Background
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ ခြောက် သန်းကျော်နှင့် မြန်မာငွေ ကျပ်သန်း ၄၅၀ဝ ကျော် တန်ဖိုးရှိသည့် လက်ခစား အထည်ချုပ်(CMP)လုပ်ငန်းများအပါအဝင် လုပ်ငန်းမျိုးစုံ ကို ကဏ္ဍနယ်ပယ်ရှစ်ရပ်တွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီကို ဝယ်ယူပြီး ကုန်သွယ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။ အဆိုပါ ရုရှား နိုင်ငံရှိ လက်လီအရောင်းဆိုင်များတွင် မြန်မာ့ကော်ဖီကို အမြဲတမ်းအမျိုးအစားအဖြစ် မိတ်ဆက်ပေးပြီး ဝယ်ယူတင်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးMaxim Reshetnikov က ပြောကြားထားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က စက်တင်ဘာ ၂၁ရက် တွင် ပြောသည်။
ဖွဲနုဆီထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဦးဆောင်၍ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် ကုမ္ပဏီ ခြောက်ခုနှင့်အတူ စက်တင်ဘာ ၁၄ရက်တွင် သီလဝါဆိပ်ကမ်း ဧရိယာရှိ တစ်ရက်လျှင် တန်၄၀ဝ ကျော်ပမာဏဖြင့် လုပ်ငန်း လည်ပတ်နေသောWILMAR MYANMAR EDIBLE OILS LIMITED သို့ သွားရောက်လေ့လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအား ဖြည့်တင်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ သကြားတင်သွင်း လိုသောကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဘင်္ဂလား ဒေ့ရှ်မစ်ရှင်နှင့် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်း ရှင်များအသင်းတို့ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်းရှင် များအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ သကြားတင်ပို့ရန် အတွက် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုကော်ပိုရေးရှင်း (ွှဃြ) နှင့် နားလည်မှုစာချွန်လွှာ(သြ့)ရေးထိုးပြီး တင်ပို့ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နှင့်မြန်မာအကြား စိုက်ပျိုးရေးနှင့်အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်ASEAN-BAC Philippines ဥက္ကဋ္ဌ Mr Joe Ma A Concepcion III နှင့် ASEAN BA Myanmar ဦးအေးဝင်းတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ကြကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်UMFCCIမှ သိရသည်။
မြန်မာနိုင်ငံမှ စက်မှုကုန်ချော တင်ပို့မှု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ငါးလတာကာလ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၈ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း စက်တင်ဘာ ၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါပမာဏမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၅ ဘီလီယံကျော် ဝင်ငွေ ရရှိခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလား တူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၉၆၂ သန်းကျော် လျော့နည်းသွား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်း ဂဏန်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်းCMP အထည်ချုပ် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု၄၅ ခုကိုခွင့်ပြုခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၏ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန် လက်ဖက်ဝိုင် အဖြစ် ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ မြန်မာနိုင်ငံလက်ဖက်အသင်းကို တိုက်တွန်းထား ကြောင်း သိရသည်။
လက်ဖက်များကို လက်ဖက်အစို၊လက်ဖက်အခါးခြောက်၊ လက် ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊ လက်ဖက်ဝိုင် စသည်ဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆန်းသစ်တီထွင်သော နည်းလမ်းများ နှင့် ထုတ်လုပ်ရန် တိုက်တွန်းပြောဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ရွှေရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်တွင်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်း ဈေးနှုန်းများအနေဖြင့် သြဂုတ် ၁၈ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သား ကျပ် ၂၂၂၉၀ဝ၀၊ ၁၉ ရက်တွင် ကျပ် ၂၂၂၅၄၀ဝ၊ ၂၁ ရက်တွင် ကျပ်၂၂၂၃၁၀ဝ၊ ၂၂ ရက်တွင် ကျပ် ၂၂၃၉၆၀ဝ၊ ၂၃ ရက်တွင် ကျပ် ၂၂၄၃၁၀ဝ၊ ၂၄ ရက်တွင် ကျပ် ၂၂၆၀၈၀ဝ၊ ၂၅ ရက်တွင် ကျပ် ၂၂၅၄၉၀ဝ ဖြစ်ကြောင်း သိရသည်။
(ယခင်တစ်ပတ်မှအဆက်)
စန္ဒကူးကျောင်းတော်ရာဘုရားသည် ပွင့်ဖြူမြို့နယ်ရှိ လယ် ကျင်းကျေးရွာတွင် တည်ရှိသည်။ မြတ်စွာဘုရားသည် သာဝတ္ထိ၌ သီတင်းသုံးနေစဉ် သုနာပရန္တတိုင်းမှ မဇ္ဈိမသို့ ကုန်ရောင်းသွားကြသည့် ကုန်သည်အကြီးအမှူး မဟာပုဏ္ဏသည်တရားနာခွင့်ရခဲ့သည်။