Background
ပြည်(ပွဲရုံ) ဈေးကွက်အတွင်းသို့ ကြက်သွန်ဖြူအသစ်တွေ ဝင်ရောက်လာတာတွေ့ရပါတယ်။ အစိုဓာတ်ရှိနေပေမယ့် ဈေးကွက်ဝင် အရွယ်အစားရှိပြီး၊ ဈေးနှုန်းကျဆင်းတာကြောင့်လည်း အရောင်းအဝယ်ကျ မသွားဘဲ ပုံမှန်ရောင်း ဝယ်နေတာတွေ့ ရပါတယ်။ ကြူကုတ်စရော၊ ရှမ်းစပါ အသစ်တွေချည်း ဝင်ရောက်လာတာ တွေ့ရပါတယ်။ယခုတစ်ပတ် ကြက်သွန်ဖြူဈေးတွေကတော့ ပြည်(ပွဲရုံဈေး) လက်ကားတစ်ပိဿာလျှင် ရှမ်းစ ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ထိရှိပြီး၊ ကြူကုတ်စ တစ်ပိဿာ ကျပ် ၅၇၀၀ တို့ဖြစ်ပါတယ်။ လက်လီဈေးများတွင်တော့ ရှမ်းစ ကျပ် ၄၅၀၀ နှင့် ကြူကုတ်စ ကျပ် ၆၈၀၀ ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါတယ်။ အဝင်အနေဖြင့် ပြည်ဈေးကွက်အတွင်း မှာ ကြက်သွန်ဖြူ အဟောင်းလက်ကျန် ကိုသာ ရောင်းချနေက
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း သစ်သီးဝလံ ဈေးကွက်သို့ မေလဆန်းမှစ၍ သရက်သီးမှည့်များ စတင် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ပြည်ခရိုင်၊ ပြည်မြို့နယ် တွင် မြကျောက်၊ ရင်ကွဲ၊ မချစ်စု၊ ဘုတ်ဆုံသီး စသည်ဖြင့် အမျိုးအစားများစွာရှိသော်လည်း မြကျောက်သရက်သီး အထွက်ပိုများလို့ ပြည်ဒေသရဲ့ ဒေသထွက်လက်ဆောင်တစ်ခု အဖြစ်ပါဝင်နေခဲ့ပါတယ်။ ပြည်အနီးတစ်ဝိုက်နှင့် ပြည်တစ် ဖက်ကမ်း၊ ရွှေဘုံသာမုနိ ဘုရား အနီး ကျေးရွာများမှလည်း မြကျောက်သရက်သီးများ ထွက်ရှိတာကြောင့် ရွှေဘုံသာမုနိ ဘုရားကြီး၏ ဈေးတန်းတစ်လျှောက်မှာ ယခုလိုအချိန် ကာလ များတွင် သရက်သီးအရောင်းဆိုင်များ ပြည့်နှက်လျက်ရှိကြ ကာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာရောက်
ယခုတစ်ပတ်တွင် မင်းတုန်း၊ ကံမနှင့်ပန်းတောင်းမြို့နယ်ဘက်မှတစ်နေ့လျှင် မြေပဲဆန်အိတ် ၅၀၀ ခန့် ပြည်ဈေးကွက်သို့ ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်ကို ဆီစက်များက အဝယ်ရှိပေမယ့်လည်း ယခုချိန်တွင် နှမ်းကို ဦးစားပေးဝယ်ယူနေသဖြင့် မြေပဲဆန်ဈေးမှာ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးအနည်းငယ် ကျလာတာတွေ့ရပါတယ်။ လုံးဆန် (အဖြူ)ကို ဝယ်လက်များက ဝယ်ယူမှုရှိခြင်း၊ လုံးဆန်(အနီ)ကိုပဲလှော်သမား များက ဝယ်ယူမှုရှိနေသော်လည်း ဈေးအနည်းငယ် ကျလာတာတွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၆၀၀ နှင့် လုံးဆန်(အနီ) တစ် ပိဿာလျှင် ၂၄၂၅ ကျပ်ဖြင့် တစ်နေ့လျှင် အ
ယခုတစ်ပတ် ရန်ကုန်မြို့ ဝါးတန်းဆန်ဈေးကွက်ရဲ့ ဆန်လက်ကားဈေးနှုန်းများအရ ဆန်ချောဈေးငြိမ်ပြီး ဆန်ကြမ်း ဈေးတက်ကြောင်း သိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ လတ်စတစ်အိတ် လျှင် ကျပ် ၃၄၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်လျှင် ကျပ် ၃၆၅၀၀၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၄၀၀၀၊နယ်စုံကျိုက်လတ်ပေါ်ဆန်းဆန်ထိပ်စတစ်အိတ် လျှင် ကျပ် ၃၃၀၀၀၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၁၀၀၀ နဲ့ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ရွှေဘို ပေါ် ဆန်းဆန်အသစ်ကတော့ တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ကျပ် ၄၅၀၀၀ ရှိပြီး ယခင်တစ်ပတ်ဈေးထက်တစ်အိတ်ကို ကျပ်၁၀၀၀ ခန့်ဈေး တက်ပါတယ်။ ဧည့်မထဆန်ထိပ်စတစ်အိတ်လျှင် ကျပ် ၂၀၅၀၀၊ လတ်စတစ်အိတ်လ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါး အရောင်း အဝယ်သွက်လျက်ရှိပြီး မြို့နယ်အချို့တွင် စပါး၊ ဆန်ဈေးနှုန်းများ မြင့်တက် လျက်ရှိရာ ပုသိမ်မြို့မှာ ဧပြီ လကုန်က ပေါ်ဆန်း ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၇၄၅၀၀၀မှ ယခုကျပ် ၇၇၁၀၀၀ ၊ ဆန်တစ်အိတ်ကျပ် ၃၄၀၀၀ မှယခုကျပ် ၃၅၅၀၀ ၊ ဧည့်မထမိုးဆန် ယခင်တစ်အိတ်ကျပ် ၁၈၅၀၀ မှ ယခုကျပ် ၁၉၅၀၀ ၊ နွေဆန်တစ်အိတ် ကျပ် ၁၈၀၀၀ မှ ယခု ကျပ် ၁၉၀၀၀ ၊ မြောင်းမြမြို့ နယ်မှာ ပေါ်ဆန်းစပါး (၄၆)ပေါင် တင်း(၁၀၀) ကို ယခင် ကျပ် ၇၀၁၀၀၀ မှ ယခုကျပ် ၇၂၇၀၀၀၊ ဆန်တစ်အိတ်လျှင် ယခင်ကျပ် ၃၅၀၀၀မှ ယခု ကျပ် ၃၆၅၀၀၊ လပွတ္တာမြို့နယ်တွင် ပေါ်ဆန်းစပါး (၄၆) ပေါင်တင်း(၁၀၀)ကို ယခင် ကျပ် ၆၇၅၀၀၀ မှကျ
