ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်အဝင်တော်တော်လေးလျော့နည်း
ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်အဝင်တော်တော်လေးလျော့နည်း
ဇွန်လ ၇ ရက်မှ ၁၃ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၁၆၄၄၈ တန်ဖိုး ရှိ ဓာတ်ဆီ ၃ ဒသမ ၅၂ တန် နဲ့ကန်ဒေါ်လာ ၂၂၁၈၉၇၄ တန်ဖိုးရှိ ဒီဇယ် ၃၀ ဒသမ ၃၇၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းရန် သွင်းကုန်လိုင် စင်လျှောက်ထားခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ၂၁၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန် ချိန်၂၀၀ ကျော် အဝင်လျော့ခဲ့တယ် လို့ သိရပါတယ်။ ဒီဇယ်ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၁၄၀ ကျော်ဝင်လာ ခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ၁၁၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဒီဇယ်ရောဓါတ်ဆီ ပါ အဝင်လျော့ခဲ့ပါတယ်။



