မြန်မာ့သရက်သီးပွဲတော်မှသည် ပြည်တွင်းပြည်ပဈေးကွက်ချဲ့ထွင်ရေးသို့
မြန်မာ့သစ်သီးဝလံများ ပြင်ပတင်ပို့မှုမှုကို လေ့လာရာမှာ သရက်သီး၊ ဖရဲသီးနှင့် သခွားမွှေးတို့က အများဆုံး တင်ပို့နိုင်တဲ့ အမယ် တွေဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာတယ်လို့ သိရပါတယ်။ ဒီအမယ် သုံးမျိုးထဲက သရက်သီးတစ်မျိုးတည်းရဲ့ တင်ပို့နိုင်မှုဟာ ယခင်ဘဏ္ဍာနှစ်တွေမှာ အမေရိကန် ဒေါ်လာ ဆယ် သန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၁၃ သန်း အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့တယ်လို့သိရပါ တယ်။ ပို့ကုန်အတွက် အလားအလာကောင်းများရှိနေတဲ့ မြန်မာ့ ထွက်ကုန်သရက်သီးကို အရည်အသွေးမြှင့်တင်ရန် ပြည်တွင်း/ပြည်ပဈေးကွက်တိုးချဲ့ရန်၊ သရက်စိုက် တောင်သူ များအားနည်းပညာ နဲ့ ဈေးကွက်သတင်းအ