ဧပြီလ၃၀ ရက်မှ မေလ ၆ ရက် အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၈၃၀၀ ကျော်အဝင်ရှိခဲ့ပြီးယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန်၄၇၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၅၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။ ဧပြီလ ၁၅ ရက်မှ ၂၁ရက်အထိ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၈၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ၁၇၃၉၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၇၄၄၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။
ဧပြီလ ၃၀ ရက်မှ မေ ၆ ရက် အထိသီတင်းတစ်ပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၀၉၀ ကျော်အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်က တင် သွင်းခဲ့တဲ့ တန်ချိန် ၃၃၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် နယ်စပ်လမ်းမှ မြေသြဇာ အဝင်မှာ တန်ချိန် ၃၁၈၉၀ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်က အဝင်မှာ တန်ချိန်၃၁၃၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၆၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရ ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မြေသြဇာတင်သွင်းမှုမှာ ရေကြောင်းလမ်းမှ အဝင် လျော့ခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။
မုံရွာမြို့ရဲ့အနောက်တောင်ဘက် အရပ်မှာရှိတဲ့ညောင် ဖြူပင်၊ ဘုဘ၊ နဂါးတွင်း၊ ပေါက်ပင်၊ ထနောင်းတော၊ ချမ်း သာကျွန်း၊ ကျွန်းကြီး စတဲ့ ချင်းတွင်းမြစ်ရေဝင် ကျေးရွာတွေ ဟာ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အဓိက စိုက်ပျိုး ထွက်ရှိရာ ဒေသတွေ ဖြစ်ကြပါတယ်။ မိရိုးဖလာဒေသထွက် သစ်သီး ဝလံတွေသာမက တိုးတက်လာတဲ့ နည်းပညာအလျောက် ထိုးဖောက်ဝင်ရောက်လာတဲ့ မျိုးစိတ်အသစ်တွေကို လေ့လာ စူးစမ်းစမ်းသပ် စိုက်ပျိုး ရင်း ဒေသရဲ့ဈေးကွက်လိုအပ်ချက်ကို ဖြည့်စွက်ချဲ့ထွင်လျက်ရှိတာတွေ့ရပါတယ်။ယခုလောလောဆယ် ဒေသခံ တောင်သူတွေ စိတ်ဝင် တစား တက်<ကစွာ စိုက်ပျိုးကြတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ''ထိုင်ဝမ်ကင်းပုံသီး''က စိုက်ပျိုးသူတွက်ခြေအကိုက
စစ်ကိုင်းတိုင်းဒေသကြီးတွင် အသား တင်စိုက်ပျိုးမြေဧက ၄၅ သိန်းကျော်ရှိပြီး ရေရရှိမှု နည်းလမ်းများအရ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်း သီးနှံ၊ စားဖိုဆောင်သီးနှံများနှင့် သစ်သီး ဝလံများကို ဟန်ချက် ညီညီ စိုက်ပျိုးထုတ် လုပ်လျက်ရှိပါတယ်။စိုက်ပျိုးသီးနှံများအနက် ဖရဲ၊ သခွား မွှေးစိုက်ဧက(မိုး+ဆောင်း) ၂၈၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး ဈေးကွက်လိုအပ်ချက် အရ နှစ်စဉ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ဈေးကွက် အင်အားကြီး မားပြီး နှစ်စဉ်ဝယ်လိုအားမြင့်တက်လျက်ရှိသည့် တရုတ် (မူဆယ်)ဈေးကွက်သို့ နှစ်စဉ်တင်ပို့သည့် ပို့ကုန်သာမက ပြည်ပဝင်ငွေများ တိုးတက် ရရှိနေတဲ့ ချောင်းဦးမြို့နယ်က သခွားမွှေး စိုက်ပျို
ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၈ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၂၀၆၄ တန်ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၇၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ နဲ့ မြဝတေီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၅၉၀၀တန်ဖိုးရှိ ကြက်သွန်နီ ၃၆ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြပါတယ်။ မတ်လအတွင်း မူဆယ်မှ ကြက်သွန်နီတန်ချိန် ၅၀၀၀ ခန့် ၊တာချီ လိတ်မှ တန်၃၀၀ နဲ့ မြဝတီမှ တန် ၅၀ နီးပါးကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ ကြတယ်လို့သိရပါတယ်။