Main menu

Background

Tuesday, 9 Apr 2013

နွေဦးထွန်ရေးယက်ရေးလုပ်ငန်းများ အညာမှာ စတင်နေသည်။ နွေထယ်ရေးထွန်ယက်သလို သဘာဝမြေသြ ဇာ နောက်ချေး (နွားချေး)သစ်ရွက်ဆွေးများလည်း လယ်ကွင်းယာကွင်းတွေထဲ မိုးမကျမီ ချနေကြသည်။
ယခုနှစ် နွားချေးတွေ သစ်ဆွေးမြေသြဇာတွေကို ကားတွေ၊ ထော်လာဂျီတွေ ထွန်စက်တွေနဲ့ သယ်ယူ အရောင်း အဝယ်ဖြစ်နေကြသည်။

Tuesday, 9 Apr 2013

နွားထိုးကြီးမြို့နယ်တွင်  လယ်ယာ မြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်လက် မှတ်ထုတ်ပေးခြင်းလုပ်ငန်းကို ကျေးရွာ ၆၄ အုပ်စု၊ ရပ်ကွက် ရှစ်ရပ်ကွက်ရှိ ကွင်း ပေါင်း ၅၉၄ ကွင်း၊ ဦးပိုင် ၉၆၅၉၉၊ စိုက်ဧက ၂၃၆၁၅၀ ကျော်ကို မြေစာ ရင်း ဦးစီးဌာနမှ အဖွဲ့ ၇၂ ဖွဲ့ဖြင့် ဇန်န ဝါရီ ၁ ရက်မှ စတင်လုပ်ငန်းဆောင်ရွက် နေရာ ၆၀ ရာခိုင်နှုန်းပြီးစီးနေသည်ဟု မြို့နယ်မြေစာရင်းဦးစီးအရာရှိ ဦးတင် ထွန်းက ပြောသည်။

Tuesday, 9 Apr 2013

တရုတ်မုန့်မျိုးစုံသည် အညာမြို့ရွာ မုန့်စုံဆိုင်များတွင် ရောင်စုံပန်းများလို အစီအရီ ကလေးများအကြိုက် ဆိုင်ပေါ် ရောက်နေသည်။ အပြင်အဆင်လှလှနှင့် မြင်လျှင်လိုချင်အောင်ပြုလုပ်ထား၍လည်း တရုတ်မုန့်မျိုးစုံ သည် မြန်မာမုန့်တွေထက် အပြင်အဆင်သာသည်။ အရသာမှာ ပြောမပြတတ်အောင် ညံ့နေသည်။ တစ်ခါဝယ် ရုံနှင့် အော့ကြောလန်သွားသည်။

Pages