Main menu

Background

Thursday, 25 Jun 2015

ယင်းမာပင်ခရိုင်အတွင်းမှာ ဆည်ရေနှင့်ရေလျှံတွင်းများ ချောင်းရေ များဖြင့် နွေနှမ်း၊ မိုးနှမ်းများ ရိတ်သိမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက် နေကြရာမှာ အချို့နွေနှမ်းကို စောစွာစိုက်ပျိုးသူများက ရိတ်သိမ်းကြ နောက်ကျသူများ ၏နှမ်းခင်းများ သီးပွင့်နေကြ၊ မိုးနှမ်းများလည်း ဆက် လက်စိုက်ပျိုးခြင်းဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိပါတယ်။သီးနှံများအဆက် မပြတ် ဖူးပွင့်သီးနေချိန်မှာ ရွှေ့ပြောင်းပျားမွေးမြူ ရေးသမားများလာရောက်၍ ပျားကောင်များ ပွားခြင်းလုပ်ငန်းကို လုပ်ကိုင် နေကြပါတယ်လို့ ပုလဲမြို့နယ် ရာပြည့်ပျားမွေးမြူရေးလုပ်ကိုင်နေသူ ဦးလှမျိုးအောင်က ပြောပြပါတယ်။ ယခုအချိန်မှာ ပျားရည်ထုတ်လုပ်ခြင်း လုပ်ငန်းကိုမလုပ်ဘဲ

Tuesday, 23 Jun 2015

ယခုဘဏ္ဍာနှစ် ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိ ရက်သတ္တပတ်မှာ ပို့ကုန် ကန်ဒေါ်လာ ၄၀၃ ဒသမ ၇၅၈ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၂၈၁ ဒသမ ၇၀၃ သန်းရှိသဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၆၈၅ ဒသမ ၅၄ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။   သဘာ၀ ဓာတ်ငွေ့တင်ပို့မှု ပိုမိုသဖြင့် ကုန်သွယ်မှု ပိုငွေရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်  ဒေါ်လာဈေးမြင့်တက်သွားတဲ့အတွက် သွင်းကုန်တင်သွင်းမှုပိုင်းမှာအနည်းငယ် ရပ်တန့်ခဲ့တာကြောင့် ကုန်သွယ်မှုပိုငွေ ပြခဲ့တာဖြစ်ပါတယ်။ဘဏ္ဍာနှစ်အစမှ ဇွန်လ ၁၂ ရက်အထိ ကုန်သွယ်မှု အခြေ အနေကတော့ ကုန်သွယ်မှုလိုငွေ ကန် ဒေါ်လာ ၁၀၃၃ ဒသမ ၅၄၇ သန်းရှိ တယ်လို့သိရပါတယ်။ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရာမှာလည်း ကုန်သွယ်မှု လိုငွေ ကန်ဒေ

Tuesday, 23 Jun 2015

ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်အဝင်တော်တော်လေးလျော့နည်း
ဇွန်လ ၇ ရက်မှ ၁၃ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၁၆၄၄၈   တန်ဖိုး ရှိ  ဓာတ်ဆီ ၃ ဒသမ ၅၂ တန် နဲ့ကန်ဒေါ်လာ ၂၂၁၈၉၇၄ တန်ဖိုးရှိ ဒီဇယ် ၃၀ ဒသမ ၃၇၈ တန်ကို ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်သွင်းရန် သွင်းကုန်လိုင် စင်လျှောက်ထားခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ၂၁၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန် ချိန်၂၀၀ ကျော် အဝင်လျော့ခဲ့တယ် လို့ သိရပါတယ်။ ဒီဇယ်ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၁၄၀ ကျော်ဝင်လာ ခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ၁၁၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဒီဇယ်ရောဓါတ်ဆီ ပါ အဝင်လျော့ခဲ့ပါတယ်။

Friday, 19 Jun 2015

  မြင်းခြံခရိုင်၊   နွားထိုးကြီးမြို့နယ်၊  အင်ကြင်းကျောက် လုပ်ငန်းများမှ ထုတ်လုပ်ရောင်းချနေသည့်မြန်မာ့ရိုးရာလက်မှုအလှထည်ပစ္စည်း ချင်းပုတီးများကို နိုင်ငံတကာ ခရီးသွားဧည့် သည်များက နှစ်သက်စွာ ဝယ်ယူနေကြ သဖြင့် ဈေးကွက်ပိုမိုတွင်ကျယ်လာကြောင်းနွားထိုးကြီးမြို့နယ် ၊ သဇင်ရွာ၊ TreeJade  အင်ကြင်းကျောက်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဆွေ၏ပြောပြချက်များအရ သိရသည်။ အဆိုပါချင်းပုတီးကိုအင်ကြင်း ကျောက်၏ဘေးထွက်ပစ္စည်းဖြစ်သည့် အင်ကြင်းကျောက်အကာ သားများနှင့်  ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ပုတီးများကို ယခင် ခေတ်ကာလက တိုင်းရင်းသားချင်းလူမျိုးများက ပယင်းကျောက် များနှင့်  ပြုလုပ်ဝတ်ဆင်ခဲ့ကြသည်။   အင်ကြင်းကျောက်မျ

