Main menu

Background

Thursday, 10 Jun 2021

ပဲခူးတိုင်းဒေသကြီး  ပြည်ဈေးကွက်တွင် ယခုတစ်ပတ် နှမ်းနီသာ ဆီစက်လုပ်ငန်းရှင်နှင့် အောင်လံ ဝယ်လက် များကြောင့် အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်မှာ အရောင်းအဝယ် နည်းပါးနေသည်။လတ်တလောကာလတွင် နှမ်းအဝင်မရှိဘဲ ယခင်လှောင်ထားသည့်နှမ်းများကို ပွဲရုံများမှထုတ်၍ ရောင်းချနေ သဖြင့် တစ်ရက်လျှင် နှမ်း ၄၅ ပိဿာဝင် အိတ် ၁၄၀-၁၅၀ ထိ အရောင်းအဝယ်ဖြစ်နေသည်။  ဇွန်လဆန်းတွင် နှမ်း ဈေးများမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ်တစ်သိန်း၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ်တစ်သိန်းနှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။    

ဝေဝေမင်း(ပြည်)

Thursday, 10 Jun 2021

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက်     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊   ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မုံရွာခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်  ဇွန် ၃ ရက်တွင် အရာတော် မြို့နယ်   သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းနှင့် အရာတော်မြို့နယ် တာဝန်ခံရုံး၌ တွေ့ဆုံခဲ့သည်။

Tuesday, 23 Feb 2021

အမေရိကန်နိုင်ငံခြားငွေလဲနှုန်း ရွှေဈေးနှင့်တူ အနည်းငယ်ကျဆင်း လာပြီဖြစ်ကြောင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။ လက်ရှိ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာမူ ဖေဖော်ဝါရီ ၁၁ ရက် ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာဝယ်ဈေး ၁၃၉၅ ကျပ်၊ ရောင်းဈေး ၁၄၁၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ဒေါ်လာ အညွန်းကိန်းမှာ ဇန်နဝါရီ ၂၉ ရက်တွင် အညွှန်းကိန်း ၉၀ ပွိုင့်အထက်တွင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားငွေလဲနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်း ပိုင်းမှစတင်ကာ တစ်ဒေါ်လာ ကျပ် ၁၄၄၀ ကျော်ထိ မြင့်တက်လာခဲ့သော်လည်း ရက်ပိုင်းတွင်း အနည်းငယ် ပြန်ကျဆင်းလာခြင်းဖြစ်ကြောင်း နိုင်ငံ

Tuesday, 23 Feb 2021

ကန်ထရိုက်မှတ်ပုံတင်လက်မှတ် ရရှိပြီးသည့် ကုမ္ပဏီစာရင်းအား သိရှိနိုင်စေရန်၊ အတုအပ  မပြု လုပ်နိုင်စေရန် အတွက် တိုက်ဆိုင်စစ်ဆေးနိုင်ရန်နှင့် သက်တမ်းကုန်ဆုံးနေသော  ကုမ္ပဏီများ သိရှိနိုင်ရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် ကန်ထရိုက်မှတ်ပုံတင်ထားသည့် ဆောက် လုပ်ရေးကုမ္ပဏီ ၁၃၇၀ ကျော်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်နှင့်  ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေ းဝန်ကြီးဌာန ကုမ္ပဏီများ ကန်ထရိုက် မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

Friday, 5 Feb 2021

COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်(CERP) ၏ ပန်းတိုင်(၅)အောက်ရှိ  လုပ်ငန်းအစီအစဉ် - ၅.၂.၁ (ဃ)အရ Application developer များနှင့် Application တီထွင်သုံးစွဲနေသူများကို Challenge Grant ဆုများ ပေးအပ်နိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ UNDP မြန်မာ၏ ငွေကြေးအထောက်အပံ့ဖြင့် MoCOM E-commerce Innovation Challenge ပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည်။

Friday, 5 Feb 2021

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဇန်နဝါရီလ တတိယပတ်အတွင်း၌ ပေါ်ဆန်းစပါးဈေးနှုန်း ၄၆ပေါင် ကျပ် ၇၇၁၀ဝ၀ မှ ၈၂၃၀ဝ၀ ဈေးရှိနေပြီး ဆန်အနေ ဖြင့် ဆန်တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ မှ ၃၅၀ဝ၀ ရှိနေသည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက် စပါးများလည်း အနည်းငယ်ထွက်ရှိလာနေသည်။ ဧည့်မထစပါးဈေးနှုန်း ၄၆ ပေါင် ကျပ်  ၅၈၀ဝ၀ဝ မှ ၆၅၇၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး ဆန်အနေဖြင့် ဆန်တစ်အိတ်ကို ကျပ်၂၄၀ဝ၀ မှ  ၂၆၀ဝ၀ ဈေးဖြင့်   ရောင်းဝယ် လျက်ရှိနေသည်။ စတင်ထွက်ရှိသည့် စက်တင်ဘာလထက် ဈေးနှုန်းမြင့်တက်နေကြောင်းကိုလည်း တွေ့ရှိရသည်။

Thursday, 28 Jan 2021

ကိုဗစ်-၁၉ ဖြစ်ပွားမှု အကျိုးဆက်များကြောင့်  နယ်ဒေသအသီးအသီးမှ ရွှေကုန်ကြမ်းများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ခက်ခဲနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ "ကိုဗစ်ဖြစ်တဲ့အခါကျ တော့  မြို့နယ် ကျော်ပြီး သွားလို့လာလို့ မရသေးဘူး။ ရန်ကုန်တိုင်းထဲကို လာမယ့်ဟာတွေကျတော့ ကုန်ကြမ်းတွေက ရန်ကုန်ထဲကို ပြန်မဝင်သေးဘူး။  ကျွန်တော်တို့ ဒီမှာရောင်းမယ့် အထည်ပျက်ကိုပဲ ပြန်ကျိုပြီးတော့ ရောင်းနေဝယ် နေကြတာပေါ့။ ကျွန်တော်တို့ ပုံမှန်အရောင်းအဝယ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

Monday, 25 Jan 2021

၂၀၂၁ နှစ်ဆန်းပိုင်း ဝင်ရောက်ချိန် အခေါက်ရွှေဈေး ကျပ်  ၁၃သိန်းသုံး သောင်းကျော်ထိ ထပ်မံမြင့်တက်လာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ “ပြည်တွင်းဒေါ်လာဈေးက နည်းနည်း ပြန်ကျ လာတယ်။ ခုကတော့ ရွှေလာ ရောင်းတဲ့သူပဲ များတယ်။ နောက်ပိုင်း ရွှေဈေးက နည်းနည်းတက်လိမ့်မယ်ထင်တယ်။ အင်္ဂလန်နဲ့ဂျပန်က ပိတ်လိုက်တဲ့အတွက် စီးပွားရေးလမ်းကြောင်းတွေရပ်သွား တယ်။ နောက် ကွန်တိန်နာ လမ်း ကြောင်းတွေ အကုန်လုံးရပ်သွားတယ်။ အလုပ် က အရင်လိုမဖြစ်တဲ့ အခါကျတော့ ရွှေဘက်ကိုပဲ ပြန်လှည့်လာကြတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

Pages