ပြည်ခရိုင် စားသောက်ကုန် ဈေးနှုန်းဈေးကွက်
ပြည်ဈေးကွက်၏ ကြက်သွန်နီဈေးကွက်အနေဖြင့် အရောင်းအဝယ် ကောင်းလျက်ရှိနေပြီး ဖေဖော်ဝါရီလအတွင်း တောင်တွင်း၊ အောင်လံ၊ သရက်စသည့် နယ်ဘက်မှ ကြက်သွန်နီများ ပိုမိုဝင်လာ ကြောင်းသိရသည်။
ပြည်ဈေးကွက်သို့ ၂၈ ပိဿာဆံ့ အိတ် ၅၀ဝ ခန့် ပိဿာချိန်အား ဖြင့် ပိဿာ ၁၄၀ဝ၀ နေ့စဉ်ပုံမှန် အဝင်ရှိနေပြီး အရောင်းအဝယ်အားဖြင့် ပုံမှန်ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲ ဝယ်ရောင်းသမားများအပြင် ရန်ကုန်နှင့် သာယာဝတီခရိုင် မင်းလှမြို့ နယ်ဘက်ခြမ်းမှ အဝယ်များပြီး ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဘက်ခြမ်းတွင် အရောင်းအဝယ် အနည်း ငယ် လျော့နည်းသွားကြောင်း သိရသည်။
