Main menu

Background

Wednesday, 15 Jul 2015

မေလကပြုလုပ်ခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကျင်းပစဉ်က ကန်ပိုက်တီးကုန်သည်အသင်းမှ ဆွေးနွေးတင်ပြခဲ့တဲ့ ယန္တရားတင်သွင်းသူများ အနေနဲ့ မြစ်ကြီးနားမြို့မှာ နေထိုင်ကြသူများဖြစ်ရာ ကန်ပိုက်တီးသို့ အခွန်ပေးဆောင် ရန် ငွေသိန်းပေါင်းများစွာသယ်ယူ၍ လုပ်ငန်းများ ဆောင်ရွက်နေရတဲ့အတွက် လုံခြုံရေးအရ သီးခြားဘဏ်စနစ်တစ်ခု ဆောင်ရွက်ပေးပါက ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း တင်ပြခဲ့ခြင်းနှင့်စပ်လျဉ်းပြီး မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)ကို စာပေး ပို့ခြင်း  ဇွန်လဆန်းက နေပြည်တော်မှာ လစဉ်ကျင်းပပြုလုပ်တဲ့ OSSှ ညွှန်ကြားရေးမှူး ချုပ်အဆင့် အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ မြစ်ကြီးနား မြန်မာ့စီး

Wednesday, 15 Jul 2015

ပဲခူးတိုင်း ၊ ဝေါမြို့နယ်ညောင်ခါး ရှည်အနီး အခြေပြုတဲ့Mobile Team  လရ-၂ အဖွဲ့သည် မြဝတီမှ ရန်ကုန် ဘက်သို့ မောင်းနှင်လာတဲ့ မော်တော် ယာဉ်များအား စစ်ဆေးရာ ဇွန်လ ၂၆ ရက်မှ ၂၉ ရက်ထိကာလအတွင်း တရား ဝင် အထောက်အထား တင်ပြနိုင် ခြင်းမရှိတဲ့ ယာဉ်ကိုးစီးကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။

Wednesday, 15 Jul 2015

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ဇွန်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၃၉၂ သန်း ၊ သွင်း ကုန် ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းနဲ့ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၃၉၇ သန်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အများဆုံး ပို့ကုန်များမှာ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးသ လောက်၊ ရေငန်ပုစွန် ၊ လယ်ယာထွက်ပစ္စည်း လဲမှို့ (အစေ့ပါ)၊ စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ ဖိနပ်၊ ထွန်းရွှေဝါ၊ သနပ်ခါး ခဲ၊ ဆီးယိုထုပ်များဖြစ်ကြပြီး သွင်းကုန်များမှာ လူသုံးကုန် ပစ္စည်းဖြစ်တဲ့ ဒန်ရေတကောင်း၊ ပလတ်စတစ်ရေပုံး၊ တီရှပ်၊ ဖိနပ်တို့ဖြစ်ကြပါတယ်။

Wednesday, 8 Jul 2015

ဇွန်လ ၂၀ ရက်မှ၂၆ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၂၇၅ သန်းတန်ဖိုးရှိ သကြားဖြူ ၄၅၈ တန်တင်ပို့ခဲ့ပါတယ်။
ဇွန်လတစ်လလုံးမှာ ကန်ဒေါ်လာ ၁  ဒသမ ၉၉၅ သန်းတန်ဖိုးရှိ သကြားဖြူ ၃၃၂၅ တန် ၊ ကန်ဒေါ်လာ သုည ဒသမ ၁၃၇ သန်းတန်ဖိုးရှိ သကြားညို ၂၃၆ တန်ခွဲ တင်ပို့နိုင်ခဲ့ပြီး သကြားတစ်ပိဿာ ပေါက်ဈေးကတော့ ၁၀၀၀ကျပ်နဲ့၁၁၀၀ကျပ်ကြား ရှိတယ်လို့ သိရှိရပါတယ်။        
မြင့်မြင့်မာ