Friday, 19 Jun 2015

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်SMIDB ဘဏ် အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မေလအထိ SMIDB စက်မှုလုပ်ငန်းရှင် ၄၃ ဦးသို့ SME ချေးငွေ ကျပ်သိန်းပေါင်း  ၁၁၁၅၀ ကို ထုတ်ချေးထားပြီးဖြစ်သလို၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း ချေးငွေ ဆက်လက်ထုတ်ချေးနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း တိုင်းစက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ သိရှိရပါတယ်။

Wednesday, 17 Jun 2015

ဇွန်လ      =ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း   တန်ချိန် ၁၂၈၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။     တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ ကြက်ဆူ စေ့၊ သီဟိုဠ်စေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊   ကြောင်လျာစေ့၊ မျောက်ဥ၊ မာလာဥ၊  ဝဥခြောက်၊  စကားပန်းပွင့် ခြောက်၊ သရက်ပြားခြောက်၊ လက်ပံပွင့်  ခြောက်၊ ဆီးသီးခြောက်၊ ဆီးဆံ၊ တော ဂျူးမြစ်၊ ဒရင်ကောက်မြစ်၊  ကွမ်းစား ဂမုန်းနဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ အလားတူ  ချင်းရွှေဟော်နယ်စပ်စခန်း မှလည်း     ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းဖိုးရှိ ကြက်ဆူ တန်ချိန် ၉၀၀ တင်ပို့နိုင်ခဲ့သလို မြန်မာ-ထ

Wednesday, 17 Jun 2015

ပြည်မြို့ စားဖိုဆောင်သီးနှံဖြစ်တဲ့ မန်ကျည်းမှည့်ကတော့ ပွဲရုံများတွင်သာ ရှိပြီး၊ ပြည်ပမှ  အဝယ်ပုံမှန်ရှိနေတာ ကြောင့် ပြည်မန်ကျည်းမှည့်ဈေးဆက်တက်လာပါတယ်။  မန်ကျည်းမှည့် တစ် ပိဿာ (ပွဲရုံဈေး) ၁၄၀၀ ကျပ်ထိ မြင့် တက်လာပြီး၊ ဒေသတွင်း  လက်လီ တစ်  ပိဿာဈေး ၁၈၀၀ ကျပ်  ဖြစ်ပါတယ်။ ရခိုင်၊ သံတွဲမြို့များသို့ ရက်ခြားပြီး ပိဿာ ၅၀၀ ကျော်   ပုံမှန်တင်ပို့မှုရှိ ကြောင်လည်း သိရပါတယ်။
နီနီဝင်း-ပြည်

Wednesday, 17 Jun 2015

ပခုက္ကူကုန်စည်ဒိုင်ရဲ့   အရောင်းအဝယ်ဟာ ဇွန်လ ဒုတိယပတ်ကိုရောက်ခဲ့ပါပြီ၊   ဇွန်လဟာ အရောင်းအဝယ်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံးလို့ ကျွန်တော်တင်ပြခဲ့ဖူးပါတယ်။ ပစ္စည်း လက်ကျန်နည်းချိန်လည်းဖြစ်ပြန်၊ ဒီနှစ်အဖို့ ပစ္စည်းတော်တော် များများကလည်း အထက်ဈေးနဲ့ ဂုဏ်ရှိန်မြင့်မားစွာ ရှိနေချိန် ဆိုတာလည်း တိုက်ဆိုင်နေလို့ပါ။

Wednesday, 17 Jun 2015

      ယခုအခါ ၂၀၁၄-၂၀၁၅ ပင်လယ် ရေလုပ်ငန်းရာသီစခန်းသိမ်းချိန်ဖြစ်ရာ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသ ရှိ ပင်လယ်ရေ လုပ်ငန်းဈေးကွက်တစ်ခု ဖြစ်သည့် ကင်းပုစွန်ဈေးကွက်မှာလည်း မိုးခိုစခန်းသိမ်းရန်ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်သည်။ ကင်းပုစွန်ဈေးကွက် မှာ၂၀၁၄-၂၀၁၅  ပင်လယ်ရေလုပ်ငန်း ရာသီတွင်  လုပ်ငန်းရာသီတစ်ချိန်လုံး ပင်လယ်ပြင်မှ  ကင်းပုစွန်ဖမ်းဆီးရမိမှု အလွန်နည်းပါးနေသဖြင့်  ထူးထူးခြား ခြား  အကျိုးအမြတ်မခံစားရဘဲ  လုပ် ငန်းမပြတ် ပုံမှန်လုပ်ကိုင်ဆောင်ရွက် ရင်း  စခန်းသိမ်းရပ်နားခဲ့ရကြောင်း ဖျာပုံမြို့နယ်၊ အရှေ့စုကျေးရွာတွင် ကင်း ပိုက်လုပ်ငန်းများကို အခြေစိုက် လုပ် ကိုင်ဆောင်ရွက်နေသည့် ကိုကျော်မင်း လွင်၏ပြောပြ

Pages