Background
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် တောမီး လောင်ကျွမ်းခြင်း၊ စိုက်ခင်းများ မီးရှို့ခြင်းများ ကြောင့်ဖြစ်ပေါ် လာနိုင်သည့် မီးခိုးငွေ့များနည်း ပါးသွားစေရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။အထူးသဖြငRiau ပြည်နယ်တွင်နေ့အပူချိန် များမြင့်တက်လျက်ရှိသဖြင့်တောမီးများလောင်ကျွမ်း ကာ မီးခိုးငွေ့ များ ထူထပ်လာမည်ကို စိုးရိမ်လျက်ရှိ ကြောင်းဖြင့် ဒေသဆိုင်ရာအာဏာပိုင်တို့က ပြော ကြားခဲ့သည်။
Center for Economy , Environment and Society (CEES Myanmar) မှ ကြီးမှူးကျင်းပသည့် "Building Trade and Investment Capacity in Myanmar" သင်တန်းဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့လမ်း မတော် မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ UMFCCI တွင် မေလ ၂၆ ရက် နံနက် ၀၉း၀၀ နာရီမှာ ကျင်းပခဲ့ရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ UMFCCI ဒုတိယဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ Center for Economy, Envir-onment and Society (CEES) မှ တာဝန်ရှိသူများResearch and In-formation System for Deve-loping Countries,India, Calcatta University Sussex Univer-sity,Jadavpur University and UNESCAP မှ တာဝန်ရှိသူများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက် ခဲ့ကြပါသည်။
ဗီယက်နမ်က ကမ္ဘာ့ဆန်စပါး ထုတ်လုပ်မှုမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းကို မဲခေါင်မြစ်ဝှမ်းဒေသမှာ စိုက်ပျိုးပါတယ်။မဲခေါင်မြစ်ဝှမ်းကကျယ်ပြောပြီးရေလွှမ်းမိုးခံဒေသဖြစ်သလိုအာရှတိုက်မြေဆီသြဇာအကြွယ်ဝဆုံးစိုက်ပျိုးရေး နယ်မြေတစ်ခုဖြစ်ပါတယ်။
အိန္ဒိဗဟိုဘဏ်က ရွှေတင်သွင်းမှု စံနှုန်း ၂၀း၈၀ အချိုးကို ပြင်ဆင်လိုက် တဲ့အတွက် တရားဝင်ဖြန့်ဖြူးမှုများကို တိုးမြှင့်ပြီး အထောက်အကူပြုသွားမှာ ဖြစ်ကြောင်း ပြောကြားရင်းပြင်ဆင်မှု ကိုကမ္ဘာ့ရွှေကောင်စီ(WGC)ကကြိုဆိုလိုက်ကြောင်း သည် ဟင်ဒူသတင်းမှာ ဖော်ပြထားပါတယ်။
ဂန္ဓမာရုံးသုံးစက်လုပ်ငန်းကုမ္ပဏီ လီမီတက်မှတင်သွင်းသည့်Panansonic အမှတ်တံဆိပ် နောက်ဆုံးပေါ်ပရိုဂျက် တာများ မိတ်ဆက်ရှင်းလင်းပွဲ အခမ်း အနားကို မေလ ၁၉ရက်နေ့က ရန်ကုန်မြို့ ရှိ Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားတွင် Panansonicပရိုဂျက်တာများ၏ အားသာချက်များနှင့် ထူးခြားသောစွမ်းဆောင်ချက်များကို ရှင်းလင်းေြ ပာကြား ခဲ့သည်။
ဧရာဝတီဘဏ်လီမိတက်သည် နိုင်ငံတကာငွေပေးချေမှုစနစ်Visa ကုမ္ပဏီနှင့်ပူးပေါင်း၍ ပြည်ပနိုင်ငံများ သို့ သွားရောက်မ ည့် မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းကုမ္ပဏီအဖွဲ့အစည်း များမှပုဂ္ဂိုလ်များ နိုင်ငံရပ်ခြားတွင် ငွေထုတ်ယူသုံးစွဲမှု လွယ်ကူစေရန် အတွက်AYA World Travel Card(Visa Prepaid Card) များကို ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရဲ့ ဆန်အပေါင်ခံအစီ အစဉ်ဆောင်ရွက်ခဲ့ခြင်းရဲ့ ကနဦး အစထဲက ဆုံးရှုံးမှုဟာ ဘတ်ဘီလီယံ ၅၀၀ (ကန်ဒေါ်လာ ၁၅ ဘီလီယံ) ခန့်ရှိ တယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားတယ်လို့ ပြည်တွင်း သတင်း တွေမှာဖော်ပြထားကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ နှစ်စဉ်GDPဟာ ကန်ဒေါ်လာ ၃၆၅ ဘီလီယံခန့်ရှိပါ တယ်။
ကိုးရီးယားစားသုံးသူအဖွဲ့အစည်းသည်စားသုံးသူတိုင်တန်းမှုဖြေရှင်းသည့်စနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန် ပြည်တွင်းအစိုးရအဖွဲ့အစည်း ၁၆ ခုနှင့် စားသုံးသူ အဖွဲ့အစည်း ၁၀ ခုတို့ဖြင့်ပါဝင်ဖွဲ့စည်း ထားသည့် Consumer Counseling Network (www.ccn.go.kr)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ကိုရီးယားနိုင်ငံတွင် ပင်လယ်ရပ်ခြား မှ တိုက်ရိုက်ဝယ်ယူ မှုများမှာ ပြည်တွင်းစားသုံးသူများအတွက် အကျိုးကျေးဇူး ဖြစ်ပေါ်စေသဖြင့် တစ်နေ့တခြားတိုး တက်လာလျက်ရှိပါသည် ။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အားအဖွဲ့မှလက်ထောက် ညွှန်ကြားရေးမှူးခေါင်းဆောင် တဲ့အဖွဲ့ သည် မေလ ၂၀/၂၁ ရက်နေ့များတွင် နမ့်အွန်-ခိုခေးရှောင်ကွင်းလမ်း၊ နမ့် တောင်-ခိုခေးရှောင်ကွင်းလမ်း၊ မိုင်းယု-မန့်မော်ရှောင် ကွင်းလမ်း၊မိုင်းယု-မန့်မော်-တုံခမ်ရွာချင်းဆက်ရှောင်ကွင်းလမ်းတွေပေါ်မှာတရားမ
မန္တလေးမှမူဆယ်သို့တရားမဝင်သစ်များတင်ဆောင်လာတဲ့ယာဉ်တစ်စီးလားရှိုးမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်းေ မာင်းနှင်လာကြောင်းသတင်းရရှိသဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား အဖွဲ့မှ လက်ထောက်ညွှန်ကြားရေး မှူး ခေါင်းဆောင်တဲ့အဖွဲ့သည် မေလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာရွာအနီး
