ဇွန်လ ဒုတိယပတ် ကုန်သွယ်မှုပိုငွေပြ
ယခုဘဏ္ဍာနှစ် ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိ ရက်သတ္တပတ်မှာ ပို့ကုန် ကန်ဒေါ်လာ ၄၀၃ ဒသမ ၇၅၈ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၂၈၁ ဒသမ ၇၀၃ သန်းရှိသဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၆၈၅ ဒသမ ၅၄ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သဘာ၀ ဓာတ်ငွေ့တင်ပို့မှု ပိုမိုသဖြင့် ကုန်သွယ်မှု ပိုငွေရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ဒေါ်လာဈေးမြင့်တက်သွားတဲ့အတွက် သွင်းကုန်တင်သွင်းမှုပိုင်းမှာအနည်းငယ် ရပ်တန့်ခဲ့တာကြောင့် ကုန်သွယ်မှုပိုငွေ ပြခဲ့တာဖြစ်ပါတယ်။ဘဏ္ဍာနှစ်အစမှ ဇွန်လ ၁၂ ရက်အထိ ကုန်သွယ်မှု အခြေ အနေကတော့ ကုန်သွယ်မှုလိုငွေ ကန် ဒေါ်လာ ၁၀၃၃ ဒသမ ၅၄၇ သန်းရှိ တယ်လို့သိရပါတယ်။ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရာမှာလည်း ကုန်သွယ်မှု လိုငွေ ကန်ဒေ



