ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၃၉၉ တန်ကျော်ဝင်
ဇွန်လ ၂၁ ရက်မှ ၂၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၃၃၈၇၇၃၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၈ ဒသမ ၆၉၂ တန်နဲ့ ကန်ဒေါ်လာ ၁၃၆၆၅၁၄၆ တန်ဖိုးရှိ ဒီဇယ် ၂၀၀ ဒသမ ၃၉၂ တန် ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ တင် သွင်းရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၂၇၃ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၇၅ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ် ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၇၄၄ ကျော် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၅၄၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်၃ ရက် နေ့အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ
