေးဆွဲနေကြောင်း သိရပါတယ်။

Pages