Wednesday, 8 Jul 2015

ဇွန်လစတုတ္ထပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၆၈ သန်းဖိုးရှိ ရော်ဘာ ၁၃၃၉ တန်ကျော်ကို မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန် ၊ ချင်းရွှေဟော်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ပါတယ်။ စခန်းတစ်ခုချင်းစီရဲ့ တင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၇၅၁ တန်ကျော်၊    RSS-5  ၃၂ တန်၊ MSR-20  ၁၆ တန်ကျော်နဲ့  MSR-50 ၉၇ တန်ဖြစ်ပါတယ်။ချင်းရွှေဟော် စခန်းမ RSS-3  ၂၀၂ တန်ကျော်၊MSR-20တန် ၁၉၀နဲ့ တာချီလိတ်စခန်းမှ  Latex 60% DRC တန်၅၀ ဖြစ်ပါတယ်။

Tuesday, 7 Jul 2015

   ပြည်ပသို့ မြန်မာထွက်ကုန်များ တင်ပို့ရာမှာ အုပ်စု ခုနစ်ခုခွဲခြားတင်ပို့လျက်ရှိရာ လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္ထုတွင်းထွက် ၊ သစ်တောထွက်၊ စက်မှုကုန်ချောနဲ့ အခြားဟူ၍ခွဲခြားထားပါတယ်။

Tuesday, 7 Jul 2015

မြဝတီကုန်သွယ်ရေးဇုန်မှ ဇွန်လစတုတ္ထပတ်အတွင်ွှITC  နဲ့777 kg  ရှိ Cable Wireန ကျပ်သန်းပေါင်း ၄ ဒသမ ၀၉၅ ခန့်ကို တင်သွင်းခဲ့ပါတယ်။မြဝတီနယ်စပ် ITC နဲ့ သွင်းကုန်ပစ္စည်းများကို အဓိကတင်သွင်းခဲ့ပြီး စတင်ခွင့်ပြုချိန်မှ ယနေ့ထိ ပို့ကုန်တင်ပို့မှုမရှိတာ တွေ့ရပါတယ်။ နယ်စပ်စခန်း ၁၈ ခုရှိသည့်အနက် ှုွှဃ ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ စခန်း ၁၀ ခုရှိပြီးယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ မေလ ၂၂ ရက်အထိ မြဝတီ နယ်စပ်စခန်းမှ သွင်းကုန်တန်ဖိုး ကျပ်သန်းပေါင်း ၃၅ ဒသမ ၅၈၄ ခန့် ကုန်သွယ်နိုင်ခဲ့ပါတယ်။ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း လွယ်ဂျယ် နယ်စပ်မITC  နဲ့ အများဆုံး ကုန်သွယ်နိုင်ခဲ့ပြီး မူဆယ်နယ်စပ်မှITC  နဲ့ အနည်းဆုံးကုန်

Tuesday, 7 Jul 2015

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန် ၊ ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၅၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့    နှိုင်းယှဉ်ပါက ၁၁၅၈ တန်ကျော်   ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။စခန်းအလိုက် တင်ပို့မှုများမှာ -

Friday, 3 Jul 2015

ဇွန်လ တတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၁၄၈ သန်း တန်ဖိုးရှိ  ပြောင်း ၁၀၈၅၆ တန်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၈၀ သန်းဖိုးရှိ   ပြောင်းတန်ချိန် ၂၀၀၀ နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်းဖိုးရှိ ပြောင်းတန် ၁၉၀ တို့ကို တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်က  မူဆယ်မှ ၁၃၂၄၇ တန်ခွဲ ၊ လွယ်ဂျယ်မှ ၂၂၁၀တန်နဲ့  ကန် ပိုက်တီးမှ ၄၂ တန်ခွဲ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းတင်ပို့မှု၂၄၅၄ တန် လျော့ နည်းသွားခဲ့ပါတယ်။

Pages