အိန္ဒိယ ဒစ်ဂျစ်တယ်စီးပွားရေးအနာဂတ်အတွက် အနုပညာတီထွင်ဖန်တီးမှုကို ဦးစားပေးဆောင်ရွက်မည်
အိန္ဒိယဒစ်ဂျစ်တယ် စီးပွားရေးရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အွန်လိုင်းမှဆက်သွယ်မှု လွယ်ကူ ရေး၊ ဆက်သွယ်မှု ကုန်ကျစရိတ်သက်သာရေး၊ အရည် အသွေးပြည့် အနုပညာဖန်တီးမှု ပေါ်ပေါက်ရေးနဲ့ အွန်လိုင်းမှမီဒီ ယာ တင်ဆက်မှုများရဲ့ ပိုင်ဆိုင်ခွင့် များကို အကာအကွယ်ပေးရေးတို့က အဓိက မောင်း နှင်အားဖြစ်လိမ့်မယ်လို့ အိန္ဒိယကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FICCI) က မကြာ သေးမီက ဆောင်ရွက်ခဲ့ တဲ့ နှီးနှော ဖလှယ်ပွဲမှာ အိန္ဒိယ ရုပ်ရှင်လုပ်ငန်းနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းမှ အကြီးတန်း အမှုဆောင်များကပြောကြောင်း တယ် လီဗီးရှင်းပို့စ်သတင်းမှာ ဖော်ပြပါတယ်။