Main menu

Background

Friday, 3 Jul 2015

ယခုသီတင်းပတ်တွင် မြန်မာ-တရုတ် နယ်စပ်မှ ဆန်ပိုမိုတင်ပို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းမှ ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိ ရက်သတ္တပတ်အတွင်း ဆန်တန်ချိန် ၂၃၀၄၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈ ဒသမ ၄၄၄ သန်းဖိုးဖြစ်ပြီး၊ ယခင်တစ်ပတ်တင်ပို့မှုထက် ၄၃၈ တန် ပိုခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှု တွေကတော့ မူဆယ်(၁၀၅)မိုင်မှ ငစိန်ဆန် ၁၄၇၁၄ တန် ၊ ဧည့်မထ ၆၁၉၈ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၂၁၃၀ တန်ကျော်ဖြစ်ပါတယ်။တရုတ်နိုင်ငံကို နယ်စပ်စခန်းများမှ ဆန်တင်ပို့မှုမှာ တစ်ရက်လျှင် တန်ချိန် ၃၀၀၀ ကျော်လောက်ပုံမှန်တင်ပို့မှုရှိနေကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ဆန်တင်ပို့မှုပို

Thursday, 2 Jul 2015

 ့ ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်း တန်ဖိုးရှိ သကြားဖြူ ၁၀၇၁ တန် တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်ထက် သကြား ဖြူ ၃၄၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ယခုသီတင်းပတ်မှာ သကြားဖြူ အပြင် သကြားညို ၁၈ တန်ကိုလည်း တင်ပို့ခဲ့လို့ သိရပါတယ်။ သကြားဖြူတစ်တန်ရဲ့ လိုင်စင် ဈေးက ဒေါ်လာ ၆၀၀ ဖြစ်ပြီး သကြား ညိုကတော့ ၅၈၀ ဒေါ်လာရှိတယ်လို့ သိရပါတယ်။

မြင့်မြင့်မာ

Thursday, 2 Jul 2015

 နောင်ချို Asia World Toll Gate အနီး ယာယီအခြေစိုက် လရ-၁အဖွဲ့မှ တာဝန်ထမ်းဆောင်စဉ် ဇွန်လ ၁၄ ရက် ၀၈း၃၀ မှ ၁ရး၀၀ ချိန်ထိကာလအတွင်းမှာ ယာဉ် လေးစီးရဲ့ ဝမ်းဗိုက်အောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံ ၁၁၁၅ ကီလိုဂရမ် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၁၁၅ ၊ လက်ကောက်ကွင်း အရွယ်စုံ ၃၀ ကီလိုဂရမ် ၊ ခန့်မှန်း တန်ဖိုးကျပ် သိန်း ၃၀ ကို Mitsubishi Extra Cab, AD Van,Nissan Van(Wingroad)နဲ့ Odyssey ယာဉ်များပေါ်မှ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ကျောက်များကို တင်ဆောင်လာတဲ့ယာဉ်များ ကျောက်များနဲ့အတူ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၆၃၀ ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲ ဖွ

Thursday, 18 Jun 2015

မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ် ရေးစခန်းများမှ ၂၀၁၅ ခုနှစ် မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက်အတွင်း  ကန်ဒေါ်လာ သုည ဒသမ ၂၀၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၂၇ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။    ယခင် သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁၄ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၂ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့  ၁၄ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ပါက ၁၆ တန်ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။

Thursday, 18 Jun 2015

မုံရွာမြို့နယ် နဂါးတွင်း၊ ဘုဘ၊ သစ်စိမ့်၊ ညောင်ဖြူပင်ကျေးရွာများနှင့် ချောင်း ဦးမြို့နယ် ဆူးလေကုန်း၊ ဝယာ၊ တောချောင်းလေး၊ ကံဇီး၊ ကမွန်တော်၊ ကုလားကြီး၊  အင်းမစသည့်ကျေးရွာများတွင် ရေသွင်းစိုက်ပျိုးခဲ့တဲ့ အစေ့ထုတ်ပြောင်း  CP များ မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်လျက်ရှိပါတယ်။၎င်းင်းကျေးရွာများတွင် အထွက်နှုန်း ကောင်းသည့် CP-888 မျိုးကို အများဆုံး စိုက်ပြီး ရေသွင်းစိုက်တဲ့အတွက် တစ်ဧကကုန်ကျစရိတ်မှာ ကျပ် တစ်သိန်းငါးသောင်း ဝန်းကျင်ခန့် ကုန်ကျပြီး ပျမ်းမျှအထွက်နှုန်း   တင်း ၇၀ ခန့်ထွက်ရှိကြောင်း တောင်သူ တစ်ဦးထံမှ သိရပါ တယ်။

Thursday, 18 Jun 2015

    ဇွန်လ ပထမပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်နဲ့ ကန်ပိုက်တီးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၃၆၀ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၁၅၀၂၁ တန်ခွဲ တင်ပို့နိုင်ခဲ့ပါတယ်။  

Thursday, 18 Jun 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊  ဟဲဟိုး ပန်းအစုအဖွဲ့မှာ ဒေသတွင်းကထွက်ရှိ တဲ့ ဂန္ဓမာပန်းများ  ဈေးကွက်မှာ ဈေး ကောင်း အရောင်းသွက်နေတာကြောင့် ဒီနှစ် ပန်းစိုက်တောင်သူများ တွက်ခြေ ကိုက်ပြီး စီးပွားရေးတိုးတက် ကောင်း မွန်လျက်ရှိတယ်လို့ သိရပါတယ်။

Pages