Background
ဝါဂွမ်းရရှိသော ဝါပင်သည် မည်သည့်နိုင်ငံ၌ ပထမဆုံး ပေါက်သည်၊ မည်သည့်နိုင်ငံသည် ဝါဂွမ်းကို ပထမဆုံးအသုံး ပြုခဲ့သည်ဟူသောအချက်ကို အတိအကျဆုံးဖြတ်ရန် ခဲယဉ်း ပေသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅၀ဝ ခန့်ကပင် ချည်ထည်များကို အသုံးများနေပြီဖြစ် ကြောင်း အထောက်အထားများ တွေ့ရသည်။
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်၊ ညောင်ပင်သာ စသည့်ကျေးရွာများတွင် ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲတီစီမ်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြား စားဖိုဆောင်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ကုန်းကြီးအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်း ကြက် သွန်နီ (ခေါ်)ပျိုးပင်စိုက်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် တစ် သျှူးငှက်ပျောများကို ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ် အစီးရေ ပြန်လည် များပြားလာကြောင်း ကချင် ပြည်နယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ် ငန်းရှင်များအသင်းမှ သိရသည်။ ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် တင်ပို့ မည့် တစ်သျှုးငှက်ပျော ကုန်တင်ယာဉ်အစီးရေမှာ ဒီဇင်ဘာလ ပထမပတ်က အစီးရေ ၁၅၀ ကျော်သာ ရှိခဲ့သော်လည်း ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ကုန် တင်ယာဉ်အစီးရေ ၂၅၀ကျော်အထိ ရှိလာကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုင် တည် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အများ ဆုံး
အွန်လိုင်းမှ ဈေးရောင်းချသူများအနေဖြင့် ဇန်နဝါရီလမှစတင်ကာ မှတ်ပုံ တင်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ မှတ်ပုံတင်ကြေး ကောက်ခံမည့် နှုန်းထားများမှာ ကုမ္ပဏီ (သို့မဟုတ်) စီးပွား ရေးအဖွဲ့များ၏ မှတ်ပုံတင်ကြေးကျပ် ခုနစ်သောင်း၊ သက်တမ်းတိုးကြေး ကျပ် ခုနစ် သောင်းဖြစ်ကြောင်း သိရသည်။ အလားတူ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထားတစ်ခုခု ပါရှိသည့် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်း၏ မှတ်ပုံတင်ကြေးကို ကျပ်ငါးသောင်း၊ သက်တမ်းတိုးကြေး ကျပ်ငါးသောင်း သတ်မှတ်ထားကြောင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့် ထုတ်ပေးထားပြီး ပြည်ပနိုင်ငံသားများ ရာနှုန်း ပြည့် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ပုသိမ်မြို့ စက်မှုဇုန်တွင် Amava Apparel Co,Ltd China Moon Sports Myanmar Dong Long ( Pathein) Garment Harkers Enterprise Myanmar Co,Ltd Huabo Times Textile and Clothing Co,Ltd Myanmar Knitting Factory Ltd North Shore Group Co,Ltd Shaung Xi Garment VentDest Co,Ltd CMP အထည်ချုပ်စက်ရုံ ကိုးရုံ၊ ကန် ကြီးထောင့်မြို့တွင် Huameng CMP အထည် ချုပ်စက်ရုံတ
နှစ်စဉ် ဆားလိုအပ်ချက်ရှိနေသည့် တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ မြန်မာ့ဆားကြမ်း များကို တန်ချိန် ရာနှင့်ချီ ဝယ်ယူရန် ကမ်းလှမ်း ထားပြီး လက်ရှိမှာ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ဆားတန်ချိန် လေးသိန်းကျော် ထုတ်လုပ်လျက်ရှိပြီး မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အဓိကထုတ်လုပ်နေခြင်းဖြစ်သည်။
ပိုလန်နိုင်ငံအနေဖြင့် မြန်မာပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရာနီးပါး၌ အထည်မှာယူမှုများရှိနေကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ “ကျွန်မတို့ အထည်ချုပ်အသင်းကို အကြောင်းကြားခြင်းမရှိဘဲ ပြည်တွင်းက အထည်ချုပ်စက်ရုံ တစ်ရာနီးပါးမှာ ပိုလန်နိုင်ငံက အထည် မှာယူမှုတွေရှိနေပါတယ်”ဟု အဆိုပါအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ လက်ရှိ တွင် ပြည်တွင်း ၌ အထည်အမှတ်တံဆိပ်အချို့ ထွက်ခွာသော်လည်း အော်ဒါအသစ် များ မြင့်တက်နေကြောင်း သိရသည်။ “တချို့ ဘရန်းတွေက ထွက်ခွာမယ်လို့ ကြေညာတဲ့ ဘရန်းတွေ ရှိတယ်။ဥမိနမလည်းလျှော့မယ်လို့ပြောတဲ့ဘရန်းတွေရှိတယ်။ အသစ
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလောခရိုင်နှင့် ပင်းတယခရိုင် အတွင်း၌ စိုက်ပျိုးရေးထုတ်ကုန်များ စုဆောင်းသိုလှောင် ရောင်းချ မည့် ဈေးရုံစီမံကိန်း Collector Marketကို လာမည့် ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီတွင် စတင်အကောင်အထည်နိုင်ရန် မျှော်မှန်းထား ကြောင်းMyanmar Agro Exchange Public Ltd (MAEX)က ကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ ခြောက် သန်းကျော်နှင့် မြန်မာငွေ ကျပ်သန်း ၄၅၀ဝ ကျော် တန်ဖိုးရှိသည့် လက်ခစား အထည်ချုပ်(CMP)လုပ်ငန်းများအပါအဝင် လုပ်ငန်းမျိုးစုံ ကို ကဏ္ဍနယ်ပယ်ရှစ်ရပ်တွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီကို ဝယ်ယူပြီး ကုန်သွယ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။ အဆိုပါ ရုရှား နိုင်ငံရှိ လက်လီအရောင်းဆိုင်များတွင် မြန်မာ့ကော်ဖီကို အမြဲတမ်းအမျိုးအစားအဖြစ် မိတ်ဆက်ပေးပြီး ဝယ်ယူတင်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးMaxim Reshetnikov က ပြောကြားထားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က စက်တင်ဘာ ၂၁ရက် တွင် ပြောသည်။