Main menu

Background

Tuesday, 28 Mar 2023

ဆိပ်ဖြူမြို့နယ် ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

Tuesday, 28 Mar 2023

ပဲမျိုးစုံဈေးကွက်၌ ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ပါ တင်ပို့နိုင်သော ပဲကြီးသီးနှံသည် ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲတီစိမ်းသီးနှံများထက်ပင် ဈေးကောင်းရလျက်ရှိနေခဲ့သည်။ နှစ်စဉ်လိုလို ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့် ရောင်းဝယ်ခဲ့သည်ဟု သိရှိရသည်။

Tuesday, 28 Mar 2023

ကသာခရိုင်၌ ပဲပုပ်သီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခရိုင်စိုက်ဧကပေါင်း ၅၃၅၉ ဧကရှိသည်။ မတ်လပထမပတ်၌ ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းကြပြီး ဒေသတွင်း ပဲပုပ်ခြောက်လုပ်ငန်းများမှ ဝယ်ယူသိုလှောင်မှုများရှိကာ မန္တလေး အဝယ်ဒိုင်များသို့ တင်ပို့ရောင်းချမှုများလည်းရှိကြောင်း သိရသည်။

Friday, 17 Mar 2023

မအူပင်ခရိုင် မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေး မြူရေးကို အခြေခံသည့်မြို့နယ်တစ်ခုဖြစ်သော်လည်း၊ ငါးမွေးမြူရေးအနေဖြင့် ငါးကန်ပေါင်း  ၁၀ဝ၀ ကျော်ရှိ၍  ငါးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်မှုရရှိနေသည့်  မြို့နယ် တစ်ခုဖြစ်သည့်အလျောက် ယခုအခါတွင် ငါးမွေးကန်အတော်များများတွင် ဥစားကြက်ခြံများကို များပြားစွာ တွေ့မြင်နေရ သည်။

Friday, 17 Mar 2023

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသည် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ ဆီမုံညင်း နှင့် နှမ်းများကိုသာ အဓိကစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းနေကြာသီးနှံများကို  စိုက်ပျိုးရေးဦးစီးဌာနက မြောက်ဦးမြို့နယ်တွင် ငါးဧက၊ မင်းပြားမြို့နယ်တွင် ၁၈ ဧက၊ ကျောက်တော်မြို့နယ်တွင် ငါးဧက၊ စုစုပေါင်း  ၂၈ ဧကအား တောင်သူများက စမ်းသပ်စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း ၂၆ ဒသမ ၁၈ တင်း ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။  ၂၀၂၂-၂၀၂၃ခုနှစ်တွင် မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသည်  ဆီထွက်သီးနှံအဖြစ် ဆင်းနေကြာ-၂ မျိုးစေ့ကို နိုဝင်ဘ

Friday, 17 Mar 2023

ပြည်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ငါးနီတူခြောက်များကို မလေးရှားနိုင်ငံသို့  Handcarry ဖြင့် တိုက်ရိုက်တင်ပို့မှုအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ တင်ပို့လျက်ရှိပြီး ယခုအခါ ပင်လယ်ရေကြောင်းက တင်ပို့နိုင်ရေး ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားဆောင်ရွက်လျက်ရှိသည်။  ကုန်ကြမ်းအား ရခိုင်ပြည်နယ်   သံတွဲမြို့နယ်အတွင်းရှိ    လှေကြီးချိုင်ရွာမှ ဝယ်ယူပြီး ပြန်လည်သန့်စင်၍  တင်ပို့ကြောင်းသိရှိရသည်။ ပြည်ပမှ ငါးနီတူခြောက် ဝယ်ယူသူမှာ ယခင်က ထိုင်းနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး   ထိုင်းငါးနီတူခြောက်မှာ ကြော်လျှင် မာဆတ်လျက်ရှိသည့်အတွက် မြန်မာငါးနီတူခြောက်နှင့် ယှဉ် လျှင် မြန်မာငါးနီတူခြောက်မှာ စား၍ပိ

Friday, 17 Mar 2023

၂၀၂၃ ခုနှစ် မတ်လ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည် ၃၈၀ဝ ကျပ်၊ ဧည့်မထ တစ်ပြည် ၂၅၀ဝကျပ်၊ မနောသုခ တစ်ပြည် ၂၃၅၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၀ဝ၀ကျပ်၊ (လတ်)တစ်ပိဿာ ၁၈၀ဝကျပ်၊ (သေး)တစ်ပိဿာ ၁၅၀ဝကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ 

Friday, 17 Mar 2023

မော်လမြိုင်မြို့၌ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင်  ဘိလပ်မြေ ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၈၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၅၃၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၆၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ 

Thursday, 16 Mar 2023

မြန်မာနိုင်ငံအထက်ပိုင်း အထက်အညာဒေသများသည် ပူပြင်းခြောက်သွေ့သဖြင့် ဒေသခံအများစုမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ မြန်မာချည်ထည်များကို အများဆုံး ဝတ်ဆင်လေ့ရှိကြသည်။

Friday, 3 Mar 2023

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခိုင်၊တောင်ငူ မြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ်မှိုစိုက်ပျိုးရေးမှာ အချိန်တိုအတွင်း  ဝင်ငွေရရှိသော အောင်မြင်သည့်လုပ်ငန်းတစ်ခုဖြစ်သည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင် ရှိရင်းစွဲဖြစ်သော မြေခံ၊ ရေခံ ခြံအကျယ် အဝန်းရှိနေမှုကို အကျိုးရှိစွာ အသုံးပြုထားသည် ကို တွေ့ရှိရသည်။ 

Pages