Background
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် စံပြငါးဈေးတွင် သြဂုတ် ၁ ရက်မှ ၁၄ ရက်အထိ ငါးမျိုးစုံပိဿာချိန် ၂၂၃၉၃၉၇ နှင့် ပုစွန်ပိဿာချိန် ၁၁၂၅၃ ဝင်ရောက်ခဲ့သည်။ ငါးအဝင်နှင့်ဈေးနှုန်းများမှာ ငါးခူ၊ ငါးကျည်း တစ်ပိဿာ ကျပ် ၆၅၀၀-၁၂၀၀၀ ဈေးနှင့် အဝင် ၁၅၅၇ ပိဿာ၊ ငါးရံ့တစ်ပိဿာကျပ် ၆၀၀၀-၁၀၀၀၀ ဈေးနှင့် အဝင် ၁၁၇၀ ပိဿာ၊ ငါးရှဉ့်တစ်ပိဿာ ကျပ် ၆၀၀၀-၁၀၀၀၀ ဈေး နှင့် အဝင် ၁၂၇၉ ပိဿာ၊ ငါးမြစ်ချင်းတစ် ပိဿာ ကျပ် ၃၀၀၀-၄၀၀၀ ဈေးနှင့် အဝင် ၆၇၈၃၈၈ ပိဿာ၊ ငါးကြင်းတစ်ပိဿာ ကျပ် ၄၀၀၀-၆၅၀၀ ဈေးနှင့် အဝင် ၅၄၅၁၇၀ ပိဿာ၊ ငါးခေါင်းပွတစ်ပိဿာ ကျပ်(၂၅၀၀-၃၈၀၀) ဈေးနှင့် အဝင် ၁၄၁၇၆၀ ပိဿာ၊ ငါးသေ လာက် တစ်ပိဿာကျပ် ၈၀၀၀-၁၃၀၀၀ ဈေးနှင့်
သြဂုတ် ၁၅ ရက်တွင် ရန်ကုန်မြို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ဧည့်မထဆန် ထိပ်စတစ်အိတ် ကျပ် ၁၉၈၀၀-၂၀၂၀၀ (USD 267-272 Per ton)၊ ဧည့်မထဆန် လတ်စတစ်အိတ် ကျပ် ၁၈၃၀၀-၁၈၅၀၀ (USD 247-249 Per ton) ဖြင့် ဝယ်ရောင်းကုန်သည်များနှင့် Expoter များမှဝယ်ယူခဲ့သည်။ ဧည့်မထဆန်လတ်စမှာ ကုန်စည်ဒိုင်သို့ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားနည်းကြောင်း၊ ရန်ကုန် ဘုရင့်နောင် ဆန်ပွဲရုံများတွင် ပေါ်ကျွဲဆန်နှင့် ပေါ်ဆန်း ဆန်တို့အဝင်နည်းနေကြောင်း၊ ရွှေဘိုပေါ်ဆန်းဆန်မှာပွဲရုံသို့ အဝင်နည်းသော် လည်း ဝယ်လိုအားပုံမှန်ရှိခြင်းကြောင့် ဈေးမြှင့်၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ ယခုတစ်ပတ် သြဂုတ် ၁၂ ရက်မှ ၁၅ ရက
အမေရိကန်နိုင်ငံသို့ သွားရောက်မည့်သူများအနေဖြင့် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးများ အတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သြဂုတ် ၁၂ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးအတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားရာတွင် တစ်ကြိမ်လျှင် ပြည်ဝင်ခွင့်ဗီဇာ သုံးလအထိ အကျုံးဝင် မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ခရီးသွားရာလာတွင် ပိုမိုလွယ်ကူစေရန်နှင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် နောက်ထပ်ခြေလှမ်းတစ်ခု ဆောင်ရွက်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြ
မြေဆီလွှာ ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ တောင်သူ လယ်သမားများအနေဖြင့် မိမိမြေကို စစ်ဆေးလိုပါက မြန်မာ နိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အခမဲ့စမ်း သပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်း လှိုင်က ပြောသည်။ သြဂုတ် ၁၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရှိ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းရုံး၌ ပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “တောင် သူတွေက မြေသြဇာပက်တယ်။ မြေဆီလွှာတွေ ဆုံးရှုံးပြီး ပျက်စီးနေတဲ့အနေအထားရှိတယ်။ ဒါတွေကို ဘယ် လိုပြုပြင်မလဲ။ မြေဆီလွှာက အရေးကြီးတယ်။ မြေဆီလွှာ ပြုပြင်ဖို့ ကိုယ့်ရဲ့မြေအနေအထားသိဖိ
ဘယ်လိုအကြောင်းအရာတွေဆွေးနွေးမှာလဲ?
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အထူး ရန်ပုံ ငွေတစ်ရပ် ပေးအပ်ထားသည်။ ယင်းရန်ပုံငွေမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဟု အမည်ရသည်။ ယင်းအထူးရန်ပုံ ငွေဖြင့် မြန်မာနိုင်ငံတွင် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း ၁၂ ခု အကောင်အထည်ဖော်မည်။ ယင်းရန်ပုံငွေ ပေးအပ်ထောက်ပံ့ခြင်းသည် ဒုတိယအကြိမ် ဖြစ် သည်။ ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင် ကြောင်း အသိပေးကြေညာခြင်း အခမ်းအနား တစ်ရပ် ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အာဖရိကဝက်အပြင်း ဖျားရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေး ပတ်ဝန်းကျင်ကို နေ့စဉ်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောသည်။ ဩဂုတ် ၅ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သတင်း မီဒီယာများတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ “ဒီအာဖရိက အပြင်းဖျားဝက်ရောဂါဟာ တရုတ်မှာပဲ အဖြစ်များပါတယ်။ ဒီနေ့အချိန်ထိတော့ ကျွန်တော်တို့ဆီက ရောဂါနဲ့ပတ်သက်လို့ ပတ်ဝန်းကျင်ကို အမြဲတမ်း လေ့လာ စူးစမ်းနေပါတယ်။ ဒီနေ့အထိတော့ မြန်
မျိုးရိုးဗီဇနှင့်အသုံးဝင်ပုံ
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC) နှင့် အပြည် ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ပူးပေါင်းကျင်းပသည့် Pilot Testing Phase of the Yangon Building Permit System (YBPS) အခမ်းအနားကို ဩဂုတ် ၉ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ ပထမထပ်၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆောက် အအုံ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်များကို စာရွက်စာတမ်းများနှင့် ဆောင်ရွက်နေ သည့် လုပ်ငန်းအစား ပိုမိုမြန်ဆန်လာ စေရေးအတွက် အွန်လိုင်းမှ Yangon Building Permit System (YBPS) စနစ်ဖြင့် လျှောက်ထားနိုင်ြ ပီဖြစ်ကြောင်း အဆိုပါအခမ်းအနားတွ









