Background
မြန်မာနိုင်ငံဒေသ အသီးသီးမှ ထွက်ရှိသည့် ကွမ်းသီးများကိုပြည်တွင်း သုံးစွဲသည့်အပြင် ကလေးမြို့ကို အခြေ ပြုပြီး တမူးနဲ့ ရိဒ် တို့မှတစ်ဆင့် နယ်စပ် ကုန်သွယ်ရေးနည်းလမ်းဖြင့်အိန္ဒိယနိုင်ငံ သို့တင်ပို့လျက်ရှိပါတယ်။ ကွမ်းသီးတင်ပို့ရန်အတွက် ပို့ကုန် လိုင်စင်လျှောက်ထားရန် မလိုသည့်အပြင် ကုမ္ပဏီနဲ့ITC လုပ်ငန်းရှင်များကိုပါ ဆောင်ရွက်ခွင့်ပြုထားပါတယ်။
မန္တလေးတိုင်းဒေသကြီးနဲ့စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဟန်မြင့်မိုရ်၊ ကူမဲ၊ အုန်းချော၊ အမရပူရ၊ သပြေရိုး၊ ပလိပ်မြို့တွေက ထွက်ရှိတဲ့ ရွှေဟင်္သာသရက်သီး၊ စိန်တစ် လုံးသရက်သီးနဲ့သရက်အကြမ်းသီးတွေ ကို ရှမ်းပြည်နယ်ေြ မာက်ပိုင်း မူဆယ် ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင်မှ တစ်ဆင့် တရုတ် ပြည်သို့ တင်ပို့ရောင်း ချကြောင်းသိရှိရပါတယ်။
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ စ၍ ထိုင်းနိုင်ငံ တစ်ဝန်းလုံးစစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပိုင်းတွင် တစ်ဘက်နိုင်ငံ ရနောင်းနယ်စပ် တွင်လည်းMarshal Law ထုတ်ပြန်ချက်အရ ည၁၀း၀၀နာရီမှနံနက်ဝရး၀၀ ချိန်ထိရေယာဉ် ဝင်/ထွက်မှုများညပိုင်း လုပ်ငန်းလုပ်ကိုင်မှုနဲ့ လူသွား/ လာမှု များခေတ္တရပ်ဆိုင်းထားကြောင်း၊ဒါပေမယ့် ကျန်အချိန်များမှာ ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများနဲ့ အခြားလုပ်ငန်းလုပ်ကိုင်ခွင့် များ ပိတ်ပင်ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိ ရာ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ မေလတွင် သွင်းကုန် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းလျာ ထားတဲ့အနက် အမှန် တင် သွင်းဆောင်ရွက်နိုင်မှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၅၉၃ သန်း ဆောင်ရွက်နိုင် ခဲ့သဖြင့်လျာထားချက် များအနက် ၉၄ ဒသမ ၅၅ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ကြောင်းသိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိမောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက် ထိုင်းနိုင်ငံသို့မေလအတွင်းမှာ အုန်းသီး၊ ကဏန်းနဲ့ ကဏန်းချီး၊ဝါးခြမ်းများ ကန် ဒေါ်လာသုညဒသမ ၂၇၈သန်းကျော်ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ ထက် ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းနဲ့ ယမန်နှစ်ကာလတူထက် ကန် ဒေါ်လာ သုည ဒသမ ၂၂၀ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ တယ် လို့သိရပါတယ်။ ကုန်သွယ်မှုပမာဏအားဖြင့်လည်း အနီး စပ်ဆုံးကာလထက်ရော ယမန်နှစ် ကာလတူထက်ပါ ပိုမိုဆောင်ရွက်နိုင် ခဲ့ပါတယ်။သွင်းကုန်ပိုင်းမှာတော့ အနီးစပ်ဆုံးကာလထက်လျော့နည်းခဲ့သော်လည်း ကာလတူထက်ပိုမိုခဲ့ပါတယ်။
၂၀၁၄ မေလ ၂၅ ရက်မှ မေလ ၃၁ ရက်သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ငါးသောင်း တစ်ထောင်ကျော် ရှိခဲ့တယ် လို့သိရပါတယ်။ဒီတစ်ပတ်မှာဘိလပ်မြေတန်ချိန်လေးသောင်းငါးထောင်ကျော် အဝင်လျော့ခဲ့တယ် လို့သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့ပြီး ယခင် တစ်ပတ်အဝင်မှာတန်ချိန် တစ်သောင်း နှစ်ထောင်ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်း သုံးထောင်ကျော်အ ဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ် ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပေမဲ့ နယ်စပ် လမ်းမှ ဘိလပ်မြေ အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ
ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ဈေးနည်းနည်းမြင့်လာတာက ဆင်မင်း (ကျောက် ဆည်)တစ်မျိုးသာ တစ်ရာဝန်းကျင်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ေ ဈးမှာ အေသုံးလုံးဘိလပ်မြေ ၄၉၀၀ ကျပ်၊ မြန်မာဆင် ၄၇၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ၄၇၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေ ၄၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ ဆင် (ထိုင်း) ၆၉၀၀ ကျပ်၊စိန်(ထိုင်း) ၆၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊၂၈-၂၉ ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
ပခုက္ကူစားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီအဝင်တွေကို လေ့လာကြည့်ရင် မတ်လကုန်၊ ဧပြီလဆန်းမှာ ဖြိုင်ဖြိုင်ပေါ် တာဆိုေ တာ့ ဧပြီလကစလို့တွက်ကြည့်ရင် ပေါက်မြို့နယ်မှ ပခုက္ကူမြို့ပေါ်အဝင် ဧပြီလမှာ ၃၄၁၀၀၀ ပိဿာ (တန်ချိန် ၅၅၇ တန်) ၊မေလ မှာ၆၇၂၀၀၀ ပိဿာ (တန်ချိန် ၁၀၉၈ တန်)၊ ဇွန်လ ၄ ရက်နေ့ထိ ၁၁၅၀၀၀ ပိဿာ (တန်ချိန် ၁၈၈ တန်) အဝင်ရှိနေတာဆိုတော့ ဧပြီလ ၊ မေလ၊ ဇွန်လ ၄ ၇က်နေ့အထိ အဝင်ပိဿာချိန်စုစုပေါင်း ၁၁၂၈၀၀ ပိဿာ (တန်ချိန် ၁၈၄၃ တန်) အဝင်ရှိတယ်လို့ သုံးသပ်ရမှာပါ။
ရှမ်းနနွင်းလည်းအရောင်းအဝယ်သွက်နေပါတယ်။ မေလကစပြီး ယခင်အပတ်အထိ နနွင်းပိဿာချိန်တစ်သိန်း လေးထောင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အခုလော လောဆယ်တော့အဝင်ကလည်းနည်းသွားပါတယ်။ ဝယ်လက် မရှိတုန်းက ဝယ်လက် ကိုစောင့်နေရပြီးဝယ်လက်လည်းရှိရောပစ္စည်းကမရှိဘူးဖြစ်နေပါတယ်။ရန်ကုန်ဝယ်လက်နဲ့စစ်တွေဝယ်လက်တွေကတော့ ပြည်ပ တင်ပို့ဖို့ အတွက် ဝယ်ယူနေတုန်း ပါပဲ။
သီတင်းတစ်ပတ်ဖြစ်တဲ့ မေလ ၂၅ ရက်မှ ၃၁ ရက် သီတင်းပတ်အတွင်း နနွင်းတန်ချိန် ၁၃၂ ဒသမ ၈၆ တန်ကို ပင်လယ်ရေေ ကြာင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံကို ၃၀ ဒသမ ၈၇ တန်၊ စင်ကာပူ နိုင်ငံကို ၃၁ ဒသမ ၉၉ တန်နဲ့ အိန္ဒိယနိုင်ငံကို ၇၀ တန်တင်ပို့ ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို အများဆုံး တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ နနွင်းတန်ချိန် လေးရာတင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ နနွင်း တင်ပို့မှုကြောင့် ကန် ဒေါ်လာငါးသောင်းခြောက်ထောင်ကျော်ဝင်ငွေရရှိခဲ့ တယ် လို့ သိရပါတယ်။
ဂျပန်ဗဟိုဘဏ်ရဲ့ အာရုံစိုက်မှုက စီးပွားရေးဖွံ့ဖြိုးမှုအတွက်အထောက်အပံ့ပေးရေးကနေစီးပွားရေးလှုံ့ဆော်တွန်း အားပေးအစီအစဉ်ကို တစစလျှော့ချ သွားမဲ့ ပထမခြေလှမ်းစီစဉ်လာကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ဂျပန်ဗဟိုဘဏ်က ၁၃ လကြာ ဆောင်ရွက်ခဲ့တဲ့ လှည့်လည်ငွေကြေးတိုး ပွားရေး အစီအစဉ်ကနေ ရုန်းထွက်ဖို့ အတွက်ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုတွေရှိနေကြောင်း အပြည် ပြည် ဆိုင် ရာဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ လက်ရှိနဲ့ လက်ဟောင်းဘဏ်လုပ်ငန်း ရှင်တွေက ပြောပါတယ်။
ပြီးခဲ့သည့်မေလ ၃၀ရက်နေ့နံနက် ပိုင်းက တရုတ်နိုင်ငံအနောက်တောင် ပိုင်းတွင် အင်အားရစ်ချ်တာစကေး ၅ ဒသမ ၉အဆင့်ရှိအင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၂၉ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့ သည်။ထို့အတူ မြန်မာနိုင်ငံတွင်လည်း ထိုနေ့နံနက် ၇နာရီ ၅၁မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၏အရှေ့တောင်ဖက် ၆၁ ကီလိုမီတာအကွာကိုဗဟိုပြု၍ အင် အားရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားေ ကြာင်း မြန်မာနိုင်ငံ မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မြေငလျင်တိုင်းတာရေးစခန်းမှ ထုတ်ပြန်ကြေညာ ခဲ့ သည်။
